ylliX - Online Advertising Network

သီတင်းကျွတ်လပြည့်ည နောင်ချိုမြို့ပေါ် စစ်ကောင်စီ လေကြောင်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက် – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ပေါ်သို့ သီတင်းကျွတ်လပြည့်ညတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၇‌ ရက်) ည ၁၀ နာရီခန့်မှ စတင်ပြီး ယနေ့ (အောက်တိုဘာ ၁၈ ရက်) နံနက် ၁ နာရီကျော် အချိန်ထိ စစ်ကောင်စီတပ်က တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ် လူနေရပ်ကွက်များအတွင်း လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း နောင်ချိုမြို့ ဒေသခံများက ပြောသည်။ နောင်ချို ဗုံးကြဲခံရ “မနေ့က TNLA တွေက သီတင်းကျွတ်ညဆိုတော့ ပွဲတွေလုပ်နေကြတာနေမှာ၊ ၁၀ နာရီထိုးခါနီး ဗုံးမကြဲခင်ထိတော့ သီချင်းသံတွေ ဆူညံနေသေးတယ်။ ၁၀ နာရီလောက်မှာ […]

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ ဒေသဆိုင်ရာတင်းမာမှုတွေကိုလျှော့ချ

 https://www.youtube.com/watch?v=0NRsotfOkvM ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစိုးရအဖွဲ့ခေါင်းဆောင်များ အစည်းအဝေး ပါကစ္စတန်တွင်ကျင်းပခဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ ဒေသဆိုင်ရာတင်းမာမှုတွေကို လျှော့ချပေးတဲ့ ပလက်ဖောင်းတစ်ခု အဖြစ်သာမကဘဲ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတွေကိုပါ တိုးမြှင့်ပေးနေတယ်လို့ နိုင်ငံတကာလေ့လာရေး ပညာရှင်တွေကပြောကြားလိုက်ပါတယ်။#World_NewsPublished 18 October 2024#ပါကစ္စတန် #နိုင်ငံတကာလေ့လာရေး #YMG #Yangon_Times #Yangon_Media_Group Source link

တရုတ်ကိုယ်စားလှယ်က KIO ဥက္ကဋ္ဌကိုတွေ့ဆုံပြီး စစ်ပွဲရပ်ရန်ဖိအားပေး  – Myanmar Now

တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့က ကချင်တော်လှန်ရေးတပ်ဖွဲ့  KIO/KIA ခေါင်းဆောင်ပိုင်းကို ယမန်နေ့(အောက်တိုဘာ ၁၇) ရက်နေ့က တွေ့ဆုံစဥ် စစ်ကောင်စီကို ဆက်လက် ဆန့်ကျင်တိုက်ခိုက်မှု မပြုရန်   ပြောကြားခဲ့ကြောင်း သိရှိရသည်။  တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းခေါင်းဆောင်သည့် သံတမန်များသည် KIO/KIA ယာယီဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့်  ယူနန်ပြည်နယ် ယင်ကျန်းမြို့တွင် တွေ့ဆုံခဲ့ပြီး တရုတ်အစိုးရ၏ သဘောထားကိုပြောကြားခဲ့ခြင်းဖြစ်ကြောင်း Myanmar Now ၏ သတင်းရင်းမြစ်တို့က ဆိုသည်။ ယင်ကျန်းမြို.သည် KIO/KIA ဌာနာချုပ်တည်ရှိရာ လိုင်ဇာမြို့နယ်နှင့်  နယ်မြေထိစပ်နေသည််။ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း(ဓာတ်ပုံ- Xinhua) ထိုးစစ်ဆင်နေမှုကို ရပ်တန့်ရန် တရုတ်ဘက်ကတောင်းဆိုသော်လည်း KIA က လက်ခံခဲ့ခြင်းမရှိဟု သိရှိရသည်။ နှစ်ဘက်တွေ့ဆုံနေစဥ်ပင်  ကချင်ပြည်နယ်အတွင်း တရုတ်မြန်မာနယ်စပ်မြို့များဖြစ်သည့်ပန်ဝါနှင့် ချီဖွယ်မြို့များရှိ စစ်ကောင်စီစခန်းများကို KIA က အရှိန်မပြတ််ထိုးစစ်ဆင်နေခဲ့သည်။  […]

တိုက်ပွဲဖြစ်ပွားနေသည့် ပန်ဝါမြို့အနီးတစ်ဝိုက်တွင် ဒေသခံများ တိမ်ရှောင်မရဘဲ ပိတ်မိနေ – THE 74 MEDIA

ပန်ဝါမြို့နှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းနှင့် ပစ်ခတ်သံများကြောင့် ဒေသခံပြည်သူများက အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်လိုသော်လည်း လမ်းများပိတ်နေကြောင်း သိရသည်။ ပြည်သူများက ယမန်နေ့ညနေပိုင်းမှစတင်ကာ တရုတ်နယ်စပ်ဂိတ်အနီး သွားရောက်ခိုလှုံနေကြရပြီး တရုတ်ရဲများက ကြိုးတန်းကာ လုံခြုံရေးတင်းကြပ်ထားပြီး တစ်ဖက်တွင်လည်း KIA ပူးပေါင်းတပ်က ချီဖွေ – ပန်ဝါလမ်းကို ပိတ်ထားသဖြင့် ပိတ်မိနေကြခြင်းဖြစ်ကြောင်း သိရသည်။ Post navigation Source link

မင်းကွန်းတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော ရဲ ၃ ဦး ပစ်သတ်ခံရ – Myanmar Now

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် စစ်ကောင်စီလက်နက်ကိုင်များ အောက်တိုဘာ ၁၆ ရက်နေ့က ပစ်ခတ်ခံရပြီး ဒုရဲအုပ်များအပါအဝင် ရဲ ၃ ဦး သေဆုံး၊  စစ်သား ၁ ဦး ဒဏ်ရာရသွားသည်ဟု စုံစမ်းသိရှိရသည်။ ယင်းနေ့ နံနက်က မန္တလေးမြို့နှင့် ဧရာဝတီမြစ်တစ်ခုသာခြားသည့် စစ်ကိုင်းမြို့နယ်၊ မင်းကွန်း(တောင်)ရွာ၊ နောင်တော်ကြီးဘုရားအနီး ဆိုင်တွင်  စစ်ကောင်စီလက်နက်ကိုင် ၁၄ ဦးခန့် ရောက်ရှိနေစဉ် တော်လှန်ရေးအဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့ကြသည်။ ဒုရဲအုပ်သက်နိုင်ဌေး၊ ဒုရဲအုပ်ရဲဝင်းထွန်း၊ ဒုတပ်ကြပ်(ရဲ) ဇော်မင်းနိုင်တို့ ပွဲချင်းပြီး သေဆုံးသည်ဟု မင်းကွန်းဒေသခံများက ပြောကြသည်။ “ဖြစ်စဉ်က မှန်တယ်။ ဘယ်အဖွဲ့ကပစ်တာလည်းတော့ မသိဘူး။ ရဲ ၃ ယောက် သေတယ်။ စစ်သား ၁ ဦး ထိတယ်။ သေနတ်နှစ်လက်ရသွားတယ်လို့ပြောတယ်”ဟု ဒေသခံတစ်ဦးက […]

ကံပိုင်တည် နယ်ခြားစောင့်တပ်ကိုဖယ်ရှားရန် KIA အပြင်းအထန်ထိုးစစ်ဆင်နေ – Myanmar Now

ကချင်ပြည်နယ် မြန်မာ-တရုတ်နယ်စပ်မှ စစ်ကောင်စီသစ္စာခံ ဦးဇခုန်တိန့်ယိန်း ခေါင်းဆောင်သော နယ်ခြားစောင့်တပ် ထိန်းချုပ်ထားသည့်  ပန်ဝါနှင့် ကန်ပိုင်တည်မြို့များကို ပိတ်ဆို့ ထိုးစစ်ဆင်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  က ယမန်နေ့(အောက်တိုဘာ ၁၇)တွင် ပြောသည်။   နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ကန်ပိုင်တည်မြို့အတွင်း  တိုက်ပွဲ ပြင်းထန်နေသည်ဟု KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။ စစ်တပ်က ကချင်အထူးဒေသ(၁) ဟု သတ်မှတ်ခဲ့သည့် ထိုနယ်မြေများထဲမှ  တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ပန်ဝါဒေသ၊ လုပြည်ကျေးရွာအနီးရှိ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ် ဌာနချုပ်ကို အောက်တိုဘာ ၁၅ တွင် KIA သိမ်းပိုက်ပြီးနောက် ထိုးစစ်ကိုအရှိန်မြှင့်နေခြင်းဖြစ်သည်။ တိုက်ပွဲများမှာ ဆဒုံး-ကန်ပိုင်တည်အကြားရှိ ဝေါ့ချုံး ၊ စင်ကြိုင်( ရှန်ကျိုင် ) ရွာများအနီး၌ […]

လီဒိုလမ်းမပေါ်က ဒေသခံတွေ လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အတွက် အစားသောက်ပိုကြပ်တည်းလာနိုင် – Kachin News Group (KNG)

တနိုင်း– လီဒိုလမ်းမပေါ်  ဒေသခံပြည်သူတွေဟာ စစ်ရေးခြေအနေကြောင့် လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အတွက် ဒေသအတွင်း အစားအသောက် ပိုမိုကြပ်တည်းလာနိုင်တယ်လို့ ဒေသခံတွေပြောပါတယ်။ လယ်ယာလုပ်ငန်းနဲ့အဓိကဝမ်းကျောင်းပြုနေကြတဲ့ နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ်စတဲ့ ကျေးရွာနေပြည်သူတွေဟာ လက်ရှိဖြစ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ဒေသအတွင်းမတည်မငြိမ်ဖြစ်ပြီး လယ်ယာလုပ်ကိုင်ဖို့ ခက်ခဲသွားတဲ့အခြေအနေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ မြို့နယ်တစ်ချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်လိုက်ပြီးနောက် တနိုင်းလီဒိုလမ်းမဘက်ကိုလည်း တိုက်ပွဲစတင်လာနိုင်တဲ့အကြောင်း သတင်းတွေထွက်ပေါ်ခဲ့တာပါ။ ဒါကြောင့် ဝါရာဇွပ်ကျေးရွာအပါ ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ စတဲ့ ကျေးရွာနေရာပြည်သူတွေ မိုးကောင်၊ နမ္မတီး ဘက်ကို ကြိုတင်တိမ်းရှောင်နေကြသလို ဒေသခံတစ်ချို့ တိမ်းရှောင်နေရာတွေလုပ်ပြီး အဆင်သင့်ပြင်ဆင်နေပြီး နေနေရတယ်လို့သိရပါတယ်။  ဒါကြောင့် လီဒိုလမ်းမပေါ်မှာရှိတဲ့ ဒေသခံတောင်သူတွေဟာ နှစ်စဉ်လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာလုပ်ငန်းတွေ ရပ်နားလိုက်ရတဲ့အထိ အခက်အခဲကြုံတွေ့ခဲ့တယ်လို့ ဝါရာဇွပ်ဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “မနှစ်တုန်းကတော့ တိုက်ပွဲဖြစ်တာတွေရှိပေမယ့် လယ်ယာလုပ်ငန်းတွေက လုပ်ကိုင်နိုင်ကြတယ်လို့ ပြောလို့ရမယ်။ ဒီနှစ်မှာတော့ တိုက်ပွဲတွေဖြစ်လာတော့မယ်ဆိုပြီး စစ်ရှောင်စခန်းတွေ လုပ်ရမယ် စသဖြင့် သတင်းတွေ ထွက်ပေါ်ခဲ့တော့ အားလုံးက စိုးရိမ်ပြီးမှပဲ နေကြတော့တယ်။ အဲ့လိုပဲ လယ်ယာလုပ်ကိုင်တဲ့ သူတွေကလည်း ဖြစ်လာမလား ဆိုပြီး တစ်ချို့က တန်းလန်း မစိုက်နိုင်ပဲ ရပ်နားလိုက်တဲ့ သူတွေရှိတယ်။ တစ်ချို့ဖြစ်သလို စိုက်လိုက်ရတဲ့ သူတွေရှိကြတယ်။ အရင်နှစ်တွေလို သေသေချာချာ မလုပ်ရဘူး”လို့ပြောပါတယ်။ နောင်မီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ် ကျေးရွာတွေမှာ နှစ်စဉ်လယ်စပါးကို ဧကသိန်းချီစိုက်ပျိုးနိုင်တဲ့နေရာဖြစ်ပြီး ဧကရာချီစိုက်ပျိုးတဲ့ တောင်သူတွေက ဒီနှစ်မှာ ဧက ၂၀ နဲ့ ၃၀ ကြားသာ စိုက်ပျိုးနိုင်ပြီး တစ်ချို့တောင်သူတွေက ဧက ၅ ဧကလောက်သာ စိုက်ပျိုးနိုင်ကြတယ်လို့ပြောပါတယ်။ ခုလို ဒေသခံတောင်သူတွေ လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အကြောင်းအရင်းတွေဟာ စစ်ရေးအပြင် ကားလမ်းပျက်စီးပြီးကုန်ပစ္စည်းနဲ့ စက်သုံးဆီတင်ကား သွားလာဖို့ အခက်အခဲတဲ့ ပြဿနာလည်းပါဝင်တယ်လို့ ဒေသခံတွေပြောပါတယ်။ ကချင်ပြည်နယ်တစ်ခုလုံး ပြီးခဲ့တဲ့ ဇူလိုင်လမှာ ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် တနိုင်းသွားလမ်း နောင်းမီနဲ့ ဝါရာဇွပ် ကားလမ်းပိုင်းမှာ နှစ်လဝန်းကျင်အထိ ကုန်ကားသွားလာဖို့ ၆ နေရာလောက်မှာ လမ်းပိုင်းပျက်စီးသွားတာဖြစ်ပါတယ်။ ကားလမ်းပိုင်းပျက်စီးနေတဲ့ နေရာတွေမှာ ထွန်စက်အကြီးတွေနဲ့ အခကြေးငွေပေးပြီးဆွဲထူကာ သွားလာနေရတာကြောင့် စက်သုံးဆီနဲ့ ကုန်ပစ္စည်းစျေးနှုန်းလည်း အဆမတန်မြင့်တက်သွားတာဖြစ်ပါတယ်။ တစ်ဖက်မှာ ဒေသခံပြည်သူတွေ ကုန်စျေးနှုန်းမြင့်တက်ဒဏ်ကြုံတွေ့နေရကြားထဲ လယ်ယာလုပ်ငန်းမှာ စက်သုံးဆီအသုံးပြုဖို့အထိ ငွေကြေးမတတ်နိုင်တာကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူနည်းပါးသွားတယ်လို့ ဒေသခံတောင်သူတွေပြောပါတယ်။ အခုလို လယ်ယာလုပ်ငန်း လုပ်ကိုင်သူ နည်းပါးသွားတဲ့အတွက် ဒေသအတွင်း လာမယ့်နှစ်တွေမှာ အစားအသောက် အခက်အခဲတွေ ပိုမိုကြပ်တည်းလာနိုင်တယ်လို့ ဝါရာဇွပ်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ “ဒီအခြေအနေမှာ ကျနော်တို့ ဒေသခံတွေက ပိုပြီး ခက်ခဲလာနိုင်ပါတယ်။ ငွေကြေးတတ်နိုင်ပြီး လုပ်နိုင်တဲ့ သူတွေလည်း အရင်းအနှီးအများကြီးထည့်ထားပြီဖြစ်တဲ့အတွက် ဆန်စျေးနှုန်းတွေက ဒီထက်ပိုပြီးတက်လာဖို့ပဲရှိတယ်။ တစ်ချို့ကလည်း တတ်နိုင်သလောက် လုပ်ထားတယ်ဆိုပေမယ့်လည်း နိုင်ငံရေးအခြေအနေကြောင့် သေချာလေးဂရုမစိုက်နိုင်တဲ့အတွက် ထင်သလောက်ထွက်မှာမဟုတ်ဘူ”လို့ပြောပါတယ်။ ဝါရာဇွပ်ကျေးရွာ အုပ်စု၊ ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲငြိမ်သက်သွားတာ တစ်နှစ်ကျော် ကြာမြင့်သွားပြီဖြစ်ပေမယ့် ဒေသအတွင်း စစ်ရေးမတည်ငြိမ်မှုတွေကြောင့် လယ်ယာလုပ်ငန်းအပြင် တစ်ခြားလုပ်ငန်းသွားလာလုပ်ကိုင်ဖို့လည်း ခက်ခဲနေကြတာဖြစ်ပါတယ်။ အခုလို အခြေအနေကြောင့် လီဒိုလမ်းမပေါ်မှာရှိကြတဲ့ ကျေးရွာတစ်ချို့ လာမယ့် ရာသီကောက်သစ်စားပွဲ၊ ခရစ္စမတ်ပွဲတွေကို ပြုလုပ်နိုင်ဖို့ အလားအလာမရှိဘူးလို့လည်း ပြောဆိုနေကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်) The post လီဒိုလမ်းမပေါ်က ဒေသခံတွေ လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အတွက် အစားသောက်ပိုကြပ်တည်းလာနိုင် appeared first on Kachin News Group (KNG). Source link

စစ်တပ်က မတရားဖမ်းဆီး၊ ထောင်ချထားသည့် ရှေ့နေဒေါ်ရွက်နုအောင် နိုင်ငံတကာလူ့အခွင့်အရေးဆု ချီးမြှင့်ခံရ – Myanmar Now

မန္တလေးမြို့မှ နာမည်ကျော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို အီတလီနိုင်ငံအခြေစိုက် Institut des droits de l’homme des avocats europĂŠens (IDHAE) အဖွဲ့က ၂၀၂၄ခုနှစ်အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု ‘Ludovic Trarieux’ ကို ချီးမြှင့်လိုက်သည်။ ဒေါ်ရွက်နုအောင်သည် နိုင်ငံရေးအကျဉ်းသားများ၏ တရားမျှတမှုဆိုင်ရာ အခွင့်အရေးရရှိရန် ကြိုးပမ်းခဲ့သလို၊ လွတ်လပ်သည့် တရားစီရင်ရေး ပေါ်ထွန်းစေရန် ကြိုးပမ်းမှုကြောင့် ချီးကျုးဂုဏ်ပြုသည့်အနေဖြင့် ဆုပေးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု IDHAE အဖွဲ့က ပြောသည်။ ဆုပေးပွဲအခမ်းအနားကို အီတလီနိုင်ငံ၊ ရောမမြို့တွင် ကျင်းပနေသည့် IDHAE ၏ ညီလာခံ နောက်ဆုံးနေ့(ယနေ့)တွင် ချီးမြှင့်မည်ဖြစ်သည်။ မန္တလေးအိုးဘိုထောင်တွင် အကျဉ်းကျခံနေရသည့် ဒေါ်ရွက်နုအောင် ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆုတက်ယူမည် ဖြစ်သည်။ […]

ဧရာဝတီတိုင်းမှာ မိုးစပါး စထွက်၊ တင်း ၁၀၀ ကို ၁၇ သိန်းဈေးသာရလို့ တောင်သူတွေ အရှုံးပေါ်

မြန်မာပြည်ရဲ့ ဆန်အိုးကြီး ဧရာဝတီတိုင်း၊ ဒေသတချို့မှာ ဒီနှစ် ၂၀၂၄ အတွက် မိုးစပါးတွေ စတင်ထွက်ရှိလာနေပြီး တချို့ဒေသတွေမှာတော့ ရိတ်သိမ်းနေဆဲဖြစ်တယ်လို့ တောင်သူလယ်သမားတွေဆီကနေ သိရပါတယ်။   ဒီနှစ် အောက်တိုဘာလဆန်းပိုင်းကစပြီး ဆန်ကြမ်းအနွယ်ဝင်စပါးအမျိုးအစားတွေဖြစ်တဲ့ ဆင်းသုခ၊ အလဲဗင်း၊ ထွန်းပု၊ ကရင်မ၊ ရက်ကိုးဆယ် စတဲ့ စပါးအမျိုးအစားတွေ စတင်ရိတ်သိမ်းနေတာ ဖြစ်တယ်လို့ ၎င်းတို့က ပြောပါတယ်။   ရေကြီးနစ်မြုပ်မှုနဲ့ ပိုးကျတာတွေကြောင့် ဒီနှစ် စပါးအထွက်နှုန်း ကျဆင်းနိုင်တယ်လို့ လယ်သမားတွေက ဆိုပါတယ်။   “အခုမှစရိတ်တုန်းဆိုတော့ ဘယ်လောက်အထွက်နည်းတယ်ဆိုတာတော့ မပြောတတ်သေးဘူး။ ရေမြုပ်တာတွေ၊ လယ်ပျက်စီးတာတွေတော့ရှိတယ်။ စပါးအထွက်နည်းမယ်လို့တော့ထင်ပါတယ်” လို့ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့မှ အသက် ၃၅ နှစ်ဝန်းကျင်ရှိ လယ်သမားတစ်ဦးက CJ Platform ကို ပြောပါတယ်။ ဒါ့အပြင် […]

ပလက်ဝတွင် CDF ထောက်ပံ့သံသယဖြင့် ဒေသခံ ၅ ဦး အဖမ်းခံရ  – Myanmar Now

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အရပ်သား အမျိုးသား ၅ ဦးကို အာရက္ခတပ်တော် (AA ) က ဖမ်းဆီး သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေကြောင်း ဒေသခံများထံက သိရသည်။  ဆမီးမြို့၊ ဝက်မကျေးရွာမှ  အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံများဖြစ်သည့် ဦးအေး လွင်၊ ဦးကြာလုံး၊  ဦးဝင်းကြည်၊ ဦးကြာဝှက်၊ ဦးမန်းနှေးတို့သည် ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တစ်ခုကို ထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် အောက်တိုဘာ ၁၄ ရက်နေ့တွင် ဖမ်းဆီးခံရကြောင်း၊ မည်သည့်နေရာတွင် ချုပ်နှောင်ခံနေရသည်ကို မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။  ဇန်နဝါရီလဆန်းကတည်းက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် သုံးပွင့်ဆိုင် နယ်နိမိတ်ထိစပ်နေသည့်၊ ကုလားတန်မြစ် ဖြတ်သန်းစီးဆင်းနေပြီး အချက်အချာကျသည့် ပလက်ဝမြို့ကို AA က သိမ်းပိုက်ထိန်းချုပ် ထားသည်။   AA […]