ylliX - Online Advertising Network

မိုးနဲတွင် စစ်မှုထမ်းဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု အမိန့်ထုတ်၊ ထွက်ပြေးပါက ထိထိရောက်ရောက် အရေးယူခံရမည်ဟု ခြိမ်းခြောက် – သျှမ်းသံတော်ဆင့်

သျှမ်းပြည် မိုးနဲမြို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုမထမ်းဘဲ ထွက်ပြေးပါက ထိထိရောက်ရောက်အရေးယူခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးက ဒေသခံများကိုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။  အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများသည် ၂ နှစ် မဖြစ်မနေစစ်မှုထမ်းရမည်ဟု နိုဝင်ဘာလ ၂၀ ရက် က ပြုလုပ်သည့် အစည်းအဝေးအတွင်း အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သည်။  “အခုက လူငှားလည်း မယူရတော့ဘူး။ ကိုယ်တိုင် သွားရမယ်တဲ့။ လူစာရင်းတွေက ထွေအုပ်မှာ အကုန်ရှိပြီးသားမို့ ဘယ်သူကံကောင်းမလဲတော့ မသိတော့ဘူးဗျာ။ ထွက်ပြေးရင်လည်း ထိထိရောက်ရောက် အရေးယူမယ်လို့ ပြောထားတယ်။ ညဘက်အပြင်ထွက်လို့ ဖမ်းသွားရင်လည်း တာဝန်မယူဘူးလို့ ပြတ်ပြတ်သားသားပြောထားတယ်” ဟု […]

အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ ဟားမက်စ်ခေါင်းဆောင်တို့ကို ICC ဖမ်းဝရမ်းထုတ်

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ဟာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟု၊ အစ္စရေး ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဗ်ဂဲလန့်နဲ့ ဟားမက်စ်ခေါင်းဆောင် အီဗရာဟင်အယ်မာဆရီတို့ကို ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တို့အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာပဲ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။   ICC က တရားသူကြီးတွေက နေတန်ညာဟုနဲ့ ယိုအက်ဗ်ဂဲလန့်တို့ဟာ ဂါဇာက အရပ်သားပြည်သူတွေအပေါ် လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အစာအငတ်ထားတာတွေကို စစ်လက်နက်အဖြစ် အသုံးပြုခဲ့တယ်ဆိုတာ ယုံကြည်ဖို့အတွက် သင့်လျော်တဲ့ အကြောင်းရင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။   ဒါ့အပြင် ဂါဇာကမ်းမြောင်ဒေသမှာ အစားအစာ၊ ရေ၊ လျှပ်စစ်၊ လောင်စာဆီနဲ့ ဆေးဝါးပစ္စည်း အထောက်အပံ့တွေ ချို့တဲ့မှုကြောင့် ဂါဇာကမ်းမြောင် ဒေသက အရပ်သားတွေ ပျက်စီးဆုံးပါးသွားစေမယ့် အခြေအနေတွေကို […]

မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အရေအတွက် မြန်မာက ဆီးရီးယားကိုကျော်တက် – Western News

ကမ္ဘာ့နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူ အရေအတွက်မှာ ဆီးရီးယားနိုင်ငံကိုကျော်တက်ပြီး အများဆုံးနိုင်ငံဖြစ်လာကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ၏ စစ်တမ်းမှာ ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများထဲတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကြောင့် သေဆုံးသူနှင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်ရသည့် ဖြစ်စဉ်အများဆုံး ဖြစ်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း သိရသည်။ “မြေမြုပ်မိုင်းကြောင့် အသေအပျောက်အများဆုံး နိုင်ငံစာရင်းမှာတော့ မြန်မာပြီးရင် ဆီးရီးယား၊ ယူကရိန်းနဲ့ အာဖဂန်နစ္စတန်တို့ရပ်တည်နေတယ်” ဟု စစ်တမ်းတွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြေမြှုပ်မိုင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပြီး စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်မှာလည်း မြေမြုပ်မိုင်းများရှိလာကြောင်း ICBL စစ်တမ်းက ဆိုသည်။ မြန်မာနိုင်ငံမှာ ပြီးခဲ့သည့်နှစ်က […]

ထိုင်းမှာတားမြစ်ထားတဲ့ E-cigarettes လုပ်ငန်းခွင် စီးနင်းမှု မြန်မာအမျိုးသမီး ၂၀ကျော် အဖမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန်ဘောမြို့နယ်ထဲမှာ ထိုင်းနိုင်ငံက ကျန်းမာရေးအရ တားမြစ်ထားတဲ့ E-cigarettes အီးစီးကရက် ထုတ်လုပ်နေတဲ့လုပ်ငန်းခွင်တခုကို ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်စီးနင်းရာ မြန်မာအမျိုးသမီး ၂၀ကျော်ဖမ်းဆီးခံရပါတယ်။ ဖမ်းဆီးခံရတဲ့မြန်မာအမျိုးသမီး ၂၀ကျော်ထဲမှာ တဝက်လောက်က အလုပ်အကိုင်ခွင့်မရှိ အထောက်အထားမဲ့တွေဖြစ်တယ်လို့လည်း သိရပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန်ဘော မြို့နယ်ထဲမှာ ထိုင်းနိုင်ငံက ကျန်းမာရေးအရ တားမြစ်ထားတဲ့ E-cigarettes အီးစီးကရက်ထုတ်လုပ်နေတဲ့ လုပ်ငန်းခွင်တခုကို ဝင်ရောက်စီးနင်းရာ မြန်မာအမျိုးသမီးအလုပ်သမား ၂၀ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံက ၂၀၁၄ခုနှစ်ကစပြီး တားမြစ်ထားတဲ့ အီးစီးကရက်တွေကို ထုတ်လုပ်နေတာကို သတင်းရတာကြောင့် ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၁၈ရက်နေ့က ရှောင်တခင်ဖမ်းဆီးရင်း မြန်မာအမျိုးသမီးအလုပ်သမား ၂၀ကျော်ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက အခုလိုပြောပါတယ်။ “သူတို့က ဘန်ကောက်မြို့နယ်ထဲမှာရှိတဲ့ဘန်ဘောမြို့နယ်ထဲမှာ E-cigarettes […]

သမီးလေးကြောင့် ပရိသတ်က စူစူကို ကြိုက်နှစ်သက်လာကြလို့လည်း ပီတိဖြစ်ရတယ်ဆိုတဲ့ အိချောပို – Myanmar Transparency News

သမီးလေးကြောင့် ပရိသတ်က စူစူကို ကြိုက်နှစ်သက်လာကြလို့လည်း ပီတိဖြစ်ရတယ်ဆိုတဲ့ အိချောပို – Myanmar Transparency News Source link

မကွေးတိုင်းတွင် စစ်တပ်နှင့်တိုးသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး အသတ်ခံရ – Myanmar Now

မကွေးတိုင်းအတွင်း ခရီးသွားနေသည့်  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တချို့ ယခုလအတွင်း စစ်တပ်နှင့်ထိပ်တိုက်တွေ့ပြီး သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။  “ သရက်ခရိုင် တပ်ရင်း (၁) က ရဲဘော်တွေပဲ။ ၆ ယောက်မှာ တစ်ယောက်က အဖမ်းခံရ။ ၅ ယောက်က ကျဆုံးပေါ့ အဲ့လိုဖြစ်သွားတယ်” ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။  မြို့သစ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ထိတွေ့ပစ်ခတ်ကြစဉ် တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၁ ဦး ဖမ်းဆီးခံရသည်။   ထိုပစ်ခတ်မှုတွင် လွတ်မြောက်လာသူ ၄ ဦးမှာ ဆက်လက် ခရီးထွက်လာရာ နှစ်ပတ်အကြာ နိုဝင်ဘာ ၁၇ ရက်နေ့က မြို့သစ်မြို့မှ မိုင် ၂၀ကျော်ခန့်အကွာတွင် စစ်တပ်နှင့် ထပ်တွေ့ကြသည်ဟု ဆိုသည်။ တောင်တွင်းကြီးမြို့နယ်၊ […]

Pornography စွဲလန်းခြင်း ဆိုးပြစ်

ညစ်ညမ်းရုပ်ရှင် Pornography စွဲလန်းခြင်းကို ရပ်တန့်ချင်တယ်ဆိုရင် ၎င်းရဲ့ အန္တရာယ်ရှိတဲ့ သက်ရောက်မှုတွေကို ဦးစွာ နားလည်ဖို့ လိုပါတယ်။ ညစ်ညမ်းရုပ်ရှင်တွေကို နေ့စဉ် စွဲစွဲလန်းလန်း ကြည့်ရှုဖြစ်နေတယ်ဆိုရင်တော့ ရေရှည်မှာ ဆိုးရွားတဲ့ ဆိုးကျိုးသက်ရောက်မှုတွေ များစွာ ကြုံတွေ့ရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ညစ်ညမ်းရုပ်ရှင် စွဲလန်းခြင်းရဲ့ အန္တရာယ်ရှိတဲ့ဆိုးကျိုး သက်ရောက်မှုတွေ အကြောင်း ပြောပြပေးပါမယ်။ (၁) လက်တွေ့ဘဝနဲ့ ကွဲလွဲမှုတွေ များစွာကို ဖြစ်ပေါ်စေနိုင်တယ် Photo : Healthaid – Lemonaid Health ညစ်ညမ်းရုပ်ရှင်တွေဟာ ဖျော်ဖြေရေး သပ်သပ်ရိုက်ကူးထားတဲ့ ပြကွက်တွေကို တင်ဆက်ထားတာပါ။ ပြင်ပလက်တွေ့ဘဝထဲက လိင်မှုကိစ္စနဲ့ မတူကွဲလွဲတွေ အများကြီး ရှိနေပါတယ်။ လက်တွေ့မဆန်တဲ့ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်း ၊ ချဲ့ကားထားတဲ့ လိင်မှုပုံစံတွေနဲ့ ဆက်ဆံရေး အခြေအနေတွေကို […]

【速報】魚町Paychaキャンセル分の再抽選実施

皆様こんにちは。 本日朝突然メールが届いたのですが、先日申し込みを行なって見事落選をした魚町Paycha(ペイチャ)の再抽選があります! 再抽選対象は、前回行われた魚町Paycha再募集の落選者の中から自動で行われるとの […] 【速報】魚町Paychaキャンセル分の再抽選実施はうさマガ:SNSガジェット・暮らしの知恵マガジンで公開された投稿です。 Source link

ရုရှားကို ဗြိတိန်လုပ် Storm Shadow ခရုဇ်ဒုံးကျည်များဖြင့် ယူကရိန်းတိုက်ခိုက် – Western News

ယူကရိန်းသည် US ATACMS ဒုံးကျည်များကို အသုံးပြုပစ်ခတ်ပြီးနောက် တစ်ရက်အကြာတွင် ရုရှားပစ်မှတ်များကို နောက်ဆုံးပေါ် အနောက်တိုင်းလက်နက်အသစ်ဖြစ်သည့် ဗြိတိန်လုပ် Storm Shadow ခရုဇ်ဒုံးကျည်များဖြင့် ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက် ဗုဒ္ဓဟူးနေ့တွင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ယခုတိုက်ခိုက်မှုကို ရုရှားစစ်သတင်းထောက်များက Telegram မှာ ကျယ်ကျယ်ပြန့်ပြန့် အစီရင်ခံခဲ့ပြီး အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက အတည်ပြုထားကြောင်း သိရသည်။ ရုရှားပိုင်နက်ကို အနောက်နိုင်ငံ လက်နက်များသုံးပြီး တိုက်ခိုက်ခြင်းသည် ပဋိပက္ခကို ပိုကြီးမားလာမည်ဟု သုံးသပ်သူများက ပြောဆိုကြသည်။ ယူကရိန်းအရှေ့မြောက်ပိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော Kursk ဒေသတွင် ကြီးမားသော ပေါက်ကွဲသံ ၁၄ ခုထက်မနည်းကြားရပြီး အများစုမှာ ဒုံးကျည်ကဲ့သို့ စူးရှသော ဝီစီသံများနှင့်အတူ လူနေရပ်ကွက်တစ်ခုတွင် အနက်ရောင် မီးခိုးများ တက်လာသည့် ရိုက်ကူးထားသည့် […]