ylliX - Online Advertising Network

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – ငလှိုင် ငလှိုင် တအိုင်အိုင်

(မိုးမခ) နိုဝင်ဘာ ၁၁ ၊ ၂၀၂၄ ငလှိုင်အဖို့ရာမတော့ မဲခေါင်စည်းဝေးမှာ တိုင်းပြည်ကို ဖဲပေါင်ရိုက်ရင်း အရပ်နဲ့မမီတာတွေ လှမ်းလိုက်၊ ပါးစပ်နဲ့ မမီတာတွေ ပွားလိုက်နဲ့ မွှားကိုက်တဲ့ခွေးနာလို ပြေးခါဖို့ကလည်း မဖြစ်၊ ကုတ်ခြစ်ဖို့ကလည်း မမီ တအီအီနဲ့ ဖင်သီနေရတဲ့ဘွ။ မဟာမဲခေါင်ဒေသခွဲ (GMS) ရဲ့ “ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်မှာ ငလှိုင်က  “တချိန်တည်းမှာပဲ တီထွင်ဆန်းသစ်မှုများဟာ မိမိနိုင်ငံရဲ့ ရေမြေသဘာဝ၊ ပထဝီအနေအထားတွေနဲ့ ကိုက်ညီဖို့လိုတဲ့အပြင် အစိုးရ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပုဂ္ဂလိကနဲ့ ဒေသန္တရအစိုးရများ၊ အသိပညာရှင် အတတ်ပညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်များကပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” လို့ ပါးစပ်ရော အရပ်ရောမမီတာတွေကို တကယ့်ထိပ်တန်းနိုင်ငံကြီးမှာ အမြန်နှုန်းနဲ့ တိုးတက်နေသူတွေရှေ့ ကိုယ်တိုင်မီးတိုက်ထားလို့ ပြာပုံထဲမှာနေတဲ့ကောင်က အူတဲ့အူတဲ့ ဟောင်ပြတော့ […]

မိုးမောက်မြို့ကိုပြန်သိမ်းရန်  ဒရုန်းအများအပြားသုံးပြီး စစ်တပ်ထိုးစစ်ဆင် – Myanmar Now

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်တောင်ပိုင်းရှိ  မိုးမောက်မြို့၊ အမှတ် (၃၄၇) ခြေမြန်တပ်ရင်းစခန်းတို့ကို ပြန်သိမ်းရန် စစ်ကောင်စီက ဒရုန်းအများအပြားသုံးကာ ထိုးစစ်ဆင်နေသည်ဟု သိရသည်။ ဗန်းမော်မြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် မိုးမောက်မြို့ကို ယခုနှစ် မေလမှစတင်ကာ KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)များက တိုက်ခိုက်ကာ ၄ လခန့် အကြာတွင် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။  ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်က အမှတ် (၃၄၇) ခြေမြန်တပ်ရင်းစခန်းကို ပြန်ရလိုသဖြင့် အဓိက အားပြုသည်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်သည်၊  လက်နက်ကြီးပစ်ကူနှင့်  ဒရုန်းများကိုပါ အများအပြား အသုံးပြုပြီး ဗုံးကြဲနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ “နောက် ဒရုန်းက တိုက်ပွဲပြင်းထန်တဲ့နေ့တွေဆို တစ်ခါသုံးရင် ဒရုန်းအလုံးတစ်ဆယ်ကျော် ဗုံးလာကြဲတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ […]

တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို တရုတ်ဘက် ပိတ်ပင်၊ တပိုင်တနိုင်သမားများ အခက်ကြုံ – သျှမ်းသံတော်ဆင့်

တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို ယနေ့ (နိုဝင်ဘာလ ၁၁ ရက်)နေ့တွင် တရုတ်ဘက် စတင်ပိတ်ပင်လိုက်ပြီးသဖြင့် တပိုင်တနိုင် လုပ်ကိုင်နေသူများအခက်ကြုံနေကြောင်း သတင်းရရှိသည်။ လက်ရှိမှာ တရုတ်အာဏာပိုင်များက ကျယ်ဂေါင်-မန့်ဝိန်းတွင် တရားဝင်ကုန်စည်များကို သယ်ယူခွင့်ပြုပြီး ဆင်ဖြူဂိတ်တွင် တပိုင်တနိုင် ဖြင့် တရားမဝင် ကုန်စည်များကို သယ်ဆောင်ခွင့်မပြုတော့ကြောင်း (နိုဝင်ဘာလ ၉ရက်)နေ့တွင် ရွှေလီတရုတ်အာဏာပိုင်က ညွှန်ကြားထားသည်။ “အခုက ဆင်ဖြူဂိတ်ကို တရားဝင်ပိတ်လိုက်တယ်။ ပစ္စည်းတွေက အဲဂိတ်ကနေ သယ်ထုတ်ခွင့်မပြုဘူး ဒါမြန်မာဘက်က ခွင့်ပြုတယ်။ တရုတ်ဘက်က ကျယ်ဂေါင်-မန့်ဝိန်းဂိတ်မှာ သယ်ယူခွင့်ပြုတော့ဘူး။ တံခါးတော့ ပိတ်ထားတုန်းပဲ။ အထဲမှာ ဆိုင်ကယ်နဲ့ ထွက်ဖို့စောင့်နေတဲ့သူတွေ တော်တော်များတယ်” ဟု ၎င်းက ပြောသည်။ ယနေ့ တရုတ်ဘက်ခြမ်းအခြေအနေ ထို့အပြင် တရုတ်-မြန်မာနယ်စပ် ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု […]

Offline ဘောလုံးဂိမ်း

အင်တာနက်မလို ဒေတာမကုန်ပဲ ကွီးတို့ ဘယ်အချိန်ဖြစ်ဖြစ် ဆော့လို့ရမယ့် Offline ဘောလုံးဂိမ်းတွေ ရှာနေတယ် ဆိုရင်တော့ ဒီဆောင်းပါးက ကွီးတို့အတွက်ပါပဲ။ မိုလ်ဘိုင်း ဗားရှင်းအတွက် ဘောလုံးဂိမ်း အမိုက်စားတွေ အများကြီး ရှိတဲ့အထဲကမှ ဒီတစ်ခေါက်တော့ Offline ကျုံးလို့ရမယ့် အမိုက်စား ဘောလုံးဂိမ်း တွေကို ရွေးချယ်တင်ဆက် ပေးပါမယ်။ (၁) Dream League Soccer 2017   Source : DLS – FTS Songs ဒီဂိမ်းကတော့ ဘောလုံးအသင်း တစ်သင်းကို ကိုယ်တိုင်စီမံခန့်ခွဲပြီး ကစားရမယ့် အမိုက်စား ဘောလုံးဂိမ်း ဖြစ်ပါတယ်။ ဂရပ်ဖစ်လည်း အတော်အသင့် ကောင်းတဲ့ အထဲမှာ ပါသလို Offline ကစားလို့ ရတဲ့အတွက် ဘောလုံးဂိမ်းချစ်သူ ကွီးတို့ […]

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် ဝန်ကြီးဌာန(၆)ခုမှ ဝန်ထမ်းများ၊ ပြင်ပမီဒီယာများနှင့် အသင်းအဖွဲ့များ စုပေါင်းပါဝင်သည့် (၄၈)ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ တက်ရောက်ရန်ထွက်ခွာ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် ဝန်ကြီးဌာန(၆)ခုမှ ဝန်ထမ်းများ၊ ပြင်ပမီဒီယာများနှင့် အသင်းအဖွဲ့များ စုပေါင်းပါဝင်သည့် (၄၈)ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ တက်ရောက်ရန်ထွက်ခွာ | Ministry Of Information Skip to main content Breadcrumb Home  /  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် ဝန်ကြီးဌာန(၆)ခုမှ ဝန်ထမ်းများ၊ ပြင်ပမီဒီယာများနှင့် အသင်းအဖွဲ့များ စုပေါင်းပါဝင်သည့် (၄၈)ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ တက်ရောက်ရန်ထွက်ခွာ Source link

ပုလဲမြို့ပေါ်ရှိ စစ်တပ်ကို ကာကွယ်ရေးအဖွဲ့များ ဝင်တိုက်  – Myanmar Now

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီလက်နက်ကိုင်တို့ကို ယနေ့ (နိုဝင်ဘာ ၁၁)  နံနက်မှ စတင်ပြီး  ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေတပ်အားပြုပြီး ခုခံနေကြောင်း သိရသည်။  မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံးတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နံနက် အရုဏ်တက်ချိန်တွင် ဝင်တိုက်ရာ နံနက် ၈ နာရီဝန်းကျင်တွင် လေတပ်က လာရောက်တိုက်ခိုက်သည်ဟု ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ “(စစ်တပ်က) မြေပြင်စစ်ကူ အင်အားဖြည့်တင်းတာတော့ မရှိဘူး။ လေကြောင်းကနေ တိုက်ခိုက်တာပဲ ရှိတယ်” ဟု ပုလဲမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။   မြို့ပေါ်နှင့် မြို့အနီးဝန်းကျင် ကျေးရွာများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်မှုနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေများ သိရှိနိုင်ရန် ဆက်သွယ်စုံစမ်းနေဆဲဖြစ်သည်။  တိုက်ပွဲဖြစ်ပွားရာ မြို့ပေါ်ရပ်ကွက်များတွင် ပိတ်မိနေသူတချို့ရှိနိုင်ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုထံမှ သိရသည်။ […]

NUG ထောက်ခံချက်ဖြင့် တောင်ကိုရီးယားရောက် မြန်မာများ ဆက်လက်နေထိုင်ခွင့်ရ – Myanmar Now

ဆိုးလ်မြို့ရှိ စစ်ကောင်စီ၏ သံရုံးတွင် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မရသူများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သက်တမ်းတိုး ထောက်ခံချက်ပေးနေသဖြင့်  တောင်ကိုးရီးယားအစိုးရက ဆက်လက် နေထိုင်ခွင့်ပြုနေကြောင်း သိရသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သူ၊ ယာယီနေထိုင်ခွင့် G1-99 ဗီဇာဖြင့်နေထိုင်သူတို့၏ နိုင်ငံကူးလက်မှတ်များကို NUG တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးထောက်ခံချက် ထုတ်ပေးခြင်းဖြစ်သည်။ သက်တမ်းကုန်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်ပေါ်တွင် NUG  ကိုယ်စားလှယ်ရုံးက ၂ နှစ်သက်တမ်းတိုးပေးကြောင်း တံဆိပ်တုံးထုပေးသည်ဟု ကိုယ်စားလှယ်ရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “မူလစာအုပ်ကို သက်တမ်း ၂ နှစ် တိုးပေးပါတယ်။ ကိုရီးယား လဝက (လူဝင်မှုကြီးကြပ်ရေးဌာန) က လက်ခံပါတယ်။ အခြားနိုင်ငံကတော့ (လက်ခံလား) မပြောတတ်သေးပါဘူး” ဟု ၎င်းက ရှင်းပြသည်။ ဇူလိုင်မှစကာ NUG အစိုးရ၏ ဆိုးလ်မြို့ […]

Sweet 16 ကို ခံစားရမယ့် အံ့ဩစရာလုပ်ဆောင်ချက်တွေ၊ Limited Edition လက်ဆောင်တွေနဲ့Galaxy A16 စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံမှာ မိတ်ဆက် | Myanmar Tech Press

 Samsung ရဲ့ နောက်ဆုံးထွက် Galaxy A16 5G စမတ်ဖုန်းကို မြန်မာနိုင်ငံ ဈေးကွက်အတွင်းမှာ Sweet 16 အနေနဲ့ စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Galaxy A16 စမတ်ဖုန်းဟာ နေ့စဉ်ဘဝကို ပိုမိုချိုမြိန်သွားစေမယ့် Sweet အဖြစ်ဆုံး ထုတ်ကုန်တစ်ခုအဖြစ် ထွက်ရှိလာတာဖြစ်ပြီး လူငယ်ဆန်တဲ့ အရောင် နဲ့ ဒီဇိုင်း၊ တောက်ပ စိုပြည်ပြီး အကောင်းဆုံး ကြည့်ရှုမှု အရည်အသွေးကို ရရှိစေမယ့် Super AMOLED Display၊ လိုင်းဆွဲအားအကောင်းဆုံး 5G Connection နဲ့ အမိုက်စား Awesome ဖြစ်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာဖြစ်ပါတယ်။ Samsung Myanmar က Galaxy A16 နဲ့အတူ လူငယ်များအကြား ရေပန်းစား လူကြိုက်များတဲ့   ပြည်တွင်းထုတ်ကုန် […]