ylliX - Online Advertising Network

ရဲဘော်တေး – ကရင့်သင်တိုင်းမှာ အိတ်ထောင် ပါပလား

ရဲဘော်တေး – ကရင့်သင်တိုင်းမှာ အိတ်ထောင် ပါပလား (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၄ ၁ကျွန်ပြုမှုနဲ့ ရာဇဝတ်မှုများဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနေတဲ့ မြန်မာကို ခရီးမသွားကြဖို့ ကင်ညာအစိုးရက သူ့နိုင်ငံသားများကို ထပ်မံသတိပေးချက်ထွက်လာတယ်။ မြဝတီက အမည်ဆိုးနဲ့ ကျော်ကြားတဲ့ ငွေလိမ်ခြံဝန်းများကနေ ကင်ညာလူငယ်အများကြီးက အကူအညီတောင်းနေတုန်း တခြားသူတွေက အဲဒီခြံဝင်းတွေဆီ ဆက်လက်သွားရောက်နေပြီး တရုတ်ရာဇဝတ်ဂိုဏ်းများရဲ့ ကျေးကျွန်ဖြစ်နေတာမို့ အဲဒီလို သတိပေး‌နေတာဖြစ်တယ်လို့ သံအမတ် ကင်ဝိုးလ်က ပြောတာပါ။ “ကင်ညာနိုင်ငံသားများကို ပြန်လွှတ်ပေးရန် ပြောတဲ့အခါ လူဆိုးဂိုဏ်းခေါင်းဆောင်များက အဲဒီကင်ညာနိုင်ငံသားများကို ကျွန်များအဖြစ် တဦးကို ရင်မင်ဘီ ၄၅၀၀၀ ပေးဝယ်ထားတာမို့ အစိုးရက သူတို့ကိုလွှတ်ပေးစေလိုရင် အမေရိကန် ဒေါ်လာ ၁၂၀၀၀ ခန့်နဲ့ ညီမျှတဲ့ငွေကို ပြန်ထုတ်ပေးဘို့ ပြောတယ်” တဲ့။ ကင်ညာနိုင်ငံသား […]

ရဲဘော်တေး – ခွေးအို အရိုးနင်

(မိုးမခ) အောက်တိုဘာ ၁၇ ၊ ၂၀၂၄ တပ်ထဲ တိုင်ပတ်ချက်။ မအလက တရုတ်က အိမ်မွေးတိရစ္ဆာန်စာရင်း သွင်းပေးမယ် ဆိုတော့ ပျော်နေတာ။  တရုတ်မှာ ခွေးဆိုးကြီးဘဝကနေ အိမ်မွေးခွေးအဖြစ် မှတ်ပုံတင်သွားလုပ်ရမယ် ဆိုတော့ သူဟာ ခွေးလိမ္မာ ဖြစ်ကြောင်း နေရာတကာ မအိပ်မစား လှည့်ပွားရင်း ခေါ်သွားရမယ့် ကောင်နဲ့ ထားခဲ့ရမယ့်ကောင်စာရင်းက ဖျက်လိုက် သွင်းလိုက်နဲ့ မပြီးနိုင် အရီးမြိုင် ဖြစ်နေသတဲ့။ သူ သွားတုန်း အာဏာထပ်သိမ်းသွားနိုင်တဲ့ ကောင်တွေ စာရင်းပြုစုခိုင်းနေလို့ အတော်ရှုပ်နေကြသတဲ့။ သူကလည်း သူ့မိန်းမ ခေါသနီမတောင် မယုံ ဆိုတော့ ပြဿနာလေ။ စာရင်းထွက်လာရင် ခေါ်သွားခံရမလား၊ ဖမ်းချုပ်ခံရမလား မသိနိုင်ဘူးလေ။ ကုလားဖန်ထိုးပေးမယ့် ကောင်ကလည်းအများသား မဟုတ်လား။  သန်းရွှေကြီးတုန်းကတော့ သူ နိုင်ငံခြားသွားရင် ကတော်တွေအကုန် […]