“ဝ” လက်နက်ကိုင် UWSA နဲ့ ထိုင်းစစ်တပ် နယ်စပ်ပိုင်ဆိုင်မှုအငြင်းပွားရာက စစ်ရေးတင်းမာနေ – Myanmar Transparency News Source link
မြောက်ပိုင်းမဟာမိတ် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ဦးဆောင်ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ကစတင်ခဲ့သည့် ‘၁၀၂၇ စစ်ဆင်ရေး’ တစ်နှစ်ပြည့်ခဲ့ပြီ။ ထိုစစ်ဆင်ရေး စတင်ချိန်တွင် ‘ကိုးကန့်မျိုးနွယ်စုချင်း လက်စားချေသည့်စစ်ပွဲ’ ဟု စစ်ကောင်စီက ပေါ့ပေါ့တန်တန်တွက်ဆခဲ့သော်လည်း စစ်ပွဲတစ်နှစ်တာအတွင်း ကြီးမားသည့်ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ စစ်တပ်သမိုင်းတလျှောက် အခက်ခဲဆုံးနေ့ရက်များပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ မြန်မာစစ်တပ်သည် ၁၉၄၈၊ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံအရှေ့မြောက်ဘက် တရုတ်နယ်စပ်ရှိ လူမျိုးစုလက်နက်ကိုင်တပ်များ၏ ကြိမ်ဖန်များစွာသော ပုန်ကန်ခြားနားမှုများကို ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း နှစ် ၈၀ နီးပါးအတွင်း တရုတ်နယ်စပ်မှစတင်သည့် မည်သည့်ပုန်ကန်မှုကမှ ‘၁၀၂၇ စစ်ဆင်ရေး’ ကဲ့သို့ ပြည်မမှ စစ်ဗိုလ်ချုပ်ကြီးများ အထိတ်တလန့် မဖြစ်စေခဲ့။ တစ်နှစ်သား ၁၀၂၇ စစ်ဆင်ရေးအတွင်း […]