ylliX - Online Advertising Network

ပေါင်ရှေ့ကြွက်သားများ နှင့် ပေါင်နောက်ကြွက်သားများ မျှတ သော ကြွက်သား ခွန်အားအချိုး အရေးကြီးပုံ » ဒေါက်တာစိုးလူကျော်

Quad to Hamstring Ratio ကိုယ်ခန္ဒာရွေ့လျားမှုကို ထိန်းကြောင်းပေးနေသော အဓိကကြွက်သားများ ဖြစ်သည့် ပေါင်ရှေ့ကြွက်သားများ Quadriceps နှင့် ပေါင်နောက်ကြွက်သားများ  Hamstring မျှတ သော ကြွက်သား  ခွန်အားအချိုးကို ရအောင် လေ့ကျင့်ခြင်းသည် အားကစားသူများ၏ အကောင်းဆုံး စွမ်းဆောင်ရည် နှင့် ထိခိုက် မှု ကာကွယ်ရေး အတွက် အရေးကြီးလှပါသည် ။ ပေါင်ရှေ့ကြွက်သားများသည် ဒူးဆန့်ထုတ်၍ ကန်ထုတ်ခြင်း လုပ်ငန်းကို လုပ်ရသည်(ပေါင်နောက် ကြွက်သား တာဝန်ကဒူးကွေးရန်)၊ ပေါင်နောက် ကြွက်သားက ထိုအချိန်တွင် ဒူးတည်ငြိမ်မှုကို ထိန်းရသည်၊ ရှေ့ကကြွက်သားအားထုတ်မှုကို ထိန်းညှိရသည် ။ ရှေ့နောက် ပါဝါ မ ညီမျှ မှု  သည် အားကစား စွမ်းဆောင်ရည် ပျက်ရွင်းကာ ထိခိုက် ဒဏ်ရာ […]

အားကစားပြိုင်ပွဲဝင်နေသောညီလေးညီမလေးတို့အတွက်ပြိုင်ပွဲဝင်နေစဉ်သတိထားစရာ » ဒေါက်တာစိုးလူကျော်

##ရေဓာတ်လုံလောက်ပါစေပြိုင်ပွဲကာလအတွင်း အားကစားသမားများအတွက် လုံလောက်သောအရည်များ သောက်သုံးမှုသည် အရေးကြီးပါသည်။ ရေဓာတ်ခမ်းခြောက်ခြင်းသည် စွမ်းဆောင်ရည်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်တက်ခြင်းနှင့် ဉီးနှောက်၏ လုပ်ဆောင်မှု ကျဆင်းခြင်းတို့ ဖြစ်စေနိုင်သည်။ အားကစားသမားများသည် ပွဲမစမီ၊ ကျင်းပချိန် နှင့် ပွဲအပြီးတွင် ပတ်ဝန်းကျင်အခြေအနေနှင့် တစ်ဦးချင်းလိုအပ်ချက်ပေါ်မူတည်၍ ပမာဏကို ချိန်ညှိကာ ရေကို စနစ်တကျသောက်သုံးသင့်သည်။(ကွမ်းငုံခြင်းက ရေဓါတ် ချို့ယွင်းစေနိုင်)#အဟာရပြည့်အောင်စားပါအကောင်းဆုံးသော အားကစားစွမ်းဆောင်ရည်အတွက် လိုအပ်သော စွမ်းအင်ကို ပေးဆောင်ရန် သင့်လျော်သောအာဟာရသည် မရှိမဖြစ်လိုအပ်ပါသည်။ အားကစားသမားများသည် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်၍ မျှတသော အစားအစာကို စားသုံးသင့်သည်။ ကာဗိုဟိုက်ဒရိတ်သည် ခံနိုင်ရည်အား၊စွမ်းအင် မြှင့်တင်ရန်အတွက် အထူးအရေးကြီးပြီး၊ ပရိုတင်းများသည် ကစား၍ ပျက်စီးသွားတတ်သော ကြွက်သားများ ပြုပြင်ခြင်းနှင့် ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးသည်။#သင့်ခန္ဓာကပြောနေသည်ကိုနားထောင်လိုက်ပါအားကစားသမားများသည် […]

လည်ပင်းအဆစ်စသည်များလှုပ်ရှားမှုသည့်အခါအသံမြည်နေပါသလား » ဒေါက်တာစိုးလူကျော်

#လည်ပင်းအဆစ်စသည်များလှုပ်ရှားမှုသည့်အခါအသံမြည်နေပါသလားလည်ပင်း ၊အဆစ်များကို လှုပ်ရှားမှုသည့်အခါ တခါတရံ ဂျွတ်ဂျွတ် သို့မဟုတ် ဗျောက်ဗျောက် အသံမည်သည်ဟု ပြောလေ့ရှိပါသည်။ ထိုအသံသည် သင့်အဆစ်များပတ်ပတ် လည်ရှိ အရည်များတွင် နိုက်ထရိုဂျင် ဓာတ်ငွေ့ပူဖောင်းငယ်များကြောင့် ဖြစ်လေ့ရှိသည်။အဆစ်ကို လှုပ်ရှားလိုက်‌ သောအခါ ဒီပူဖောင်းတွေက အရွတ်အဆစ်နဲ့ ညပ်မိပြီး ပေါက်သွားပြီး အသံတွေ ထွက်လာနိုင်ပါသည်။ ပုံမှန်အားဖြင့် အန္တရာယ်ကင်းပြီး စိုးရိမ်စရာ မလိုပါ။ အသက်ကြီးလာသည် နှင့်အမျှ ပိုမိုကြားရ နိုင်လာစရာရှိသော်လည်း နာကျင်မှုမရှိလျင် စိုးရိမ်စရာမရှိပါ။ ဒေါက်တာစိုးလူကျော် M.B.,B.S,M.Med.Sc (Rehabilitation Medicine), M.Sc (Sport and Exercise Medicine, Cardiff/UK), Fellowship in Musculoskeletal ultrasound/NTUH Taiwan) အကြော၊အဆစ်၊ပြန်လည်သန်စွမ်းရေး၊အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကု၊ဇမ္ဗူ သီရိ […]

ACl ဒဏ်ရာ အန္တရာယ်များ » ဒေါက်တာစိုးလူကျော်

အဆင့်မြင့် အားကစားသမားများ ဒူးဒါဏ်ရာ တစ်ခုရပါက ACL (anterior cruciate ligament) ဟုသိကြသော ဒူးအတွင်းက အရွတ် ပြဲမည်၊ ပြတ်မည်ကိုကြောက်ကြသည်။အဘယ်ကြောင့်ဆိုသော် ပြန်ကစားရဖို့ ကြာတတ်သလို အချို့လည်း သူချစ်သော အားကစားကို စွန့်ခွာ သွားရသည် အထိရှိ ဖြစ်သည်ကို ကြားဖူးကြ၍ဖြစ်ပါသည်။ ACl ဒဏ်ရာများသည် ခုန်ရသော၊ ခုန်ချရသော၊ လှည့်ခြင်းများများလုပ်ရသော နှင့် ရုတ်တရက် အရှိန်သတ် ကစားရသော အားကစားနည်းများတွင် မကြာခဏ ဖြစ်တတ်သည် (ဥပမာ ဘောလုံး၊ ဘတ်စကတ်ဘော၊ ရပ်ဘီ၊ လက်ပစ်ဘော၊ ကျွမ်းဘား၊ စကိတ်၊ တင်းနစ်၊ ဘော်လီဘော )။ အရွတ်၏ ခန္ဓာဗေဒ ACL အရွတ် သည် ဒူးဆစ်ရှိ အဓိက အရွတ် လေးခုထဲမှ တစ်ခုဖြစ်သည်။ […]