သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ စစ်ရေးတင်းမာ နေကြောင်း သိရသည်။ အောက်တိုဘာလ နောက်ဆုံးပတ် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ စစ်ရေးတင်းမာ နေကြောင်း စစ်ရေးနှင့် နီးစပ်သူအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့က တိုက်ပွဲဖြစ်ဖို့ကလည်း ဖြစ်နိုင်ချေတော့နည်းတယ်။စစ်ရေးတင်းမာတာတွေ အချင်းချင်း ငြိတာ တွေကလည်း ခဏခဏဖြစ်တယ်။အောက်ကလူတွေပဲမကြာမကြာ အချင်းချင်းတင်းနေကြတာ။ပြီးရင် အပေါ်က လူကြီးတွေ အချင်းချင်းတော့ စကားပြန် ပြောကြပါတယ်။”ဟု က စစ်ရေးနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။ ကျောက်မဲမြို့တွင် SSPP/SSA နှင့် TNLA တို့ စစ်ရေးတင်းမာမှုကြောင့် […]