ylliX - Online Advertising Network

ဖယ်ခုံ၊ ပင်လောင်းတွင် စစ်ကောင်စီနှင့် PNOလမ်းပိတ်၊ ပြောင်းကုန်ရောင်းရန် ခက်ခဲ – သျှမ်းသံတော်ဆင့်

သျှမ်း-ကရင်နီပြည်နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူပေါင်းတပ်ဖွဲ့က လမ်းများပိတ်ပင်ထားသည့်အတွက် ဒေသခံများ စပါးရိတ်သိမ်းရန်နှင့် ပြောင်းကုန်ရောင်းရန် ခက်ခဲလာနေသည်ဟု စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် တိုက်ပွဲများကြောင့် ပြည်သူ ထွက်ပြေးတိမ်းရှောင်နေချိန် စစ်ကောင်စီ နှင့် PNO ပူပေါင်းတပ်ဖွဲ့က ဒေသခံများ၏ ချွေးနဲစာဖြင့် စိုက်ပျိုးထားသည့် စပါးခင်းများကို ရိတ်သိမ်းယူဆောင်သွားနေသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီပင်လောင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာတွေအများကြီးပဲ စပါးတွေစိုက်ပြီး ပြန်ရိတ်သိမ်းဖို့ ခက်ခဲနေတဲ့ကာလကို စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေက အခွင့်ကောင်းယူပြီး ရှိသမျှစပါးခြံတွေကို ရိတ်သိမ်းသွားကြတယ်။ ကျမတို့ ပြန်လာရမှာတောင် ကြောက်နေတယ်”ဟု ၎င်းက ပြောသည်။ ပင်လောင်းစစ်ရှောင်များပုံ ထို့ပြင် ကရင်နီပြည်အတွင်း တိုက်ပွဲကြောင့် ဖယ်ခုံမြို့နယ်သို့ စစ်ရှောင်လာသည့် ပြည်သူများသည် တပိုင်တနိုင် […]

သဘာဝဘေးကြုံရပြီးနောက် ကပ်ဆိုးကြီးကျော်လွှားနိုင်ရန် ဟိုပုံး ထမ်းစမ်းဂူပွဲတော် ပြန်လည်ကျင်းပခဲ့ – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် ထမ်းစမ်းဂူတွင် ပြန်လည်ထူထောင်ရေးကာလ၌ အခက်အခဲကြားမှ ပွဲတော်ပြန်လည်ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၃၁ ရက်)တွင် ဟိုပုံးမြို့နယ် ထမ်းစမ်းကျေးရွာရှိ ထမ်းစမ်းဂူ ဘုရားပွဲတော်ကို ပြန်လည်ကျင်းပပြုလုပ်ခဲ့ပြီး မဲနယ်တောင်ကြောမှ ရေဘေးသင့် ကျေးရွာများ အပါအဝင် ရွာပေါင်း (၈၀) ကျော်မှ ဒေသခံများ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ သဘာဝဘေးနှင့် စစ်ဘေးကြုံရသူများက အဆိုပါ ထမ်းစမ်းဂူ မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်ထက် ဒေသပြန်လည်ထူထောင်ရေးကို ပိုပြီး အာရုံစိုက်သင့်ကြောင်း၊ ဒုက္ခရင်ဆိုင်နေရသည့်ကြား ပွဲတော်ကျင်းပသည်မှာ အဆင်မပြေမှုများစွာ ရှိကြောင်း ပအိုဝ်းလူငယ် တစ်ဦးက ပြောသည်။ “ကိုးကွယ် ယုံကြည်မှု တစ်ခုလို့ပဲ မြင်တယ်ပေါ့လေ။ ဒါပေမယ့် ကိုယ်တွေက ဒီလို ရေဘေးဖြစ်လိုက်၊ စစ်ဘေးဖြစ်လိုက်နဲ့ သောကမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အချိန်မှာ […]