Video Content တွေကိုဖန်တီးတဲ့အခါမှာ နောက်ခံ Sound Effects တွေကို အဆင်သင့်ယူသုံးနိုင်ဖို့ဆိုရင် Pixabay ဆိုတဲ့ဝဘ်ဆိုက်လေးကိုသာသွားပါ။ သူ့ထဲမှာ အသံပေါင်း ၉၀၀၀ နီးပါးရှိပြီးတော့ လိုချင်တဲ့ Theme အလိုက်၊ မိနစ်အလိုက် လွယ်လင့်တကူ ရှာသုံးနိုင်ပါတယ်။ အခမဲ့ယူသုံးနိုင်မှာဖြစ်ပါတယ်။ Sound Effects အတွက်ညွှန်ပေးတာဆိုပေမယ့် သူ့ထဲမှာနောက်ထပ်အနေနဲ့ Photo, Video, GIFs, Music တွေကိုလည်း Free Download ယူသုံးနိုင်ပါတယ်။ Brand Logo အတွက်သုံးတာ၊ ပြန်ရောင်းတာမျိုးတို့ကိုတော့ ခွင့်မပြုထားပါဘူး။ လိုင်စင် ကန့်သတ်ချက်လေးတွေရှိတတ်တာကြောင့် မသုံးခင် Content Licence ကိုတော့ Check လုပ်ကြည့်ပါ။ AMC HACKS Source link