ylliX - Online Advertising Network

Peripheral Neuropathy (အာရုံကြောအားနည်းခြင်း) – Spiceworks Myanmar

အားလုံးပဲ မင်္ဂလာပါ။ ဒီအပတ်မှာတော့ ကျန်းမာရေးဆိုင်ရာဗဟုသုတအဖြစ် peripheral neuropath (အာရုံကြောအားနည်းခြင်း) အကြောင်းအရာကို sharing လုပ်ပေးချင်ပါတယ်။ ပထမဆုံးအနေနဲ့ စာဖတ်သူတို့ အာရုံကြောအားနည်းခြင်းဆိုတာကိုသိကြပါသလားရှင့်။  အာရုံကြောအားနည်းခြင်းဆိုတာကတော့ အာရုံကြောအဖွဲ့အစည်း ပျက်စီးခြင်းကြောင့်ဖြစ်ပြီး အထူးသဖြင့် ဦးနှောက်နဲ့ အာရုံကြောမကြီးဆီကနေ သတင်းအချက်အလက်တွေကို တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို ပို့ပေးတဲ့ အာရုံကြောတွေပျက်စီးခြင်းကိုခေါ်ပါတယ်။ အာရုံံံကြောအားနည်းခြင်း အမျိုးအစားပေါင်းများစွာရှိပါတယ်။ ထိုအထဲကမှ အဓိကအားဖြင့် လေးမျိုးမှာအောက်ပါအတိုင်းဖြစ်ပါသည်။ Motor Neuropathy : ကြွက်သားနဲ့ ကိုယ်ခန္ဓာလှုပ်ရှားခြင်းကို ထိန်းချုပ်ပေးသော အာရုံကြောစနစ်များ ထိခိုက်ပျက်စီးခြင်း။ Sensory Neuropathy : အာရုံခံစားမှုများဖြစ်သော အထိအတွေ့ ၊ အပူအ‌အေး နှင့် နာကျင်မှု စသော အာရုံခံစနစ်ကို ထိန်းချုပ်ပေးနိုင်သော အာရုံကြောတွေ ပျက်စီးခြင်း။ Autonomic Neuropathy : အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းစသည့်တို့ကို အလိုအလျောက်လုပ်ဆောင်ပေးသော အာရုံကြောစနစ်ထိခိုက်ပျက်စီးခြင်း။  […]