ylliX - Online Advertising Network

ပန်းရောင်မြို့မှ အပြာရောင်အခန်းရှိရာ နန်းတော် City Palace, Jaipur

အိန္ဒိယနိုင်ငံ၊ Rajasthan နယ်ရှိ ပန်းရောင်မြို့လေးဟု တင်စားခေါ်ဝေါ်ကြသည့် ဂျိုင်ပေါမြို့လည်မှာ ခမ်းနားထည်ဝါလှသည့် ဂျိုင်းပေါမြို့နန်းတော်ကြီး(City Palace Jaipur) တည်ရှိပါသည်။ ၎င်းကို ၁၈ ရာစုတွင် မဟာရာဂျာ Sawai Jai Singh II မှ တည်ဆောက်ခဲ့ပြီး ထိုအချိန်မှစကာ ယနေ့ထက်ထိ တော်ဝင်မိသားစု အစဉ်အဆက် နေထိုင်နေဆဲဖြစ်သည်။ နန်းတော်ကြီးကို ၁၇၂၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး နှစ်အတော်ကြာအောင် ဘုရင်အဆက်ဆက် ဆောက်လုပ်ခဲ့ကြရသည်။ နန်းတော်ကြီးသည် နှစ်ပေါင်းများစွာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သော်လည်း ၎င်း၏ မူလခမ်းနားမှုနှင့် အလှကို ထိန်းသိမ်းထားနိုင်သဖြင့် ဂျိုင်ပေါမြို့၏ အကျော်ကြားဆုံး ခရီးသွားဆွဲဆောင်မှုတစ်ခုဖြစ်ပါသည်။ နန်းတော်ကြီးသည် ဧရိယာအားဖြင့် ၇ ဧကကျော် ကျယ်ဝန်းပါသည်။ နန်းတော်ဝန်းထဲတွင် မဏ္ဍပ်များ၊ ဥယျာဉ်များ၊ အဆောက်အအုံများ၊ ဘုရားကျောင်းများ ပါရှိကာ […]

ကမ္ဘာ့တိုက်ကြီး နှစ်တိုက်ကြား လမ်းလျှောက်နိုင်သည့် Þingvellir National Park

ဥရောပကျွန်းနိုင်ငံတစ်ခုဖြစ်သည့် အိုက်စလန်နိုင်ငံသည် မီးတောင်၊ ရေခဲမြစ်၊ ရေပူစမ်း၊ ရေခဲဂူစသည့် ထူးခြားဆန်းပြားသည့် ဘူမိဗေဒများရှိရာ နိုင်ငံတစ်ခုဖြစ်သည်။ အိုက်စလန်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများ အသွားအများဆုံး ခရီးလမ်းမှာ မြို့တော်ရေခဗစ်မှ နေ့ချင်းပြန်သွားရောက်ရသည့် ရွှေစက်ဝိုင်း (Golden Circle) အမည်ရှိ ခရီးလမ်းဖြစ်သည်။ ရေခဗစ်မှ အစပြုကာ စက်ဝိုင်းပုံသဏ္ဏာန် လမ်းကြောင်းတွင်း တည်ရှိနေသည့် နေရာများကို သွားရောက်လည်ပတ်ခြင်းဖြစ်သောကြောင့် Golden Circle ဟု ခေါ်ခြင်းဖြစ်သည်။ စာရေးသူတို့ အိုက်စလန်နိုင်ငံသွားရောက်လည်ပတ်ခဲ့တုန်းက ထို Golden Circle လမ်းကြောင်းသို့ သွားရောက်ခဲ့ပါသည်။ Golden Circle လမ်းတစ်လျှောက်တွင် ကြီးမားလှပသည့် Gullfoss ရေတံခွန်ကြီး၊ Þingvellir အမျိုးသားသဘာဝဥယျာဉ်၊ Geysir ရေပူစမ်းများနှင့် မီးတောင်ဟောင်းအပေါက်ဝတို့ရှိပါသည်။ Golden Circle လမ်းကြောင်းအတွင်း အရင်ဆုံးရောက်သည့် Þingvellir အမျိုးသားသဘာဝဥယျာဉ်သည် […]