ပြင်သစ်နိုင်ငံ ပါရီမြို့တော်က နာမည်ကြီး အထင်ကရ Notre Dame ဘုရားရှိခိုးကျောင်းကြီးကို ၅ နှစ်ကျော် အချိန်ယူ ပြုပြင် မွမ်းမံခဲ့ပြီးတဲ့နောက် အသစ်တဖန် ခန့်ညားတောက်ပနေတဲ့ ဘုရားကျောင်းကြီးကို ရုပ်သံ ဖန်သားပြင်ပေါ် ကနေ ကမ္ဘာတဝန်းကလူတွေ သောကြာနေ့က ပြန်မြင်ခွင့်ရခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က မီးလောင်ပြီး ဆိုးဆိုးရွားရွား ထိခိုက် ပျက်ဆီးခဲ့ရတဲ့ ဒီဘုရားကျောင်းကြီးဟာ အခုတော့ အသစ် ပြန်ပြင်ထားတဲ့ မျက်နှာကျက်ကြီးတွေ၊ နို့နှစ်ရောင် ကျောက်သားထုဆစ် လက်ရာတွေနဲ့ ပြန်လည် သစ်လွင် ခန့်ညားနေတာပါ။ ၁၂ ရာစုနှစ်ခေတ် Gothic လက်ရာ အဆောက်အဦးကြီးဖြစ်တဲ့ ဒီ ဘုရားကျောင်းကြီးကို လောလောဆယ်မှာတော့ ရုပ်သံ ဖန်သားပြင်ပေါ်ကနေပဲ ပြသထားသေးပြီး အများပြည်သူ ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြည့်ရှုခွင့်ကိုတော့ ရှေ့သီတင်းပတ် ဒီဇင်ဘာလ […]