အားလုံးပဲ မင်္ဂလာပါ။ ဒီအပတ်မှာတော့ ကျန်းမာရေးဆိုင်ရာဗဟုသုတအဖြစ် peripheral neuropath (အာရုံကြောအားနည်းခြင်း) အကြောင်းအရာကို sharing လုပ်ပေးချင်ပါတယ်။ ပထမဆုံးအနေနဲ့ စာဖတ်သူတို့ အာရုံကြောအားနည်းခြင်းဆိုတာကိုသိကြပါသလားရှင့်။ အာရုံကြောအားနည်းခြင်းဆိုတာကတော့ အာရုံကြောအဖွဲ့အစည်း ပျက်စီးခြင်းကြောင့်ဖြစ်ပြီး အထူးသဖြင့် ဦးနှောက်နဲ့ အာရုံကြောမကြီးဆီကနေ သတင်းအချက်အလက်တွေကို တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို ပို့ပေးတဲ့ အာရုံကြောတွေပျက်စီးခြင်းကိုခေါ်ပါတယ်။ အာရုံံံကြောအားနည်းခြင်း အမျိုးအစားပေါင်းများစွာရှိပါတယ်။ ထိုအထဲကမှ အဓိကအားဖြင့် လေးမျိုးမှာအောက်ပါအတိုင်းဖြစ်ပါသည်။ Motor Neuropathy : ကြွက်သားနဲ့ ကိုယ်ခန္ဓာလှုပ်ရှားခြင်းကို ထိန်းချုပ်ပေးသော အာရုံကြောစနစ်များ ထိခိုက်ပျက်စီးခြင်း။ Sensory Neuropathy : အာရုံခံစားမှုများဖြစ်သော အထိအတွေ့ ၊ အပူအအေး နှင့် နာကျင်မှု စသော အာရုံခံစနစ်ကို ထိန်းချုပ်ပေးနိုင်သော အာရုံကြောတွေ ပျက်စီးခြင်း။ Autonomic Neuropathy : အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းစသည့်တို့ကို အလိုအလျောက်လုပ်ဆောင်ပေးသော အာရုံကြောစနစ်ထိခိုက်ပျက်စီးခြင်း။ […]