နေပြည်တော်၊ နိုဝင်ဘာ ၂၂ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအထိမ်းအမှတ်ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အင်ဂျင်နီယာပညာရှင်ကြီးများ၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန […]
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေပြီး နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေမည့် Naypyitaw State Polytechnic University အား နေပြည်တော်၌ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ်ရုပ်တုနှင့် Naypyitaw State Polytechnic University ဆိုင်းဘုတ်အား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဂုဏ်ပြု အမှာစကားပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပျူခေတ်၊ ပုဂံခေတ်မှ ခေတ်အဆက်ဆက်ထွန်းကားခဲ့သည့် မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရပ်များ အပါအဝင် မြန်မာအင်ဂျင်နီယာများ၏ စွမ်းပကားကို အကျယ်တဝင့် ထည့်သွင်း ဂုဏ်ပြုပြောကြား ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံအင်ဂျင်နီယာ ပညာရေးသမိုင်းကြောင်းနှင့်ပတ်သက်၍လည်း အင်ဂျင်နီယာကျောင်းသားများ မွေးထုတ်ခြင်းနှင့် တက္ကသိုလ်များ တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ခြင်းများကို […]
Naypyitaw State Polytechnic University ကို နိုင်ငံ့ထိပ်တန်း တက္ကသိုလ်ကြီးတစ်ခုဖြစ်လာစေရန် ရည်ရွယ်ပြီး တိုးချဲ့ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ပြောကြား – Myanmar Transparency News Source link
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အလယ်ပိုင်း နေပြည်တော်ကောင်စီနယ်မြေအတွင်း တရုတ်နိုင်ငံက ကူညီတည်ဆောက်ပေးသော နေရောင်ခြည်စွမ်းအင်သုံးရေတွင်းများက ဒေသခံကျေးရွာသူ/ကျေးရွာသားများအား အကျိုးပြုလျက် ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။နေပြည်တော်ရှိ ကျေးလက်ဒေသသောက်သုံးရေစီမံကိန်း အစိတ်အပိုင်းတစ်ရပ်အနေဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစားထိုး စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်များ အသင်း (Yunnan Province Tidai Planting Development Industry Association) ယင်းရေတွင်းများအား တည်ဆောက်ပေးခဲ့သည်။ ပထမဦးဆုံး ကူညီတည်ဆောက်သော နေရောင်ခြည်စွမ်းအင်သုံးရေတွင်းကို ယခုနှစ် ဇန်နဝါရီလတွင် စတင်အသုံးပြုခဲ့ပြီး ဒုတိယမြောက် ဘက်စုံသုံး နေရောင်ခြည်စွမ်းအင်သုံးရေတွင်းကို ဇူလိုင်လ၌ စတင်အသုံးပြုခဲ့ကြောင်း သိရသည်။ နေပြည်တော် တဲကြီးကုန်းကျေးရွာ၌ ပထမဦးဆုံး ကူညီတည်ဆောက်သော နေရောင်ခြည်စွမ်းအင်သုံးရေတွင်းက […]
Naypyitaw State Polytechnic University အား လျာထားချက် ကျောင်းသားဦးရေမှ နှစ်အလိုက် တိုးလာနိုင်သည့် ဦးရေအတွက်ပါ ကြိုတင်တွက်ချက် ထည့်သွင်းတည်ဆောက်ရန် SAC ဥက္ကဋ္ဌ မှာကြား – Myanmar Transparency News Source link