(မိုးမခ) နိုဝင်ဘာ ၂၀ ၊ ၂၀၂၄ “တင်မိုး” ဖွဲ့ဆို၊ ကဗျာတိုများ သံချိုသာမြ၊ ကာရန်လှနှင့် ဘဝသရုပ်၊ ဖော်ကာထုတ်ထား လင်္ကာများဖြစ်၊ ငါဖတ်သစ်ခဲ့ ကိုးဆယ့်တနှစ် မွေးနေ့၌။ ။ ကဗျာဆရာကြီးတင်မိုးဟာ သက်ရှိထင်ရှား ရှိနေဦးမည်ဆိုပါက ၉၁ နှစ်ပြည့်ပြီ။ ဒီနေ့ နိုဝင်ဘာ ၁၉ မှာ ၉၁ နှစ်ပေါ့။ ကျနော်ဟာ ဆရာတင်မိုးကို ငယ်စဉ် စာဖတ်တတ်စကတည်းက သိပါတယ်။ ကျောင်းသုံးစာအုပ်တွေထဲက သူ့ရဲ့ “အလှကိုယ်စီ” ကဗျာနဲ့ စတင်ရင်းနှီးလာရတယ်။ ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်။ မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်။ ဒါက သူ့ “အလှကိုယ်စီ” ကဗျာရဲ့ အစပိုဒ်ပါ။ ဆရာဟာ ကလေးကဗျာ၊ နိုင်ငံရေးကဗျာ၊ လူမှုပြုပြင်ရေးကဗျာ၊ ခရီးသွားကဗျာ စသဖြင့် […]
(မိုးမခ) နိုဝင်ဘာ ၄ ၊ ၂၀၂၄ မှန်တဲ့စကားတခွန်း တစွန်းတစ မဟလိုက်လေနဲ့ ကွန်မြူနစ် တံဆိပ်ကပ် အရပ်နဲ့ လှည့်တိုက်မယ်။ တင်မိုး ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများကဗျာမှ …. လတ်တလော ဖေ့စ်ဘွတ်ခ်မှာ ကွန်မြူနစ်လူမျိုးတွေလို့ ပြောနေတဲ့ အင်တာဗျူး တွေ့တယ်။ ကွန်မြူနစ် Communist ဟာ လူမျိုးမဟုတ်ပါ။ ဝါဒ စနစ် တခုသာ ဖြစ်တယ်။ ကွန်မြူနစ်ဝါဒ (သို့) ငွေကြေးမဲ့လူစုဝါဒ Communism ဆိုတာဟာ အရင်းရှင်တို့ရဲ့ အမြတ်ထုတ်မြဲ အုပ်စိုးမှု၊ အလုပ်သမား လူတန်းစားရဲ့ လုံးပါးပါးမှု သဘောအခြင်းအရာတို့ကို ဆန့်ကျင်တိုက်ဖျက်ကာ လူတန်းစားအလွှာလွှာ ခွဲခြားမှုကင်းမဲ့ (တာမို့ အရင်းရှင်လည်း ကင်းမဲ့သွား) တဲ့၊ တကမ္ဘာလုံး အတိုင်းအတာနဲ့ တတ်နိုင်လျှင် နောက်ဆုံးမှာ ငွေကြေးသဘောကိုပင် လူ့ဘောင်မှ ပယ်စွန့်ပြီး […]