(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၄ ကယန်းအမျိုးသားတပ်မတော် Kayan National Army ဖွဲ့စည်း ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ ကရင်ပြည်နယ် မြောက်ပိုင်းတို့ကိုထိစပ်နေပြီး အနောက်ဘက်မှာတော့ မန္တလေးတိုင်း အရှေ့တောင်ဘက်နဲ့ ထိစပ်နေတဲ့ ကရင်နီပြည် (ယခင် ကယားပြည်နယ်) ထဲက ဒေသအချို့ဖြစ်တဲ့ လွိုင်ကော်၊ ဒီမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ အခြားဒေသတွေမှာ ရှိတဲ့ ကယန်းလက်နက်ကိုင် အဖွဲ့တွေကို စုစည်းပြီး ကယန်းအမျိုးသားတပ်မတော် K.N.A ဖွဲ့စည်းလိုက်တယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ ကရင်နီပြည်မှာ လက်ရှိ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်အာဏာသိမ်းမှုမတိုင်ခင် ဆယ်စုနှစ်များစွာကတည်းက လက်နက်ကိုင် တပ်ဖွဲ့အဖြစ်ရှိခဲ့တဲ့ KNPP/KA ရှိနေပြီး စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် လမ်းစဥ်ကို ကိုင်စွဲကာ အသစ်ထပ်မံဖွဲ့စည်းခဲ့ကြတဲ့ […]