(မိုးမခ) အောက်တိုဘာ ၁၈ ၊ ၂၀၂၄ [၁] စိုက်ကွင်းမဲ့ သစ်စေ့ အို….ယုယာ၊ ငါ(တို့)၏ အသွေးသည်လည်းကောင်း၊ ငါ(တို့)၏ အသားသည်လည်းကောင်း ဤမြေဤလေထု၌ အရသာကင်းကင်း ဖူးပွင့်ကြလေပြီ။ သင် စိုက်ပျိုးဝတ်မှုန်ကူးသော မျိုးစပါးတို့ လောင်မီးကျလေပြီ။ တောမီးတို့သည် အဆီးမဲ့အတားမဲ့စွာ ပင့်တင်လေ၌ ပျော်မွေ့ကြလေပြီ။ ငါ့ကို ရိတ်သိမ်းမည်လော။ ငါ့ကို ဆီးကြိုမည်လော။ အို…ယုယာ၊ ပိုးသားရွှေချည်အတိ ထွင်းထုထားသော ငါ၏ နတ်ဘုရားမ၊ သင်၏ လက်တို့ဖြင့် ဆီးကြို ပွေ့ဖက်မှုပြုလေလော့။ ငါ ခုန်ဆင်းခဲ့လေပြီ။ […]