ylliX - Online Advertising Network

ထိုင်းမှာတားမြစ်ထားတဲ့ E-cigarettes လုပ်ငန်းခွင် စီးနင်းမှု မြန်မာအမျိုးသမီး ၂၀ကျော် အဖမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန်ဘောမြို့နယ်ထဲမှာ ထိုင်းနိုင်ငံက ကျန်းမာရေးအရ တားမြစ်ထားတဲ့ E-cigarettes အီးစီးကရက် ထုတ်လုပ်နေတဲ့လုပ်ငန်းခွင်တခုကို ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်စီးနင်းရာ မြန်မာအမျိုးသမီး ၂၀ကျော်ဖမ်းဆီးခံရပါတယ်။ ဖမ်းဆီးခံရတဲ့မြန်မာအမျိုးသမီး ၂၀ကျော်ထဲမှာ တဝက်လောက်က အလုပ်အကိုင်ခွင့်မရှိ အထောက်အထားမဲ့တွေဖြစ်တယ်လို့လည်း သိရပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန်ဘော မြို့နယ်ထဲမှာ ထိုင်းနိုင်ငံက ကျန်းမာရေးအရ တားမြစ်ထားတဲ့ E-cigarettes အီးစီးကရက်ထုတ်လုပ်နေတဲ့ လုပ်ငန်းခွင်တခုကို ဝင်ရောက်စီးနင်းရာ မြန်မာအမျိုးသမီးအလုပ်သမား ၂၀ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံက ၂၀၁၄ခုနှစ်ကစပြီး တားမြစ်ထားတဲ့ အီးစီးကရက်တွေကို ထုတ်လုပ်နေတာကို သတင်းရတာကြောင့် ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၁၈ရက်နေ့က ရှောင်တခင်ဖမ်းဆီးရင်း မြန်မာအမျိုးသမီးအလုပ်သမား ၂၀ကျော်ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက အခုလိုပြောပါတယ်။ “သူတို့က ဘန်ကောက်မြို့နယ်ထဲမှာရှိတဲ့ဘန်ဘောမြို့နယ်ထဲမှာ E-cigarettes […]