The Eur Asian Times အရေးပါသော ပေကျင်းအခြေစိုက် ထုတ်လုပ်ရေးနေရာတခု၌ ဒုံးလွှတ်စင်သစ် ၆၀ နီးပါးကို ဂြိုလ်တုဓာတ်ပုံသစ်များက ဖမ်းယူရရှိခြင်းနှင့်အတူ တရုတ်၏ DF-26 တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် (IRBMs) များ သိုလှောင်မှုက သိသိသာသာ ကြီးထွားလျက် ရှိသည်။ Umbra ဂြိုဟ်တုဖြင့် ၂၀၂၄ စက်တင်ဘာ ၉ ရက်က ရိုက်ယူထားသော synthetic aperture radar (SAR) ရေဒါဓာတ်ပုံတွင် ပေကျင်း ကျင်းဟန် လျှပ်စစ်ဓာတုစက်ရုံ၏ နေရာသစ်၌ ထားရှိထားသော DF-26 ဒုံးကျည်ပစ်စင် TELs ၅၉ ကို တွေ့ရှိရကြောင်း Janes ကာကွယ်ရေးကုမ္ပဏီမှ သုတေသီများအရ သိရသည်။ ၂၀၂၃ မှ ၂၀၂၄ အထိ ပုဂ္ဂလိကဂြိုဟ်တုဓာတ်ပုံများကို အခြေပြုသော […]