ချင်းပြည်မြို့တော် ဟားခါးအနီးရှိ ကီယမ်တောင်တပ်စခန်းကို ချင်းအမျိုးသားတပ်မတော်(CNA) ဦးဆောင်တဲ့ ချင်းလဲန်းကောင်စီ(CC)တပ်ပေါင်းစုက ပြီးခဲ့တဲ့အောက်တိုဘာလ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅ ဦးလောက်နဲ့တပ်စွဲထားတဲ့ အဲဒီစခန်းငယ်ကနေ ဗိုလ်မှူးတစ်ဦးအပါအဝင် လေးဦးအရှင်ဖမ်းမိတဲ့အပြင် သေနတ် ၁၅ လက် သိမ်းဆည်းရမိတယ်လို့ ချင်းကာကွယ်ရေးတပ်(ဟားခါး)မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။ “ဆယ်ယောက်က တိုက်ပွဲမှာ ကျတယ်။ တစ်ယောက်က လက်နက်ချတယ်။ လေးယောက်ထွက်ပြေးတဲ့အနက် သုံးဦးဖမ်းမိတယ်။ စုစုပေါင်း လေးဦး အရှင်ဖမ်းမိပြီးတော့ တစ်ဦးလွတ်မြောက်သွားတယ်” လို့ သူက ပြောပါတယ်။ တိုက်ပွဲဖြစ်ရာကို ဟားခါးအခြေစိုက် ရုန်းတောင်စခန်းကုန်းကနေ လက်နက်ကြီးကျည်တွေ ပစ်ကူပေးတဲ့အတွက် CC တပ်ပေါင်းစုက ရဲဘော်တချို့ ထိခိုက်ကျဆုံးမှုရှိတယ်လို့ […]
◾ လက်ရှိတိုက်ပွဲအတွင်း CNA/CDF ရဲဘော် ၁၀၀ ကျော်ထွက်ပြေးသွားကာ ၅၀ ကျော် သေဆုံးကြောင်း ရေးသားနေကြ ၂၄.၁၀.၂၀၂၄Written By Zun ချင်းပြည်နယ်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA) မှ ဗိုလ်ကြီး ဆလိုင်း မင်းထွန်း သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းမှာ ပလက်ဝမြို့နယ်ဇာတိဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် ထန်တလန်မြို့တစ်နေရာ၌ သေဆုံးခဲ့ကာ ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်က သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ သေဆုံးသည့် ဆလိုင်းမင်းထွန်းမှာ အသက် ၃၀ ခန့်အရွယ်ဖြစ်ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်ဘလိုင်ရွာဇာတိဖြစ်ကြောင်း၊ လွန်ခဲ့သော၂၀၁၃ ခုနှစ်ကပင် CNA သို့ ဝင်ရောက်ခဲ့ရာ CNA ရဲမေတစ်ဦးနှင့် အကြောင်းပါကာ […]