Skip to content Accenture မှ မကြာခင်က စစ်တမ်းအရ တစ်ကမ္ဘာလုံးမှာ လျှပ်စစ်ကား ဝယ်လိုအားဟာ လျှင်မြန်စွာ တိုးတက်လာပြီး အမေရိကန် ယာဉ်မောင်း ၅၄ ရာခိုင်နှုန်းဟာ နောက် ၁၀ နှစ်အတွင်း လျှပ်စစ်ကား ဝယ်ယူဖို့ ရည်မှန်းထားပါတယ်။ တစ်ကမ္ဘာလုံးမှာ ယာဉ်မောင်း ၅၇ ရာခိုင်နှုန်းဟာ ၂၀၃၄ ခုနှစ်အရောက်မှာ လျှပ်စစ်ကား ဝယ်ယူဖို့ စီစဉ်ထားပြီး တရုတ်မှာလည်း လျှပ်စစ်ကား ဝယ်ယူမှုနှုန်းဟာ မြင့်မားနေပါတယ်။ ဘယ်လ်ဂျီယမ်၊ နယ်သာလန်နဲ့ အမေရိကန်မှာလည်း လျှပ်စစ်ကား ရောင်းအား သိသိသာသာမြင့်မားနေပါတယ်။ စစ်တမ်းအရ ခေတ်ပေါ် လျှပ်စစ်ကား ဝယ်ယူသူတွေဟာ စွမ်းရည်မြင့်မားမှု၊ ဘေးကင်းမှုနဲ့ ဈေးနှုန်းသက်သာမှုကို ဦးစားပေးကြတယ်လို့ သိရပါတယ်။ အားသွင်းစက် အခြေခံ အဆောက်အဦးနဲ့ မောင်းနှင်နိုင်တဲ့ အကွာအဝေး […]
Skip to content ကနေဒါ နိုင်ငံ တိုရွန်တိုမှာ Tesla ကား တစ်စီးဟာ တံတား ကွန်ကရစ်တိုင်ကို ဝင်တိုက်ပြီး မီးလောင်သွားတဲ့အတွက် လူ ၄ ယောက် သေဆုံးသွားပါတယ်။ ၅ ယောက်မြောက် လူကို လမ်းသွားလမ်းလာ တစ်ယောက်က ကားတံခါးခွဲကာ ကယ်တင်လိုက်နိုင်ပါတယ်။ တိုရွန်တို ရဲဌာနမှ စုံစမ်းရေးမှူး Phillip Sinclair က ဒီဖြစ်ရပ်ဟာ Lake Shore မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ယာဉ်မောင်းဟာ ကားကို မထိန်းနိုင်ဘဲ တံတား ကွန်ကရစ်တိုင်ကို ဝင်တိုက်ခဲ့တာလို့ ပြောပါတယ်။ မီးသတ်ဌာနမှ Jim Jessop က မီးသတ်သမားတွေ ရောက်လာတဲ့အချိန်မှာ ကားဟာ လုံးဝမီးလောင်ကျွမ်းနေပြီလို့ ပြောပါတယ်။ မီးငြိမ်းသတ်ပြီးနောက်မှာ ကားထဲမှာ လူ […]
Skip to content အီလက်ထရောနစ် ဘီလူးကြီး Xiaomi Corporation ရဲ့ လျှပ်စစ်ကား လုပ်ငန်း ဖြစ်တဲ့ Xiaomi Automobile ဟာ SU7 လျှပ်စစ်ကားတွေကို အမြောက်အများ ထုတ်လုပ်နိုင်တဲ့ စွမ်းအား ရှိလာပါပြီ။ Xiaomi တည်ထောင်သူ Lei Jun က ကားဌာနဟာ ရက်ပေါင်း ၂၃၀ ထဲနဲ့ SU7 အစီးရေ ၁၀၀,၀၀၀ ထုတ်လုပ်နိုင်ပြီလို့ လူမှုကွန်ရက်မှာ ကြွားလိုက်ပါတယ်။ Xiaomi ဟာ ၂၀၂၄ ခုနှစ်မှာ ကားအစီးရေ ၆၀,၀၀၀ ထုတ်လုပ်ဖို့ အစောပိုင်းက ရည်မှန်းထားခဲ့ပေမယ့် SU7 ဝယ်လိုအားဟာ အလွန်များတဲ့အတွက် ကုမ္ပဏီဟာ ထုတ်လုပ်မှုကို မြှင့်တင်ခဲ့ရပါတယ်။ ကားကို စတင် ရောင်းချပြီးနောက်မှာ Xiaomi ဟာ […]
Skip to content Tesla ရဲ့ Full Self-Driving (FSD) နည်းပညာ ထည့်သွင်းထားတဲ့ ကားဟာ သမင်ကို မမြင်ဘဲ ဝင်တိုက်ခဲ့တဲ့အတွက် ဒီနည်းပညာရဲ့ အားနည်းချက်ဟာ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ကား ရှင်းလင်းနေတဲ့ ၂ လမ်းသွားလမ်းမှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ Dashcam မှာ FSD ပါတဲ့ အဲဒီကားဟာ ည အချိန်မှာ သမင်ကို မမြင်ဘဲ ဝင်တိုက်ခဲ့တာလို့ ပြသထားပါတယ်။ Tesla ရဲ့ FSD Mode မှာ လမ်းသွားလမ်းလာနဲ့ အတားအဆီးတွေကို မြင်နိုင်ဖို့ ကင်မရာတွေကိုပဲ အသုံးပြုထားတာ ဖြစ်ပြီး Radar or LiDAR လို တခြား အစိတ်အပိုင်းတွေကို အသုံးမပြုထားပါဘူး။ အဲဒီအတွက် […]
Skip to content Stellantis က Battery တီထွင်သူ Factorial နဲ့ ပူးပေါင်းပြီး Solid-state Battery ပါတဲ့ ကမ္ဘာ့ ပထမဆုံး လျှပ်စစ်ကားတွေကို ၂၀၂၆ ခုနှစ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ Factorial ရဲ့ အဆင့်မြင့် FEST Solid-state Battery ပါတဲ့ Dodge Charger Daytona လျှပ်စစ်ကားတွေကို သရုပ်ပြသလိုက်ပြီး 390 Wh/kg Energy Density ပါကာ မိုင် ၆၀၀ မောင်းနှင်နိုင်ပါတယ်။ အဲဒီ Solid-state Battery တွေဟာ သမားရိုးကျ လစ်သီယမ်အိုင်းယွန်း Battery တွေထက် အလေးချိန် ၄၀ ရာခိုင်နှုန်းနဲ့ အရွယ်အစား ၃၃ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။ […]
Skip to content Elon Musk က “We,Robot” Event မှာ မမျှော်လင့်ထားတဲ့ ကားအသစ်နဲ့ ပွဲတက်လာသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ အဲဒါကတော့ ခရီးသည်တင် စက်ရုပ် ဗင်ကား ဖြစ်ပါတယ်။ Tesla Robovan လို့ အမည်ပေးထားပြီး သမားရိုးကျ ဗင်ကားတွေနဲ့ လုံးဝ ကွဲပြားပါတယ်။ ရထားဒီဇိုင်းနဲ့ ဆင်တူပြီး ဘီးတွေကို မမြင်ရအောင် ဖျောက်ထားပါတယ်။ Musk က အဲဒီကားဟာ လူ ၂၀ အထိ တင်ဆောင်နိုင်သလို ကုန်ပစ္စည်းတွေလည်း သယ်ယူနိုင်တယ်လို့ ပြောပါတယ်။ Musk က “ Robovan ဟာ လူများစွာ တင်ဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အားကစား အသင်းတွေကို သယ်ယူပို့ဆောင်ပေးနိုင်သလို ကုန်ကျစားရိတ် ချွေတာချင်တဲ့ ခရီးသွားတွေအတွက်လည်း […]