ylliX - Online Advertising Network

ဒေါ်လာ ၈၃ ဘီလျံတန်ကြေးရှိ ရွှေသိုက်ကြီးကို တရုတ်နိုင်ငံအလယ်ပိုင်းမှာ တွေ့ရှိ

၂၃. ၁၁. ၂၀၂၄ကTranslated by Thettant တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်မှာ ဒေါ်လာဘီလျံပေါင်းများစွာတန်တဲ့ ကြီးမားတဲ့ရွှေသိုက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီရွှေသိုက်ကြီးကို Pingjiang ခရိုင်ရှိ Wangu ရွှေတွင်းရဲ့ မြေအောက် မီတာ ၂၀၀၀ (ပေ ၆၅၆၀) အောက်မှာ ရွှေကြောအသစ် ၄၀ ကျော် ပါဝင်မှုနဲ့အတူ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ရွှေသိုက်ရဲ့ အူတိုင်ဧရိယာက ခန့်မှန်းမယ်ဆို စုစုပေါင်းရွှေတန်ချိန် ၃၀ဝ ကျော်အထိ ရှိနိုင်တယ်လို့ ဟူနန်ပြည်နယ် ဘူမိဗေဒအင်စတီကျုက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီရွှေသိုက်ကြီးဟာ လက်ရှိဈေးကွက်ပေါက်ဈေးအရ ယွမ်ငွေ ၆၀၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၈၂ ဒသမ၈ ဘီလျံ) ခန့် တန်ကြေးရှိမယ်လို့ ခန့်မှန်းထားပြီး ဒီ ရှာဖွေတွေ့ရှိမှုဟာ တရုတ်နိုင်ငံရဲ့ သတ္တုရှာဖွေရေးမဟာဗျူဟာအတွက် အဓိကအောင်မြင်မှုတစ်ခုဖြစ်တယ်လို့ […]

ဒူဘိုင်းတွင် စတုရန်းပေ သန်း ၃၀ ကျယ်ဝန်းသော ကြီးမားလှသည့်မြေကွက်ကြီးတစ်ခု အာရပ်ငွေ ၂ ဒသမ ၈၃ ဘီလီယံဖြင့် အရောင်းအဝယ်ဖြစ် – iMyanmarHouse.com

[Unicode] အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမှ Al Yalayis 1 အရပ်ရှိ မြေကွက်ကြီးတစ်ခု အာရပ်ငွေ (AED)၂ ဒသမ ၈၃ ဘီလီယံ (ကန်ဒေါ်လာ သန်း ၇၇၀) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း Dubai REST မှ အချက်အလက်များ အရ သိရကြောင်း gulfnews သတင်းတစ်ရပ်တွင် ဖော်ပြသည်။ စတုရန်းပေ သန်း ၃၀ ကျယ်ဝန်းသော မြေကွက်ကြီးကို ၁ စတုရန်းပေလျှင် ၉၄ AED ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကာ ယခုနှစ်အတွင်း ဒူဘိုင်း၏ အကြီးမားဆုံး အိမ်ခြံမြေအရောင်းအဝယ်များတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။ ဒူဘိုင်းအုပ်ချုပ်ရေးအဖွဲ့သည် အိမ်ခြံမြေ၊ ပညာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများကို ပြုပြင်ပြောင်းလဲရန်အတွက် ရည်မှန်းချက်ကြီးမားသော မာစတာ plan တစ်ခုကို မကြာသေးမီက ချပြခဲ့သည်။ […]