ylliX - Online Advertising Network

မောင်ဖြစ်သူကို ပြန်ပေးဆွဲ သတ်ဖြတ်ပြီး တိမ်းရှောင်နေသူကို ဖမ်းမိအောင် တရုတ်အမျိုးသမီးရဲ့ နှစ် ၃၀ ကြာ ကြိုးပမ်းမှု အောင်မြင်

မောင်ဖြစ်သူကို ပြန်ပေးဆွဲ သတ်ဖြတ်ပြီး တိမ်းရှောင်နေတဲ့ တရားခံကို ဖမ်းဆီး အရေးယူနိုင်ရေးအတွက် တရုတ်အမျိုးသမီးတစ်ဦးက ဆယ်စုနှစ် ၃ ခုတိုင်တိုင် ကြိုးပမ်းခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလမှာ လီဟိုင်ယုရဲ့ဖခင်နဲ့ သူစိမ်းအမျိုးသားတစ်ဦး လစာကိစ္စ စကားများခဲ့ကြပြီး အဲဒီအမျိုးသားက လီဟိုင်ယုရဲ့ ၉ နှစ်အရွယ် မောင်ဖြစ်သူကို ပြန်ပေးဆွဲခဲ့ပါတယ်။ ကျောင်းက ပြန်လာချိန် ပျောက်ဆုံးသွားတဲ့ ကလေးငယ် လီဟွမ်ပင်းကို ဟီနန်ပြည်နယ်တစ်ဝိုက် ပိုက်စိပ်တိုက် ရှာဖွေကြပေမဲ့ သူ့ရဲ့အင်္ကျီကိုပဲ တွေ့ခဲ့ကြပါတယ်။ နောက်တစ်နှစ် ဖေဖော်ဝါရီလမှာတော့ လီဟွမ်ပင်းရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ပြီး ပြန်ပေးဆွဲသူကိုတော့ လုံးဝရှာမတွေ့ခဲ့ပါဘူး။ ရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ လီဟွမ်ပင်းကို ဓားနဲ့ထိုးသတ်ပြီး ကြံခင်းထဲ လာပစ်ထားတာလို့ ဆိုပါတယ်။ လီဟိုင်ယုရဲ့ဖခင်ကတော့ ဝမ်းနည်းစရာကောင်းတဲ့ ဒီသတင်းကို သူ့မိသားစုမသိအောင် ဖုံးကွယ်ထားခဲ့တာကြောင့် မိသားစုဝင်တွေကတော့ […]

ဘုတလင်မြို့ စစ်တပ်ဝင်သွားသည့်ရွာတွင်  တစ်ဦးသေ၊ အိမ် ၃၀ ကျော် မီးလောင် – Myanmar Now

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် တစ်လနီးပါးကြာ စစ်ကြောင်းထိုးကာ  ဒေသခံများကို ဖမ်းဆီးသတ် ဖြတ်နေသည့် စစ်ကောင်စီတပ်က နိုဝင်ဘာ ၆ ရက်နေ့တွင် မြို့အရှေ့ခြမ်းရှိ သက်ကြီးအမျိုးသား  ၁ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၃၀ ခန့်ကို မီးရှို့ခဲ့သည်ဟု သိရသည်။  ဘုတလင်မြို့မှထွက်လာသည့် အင်အား ၈၀ ပါ ထိုစစ်ကြောင်းသည် မြို့နှင့် ကပ်လျက် သဖန်းရွာတွင် တစ်ညအိပ် တပ်စွဲပြီး နောက်တစ်နေ့နံနက် ပြန်အထွက်တွင် ထိုအမှုများ ကျူးလွန်ခြင်း ဖြစ်သည်ဟု ဆိုသည်။  သေဆုံးသူမှာ အသက် ၆၀ ကျော်အရွယ် ရွာခံအမျိုးသားဖြစ်ပြီး ထွက်ပြေးစဉ် စစ်ကြောင်းနှင့်တိုးပြီး ပစ်သတ်ခံရသည်ဟု  ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။  “ကျောပိုးလွယ်အိတ်လေးနဲ့တွေ့လို့ PDF ထင်ပြီး နားထင် […]

နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းစောင့်ကြီးကို ကျောင်းဆောင်အမည် ပြောင်းလဲပြီး ဂုဏ်ပြု

နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းစောင့်အမျိုးသမီးကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်နိုင်ငံ၊ မစ်ဆူရီပြည်နယ် မူလတန်းကျောင်းမှာ ကျောင်းဆောင်ကို သူ့အမည် မှည့်ခေါ်ခဲ့ပါတယ်။ ကလုဒင်းဝီလ်ဆန်ဟာ ကျောင်းစောင့်အလုပ်တင် မကဘဲ ပိုက်ပြင်တာ၊ ကျောင်းကားမောင်းတာ စတဲ့အလုပ်တွေလည်း ဝင်လုပ်ခဲ့ပြီး ကျောင်းအတွက် လိုအပ်တဲ့နေရာတိုင်းမှာ ဝင်ရောက်ဖြည့်ဆည်းပေးခဲ့သူပါ။ ဒါပေမဲ့ သူ အမြတ်နိုးဆုံးအလုပ်ကတော့ ကျောင်းသူ/ကျောင်းသားတွေကို စောင့်ရှောက်ပေးရတဲ့ ကျောင်းစောင့်အလုပ်ပါပဲ။ ပြီးခဲ့တဲ့ သြဂုတ်လမှာတော့ ဆွီဒီဘော့အာသရီး ကျောင်းခရိုင်အဖွဲ့အစည်းက မူလတန်းကျောင်းရဲ့ ကျောင်းဆောင်ကို ကလုဒင်းဝီလ်ဆန်သင်ကြားရေးစင်တာလို့ အမည်ပေးပြီး ကျောင်းစောင့်ကြီး ကလုဒင်းဝီလ်ဆန်ကို ဂုဏ်ပြုဖို့ တရားဝင် သတ်မှတ်ပေးခဲ့တာပါ။ ” ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းလို့ မပြောလိုပါဘူး။ သူရဲကောင်းလည်း မဟုတ်ပါဘူး။ ဒီမှာ အလုပ်လုပ်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒါက ကလေးတွေအတွက် လုပ်ပေးခဲ့တာပါ” လို့ ကလုဒင်းဝီလ်ဆန်က […]

၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

လိုက်ပ်ဇစ်နှင့် စတုဂတ်တို့ ဂျာမန်ဖလား နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်အောက်တိုဘာ ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ဖလား ပွဲစဉ်များတွင် လိုက်ပ်ဇစ်အသင်းက စိန့်ပေါ်လီအား ၄-၂ ဂိုးဖြင့် အနိုင်ယူကာ နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ စတုဂတ်အသင်းကလည်း ကိုင်ဇာစတော့တန်အား နောက်ကျအနိုင်ဂိုးသွင်းယူကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။အောက်တိုဘာ ၂၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် အခြားပွဲစဉ်များတွင် ဝုဖ်ဘတ်က ဒေ့ါမွန်အား ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ကိုလုံးအသင်းကလည်း ဟိုလ်စတိန်းကီရယ်လ်အား ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံ လေ‌‌ဗာကူဆင်အသင်းက တတိယတန်းမှ အက်စ်ဗီ အယ်လ်ဗာဘတ်အား ၃-၀ ဂိုးဖြင့်လည်းကောင်း၊ အော့စ်ဘတ်အသင်းက ဒုတိယတန်းမှ ရှော်ကေးအသင်းအား ၃-၀ ဂိုးဖြင့်လည်းကောင်း၊ […]

စွန့်လွှတ်လိုက်ရသည့် မတ္တရာကို စစ်တပ် ထိုးစစ်ဆင်၊ ဒေသခံ ၃၀ နီးပါး သေဆုံး – Myanmar Now

မန္တလေးတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် မတ္တရာမြို့နယ်အတွင်း  စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုနေသဖြင့်  တစ်လအတွင်း အရပ်သား ၃၀ နီးပါး သေဆုံးခဲ့သည်ဟု သိရသည်။ မန္တလေးနှင့်မိုင်၂၀အကွာရှိ ထိုမြို့နယ်အတွင်း  ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) တပ်ဖွဲ့ဝင်တို့ ရှိမည့် နေရာများကို ပစ်ခတ်ရာမှ  အရပ်သားသေဆုံးမှု များပြားလာခြင်းဖြစ်သည်ဟု ဒေသခံများနှင့် စစ်ရှောင်ကူညီရေး အဖွဲ့များက ပြောသည်။ စစ်ကောင်စီတပ် ဗုံးကြဲ၊ ဝင်ရောက်စစ်ကြောင်းထိုးနေသည့်  ရွာများမှာ ဧရာဝတီမြစ်ကမ်းဘေးမှ ဝန်စု၊ ဝေါစု၊ တုံကုန်း၊ မရမ်းကုန်း၊ ရွာသစ်စသည့်ရွာများ ဖြစ်သည်ဟု   ဒေသခံများက ဆိုသည်။ အောက်တိုဘာ၂၆ ရက်နေ့ ညပိုင်းက   မြို့အရှေ့ပိုင်းရှိ အောင်ချမ်းသာ ခေါ်  ရွာသာယာကျေးရွာကို  ဗုံးကြဲရာ ဒေသခံ ၇ဦး သေဆုံးသွားသည်ဟု  အသက်၆၀အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ […]

တစ်ရက်ထဲမှာ ဒေါ်လာ ၃၀ ဘီလီယမ် ဝင်ငွေတိုးသွားတဲ့ Elon Musk – MyTech Myanmar

Skip to content Tesla ရဲ့ စတော့ ဈေးနှုန်းမြင့်တက်သွားတဲ့အတွက် ပြီးခဲ့တဲ့ ကြာသာပတေးနေ့ တစ်ရက်ထဲမှာ Elon Musk ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၃၀ ဘီလီယမ် တိုးတက်သွားပါတယ်။ ကြာသာပတေးနေ့မှာ Tesla ရဲ့ စတော့ ရှယ်ယာ ဈေးနှုန်းဟာ ၂၂ ရာခိုင်နှုန်း မြင့်မားသွားပြီး ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၁၅၀ ဘီလီယမ် ဝန်းကျင်မြင့်မားသွားပါတယ်။ Tesla မှာ ရင်းနှီးမြှပ်နှံထားသူတွေဟာလည်း ဝင်ငွေ မြင့်မားခဲ့ပြီး Elon Musk ဟာ နောက်နှစ်မှာ ကားရောင်းချမှု ၃၀ ရာခိုင်နှုန်းအထိ တိုးတက်အောင် ရည်မှန်းထားပါတယ်။ Tesla ရဲ့ စတော့ရှယ်ယာ ဈေးနှုန်းမြင့်တက်မှုကြောင့် Elon Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ […]

ဒူဘိုင်းတွင် စတုရန်းပေ သန်း ၃၀ ကျယ်ဝန်းသော ကြီးမားလှသည့်မြေကွက်ကြီးတစ်ခု အာရပ်ငွေ ၂ ဒသမ ၈၃ ဘီလီယံဖြင့် အရောင်းအဝယ်ဖြစ် – iMyanmarHouse.com

[Unicode] အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမှ Al Yalayis 1 အရပ်ရှိ မြေကွက်ကြီးတစ်ခု အာရပ်ငွေ (AED)၂ ဒသမ ၈၃ ဘီလီယံ (ကန်ဒေါ်လာ သန်း ၇၇၀) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း Dubai REST မှ အချက်အလက်များ အရ သိရကြောင်း gulfnews သတင်းတစ်ရပ်တွင် ဖော်ပြသည်။ စတုရန်းပေ သန်း ၃၀ ကျယ်ဝန်းသော မြေကွက်ကြီးကို ၁ စတုရန်းပေလျှင် ၉၄ AED ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကာ ယခုနှစ်အတွင်း ဒူဘိုင်း၏ အကြီးမားဆုံး အိမ်ခြံမြေအရောင်းအဝယ်များတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။ ဒူဘိုင်းအုပ်ချုပ်ရေးအဖွဲ့သည် အိမ်ခြံမြေ၊ ပညာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများကို ပြုပြင်ပြောင်းလဲရန်အတွက် ရည်မှန်းချက်ကြီးမားသော မာစတာ plan တစ်ခုကို မကြာသေးမီက ချပြခဲ့သည်။ […]

မိနစ် ၃၀ အားသွင်းရင် ၅၀၅ မိုင် မောင်းနှင်နိုင်တဲ့ ကမ္ဘာ့ ပထမဆုံး ၄ တန် ဘက်ထရီ ပါတဲ့ လျှပ်စစ် လေယာဉ် – MyTech Myanmar

Skip to content ကမ္ဘာ့ ပထမဆုံး All-electric လေယာဉ် ဖြစ်တဲ့ Alice ကို တီထွင်နေတဲ့ Eviation Aircraft ကုမ္ပဏီက UrbanLink Air Mobility နဲ့ ပူးပေါင်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ Alice ခရီးသည်တင်လေယာဉ် ၁၀ စီးကို UrbanLink ကို ရောင်းချပေးဖို့ သဘောတူညီလိုက်ကြပါတယ်။ Alice ဟာ ၅၇ ပေ ရှည်လျားပြီး လူ ၉ ယောက် စီးနိုင်ပါတယ်။ ကမ္ဘာ့ ပထမဆုံး ၄ တန် သို့မဟုတ် ၈,၀၀၀ ပေါင် ဘက်ထရီ ပါတဲ့ လျှပ်စစ် လေယာဉ် ဖြစ်ပြီး မိနစ် ၃၀ အားသွင်းရင် ၅၀၅ မိုင် မောင်းနှင်နိုင်ပါတယ်။ […]