ylliX - Online Advertising Network

သုံးပတ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချို ဒေသခံ (၁၇) ဦးသေဆုံး – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း ဒေသခံ (၁၇) ဦးသေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၁)ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးပတ်အတွင်း ဒေသခံ (၁၇)ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာကာ နေအိမ်အများပြား ပျက်စီးသွားခဲ့ သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီမှ တပ်ကြီးကုန်း ကျေးရွာသို့ နိုဝင်ဘာလ (၂၀)ရက်နေ့ ညနေပိုင်းနှင့် သန်းခေါင်ယံအချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး(၄) ကြိမ်လာရောက်ကြဲချမှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်မှ ပြည်သူများကိုဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင် လာနေသောကြောင့် ဒေသခံများကို လူစုလူဝေးမပြုလုပ်ရန် နှင့် လေကြောင်းရန် ကာကွယ်ရန် အသိပေးထုတ်ပြန်ချက်များကို လိုက်နာရန် ပြောဆိုထားသည်။ နောင်ချို […]

တရုတ်အရှေ့ပိုင်း သက်မွေးဝမ်းကျောင်းတက္ကသိုလ်မှာ ဓားထိုးမှုဖြစ်စဉ်ကြောင့် လူ (၈) ဦး သေဆုံးကာ (၁၇) ဦး ဒဏ်ရာရ – Ayeyarwaddy Times

တရုတ်အရှေ့ပိုင်း သက်မွေးဝမ်းကျောင်းတက္ကသိုလ်မှာ ဓားထိုးမှုဖြစ်စဉ်ကြောင့် လူ (၈) ဦး သေဆုံးကာ (၁၇) ဦး ဒဏ်ရာရ – Ayeyarwaddy Times Source link

ဖာပွန် တိုက်ခိုက်မှုတွင် စစ်သား ၁၇ ဦး တော်လှန်ရေးတပ်များထံ လက်နက်ချ – Myanmar Now

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်အတွင်းရှိ ခေါပုတ်စစ်စခန်းမှ ဆုတ်ခွာသွားသည့်  စစ်ကောင်စီတပ်များကို ကရင်လက်နက်ကိုင်တပ် KNU ဦးဆောင်သည့်  တော်လှန်ရေးတပ်ပေါင်းစုက ယမန်နေ့(နိုဝင်ဘာ၃)တွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၄ ဦးသေဆုံး၊ ၁၇ ဦး အရှင်ဖမ်းမိသည်ဟု မြေပြင်စစ်ရေး သတင်းအရင်းအမြစ်များက ဆိုသည်။  စစ်သားများသည် စခန်းကိုစွန့်ခွာပြီးနောက် မြို့တောင်ဘက်ရှိ အခြေချစစ်ဗျူဟာသို့ ဆုတ်ခွာစဉ် ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းများကဆိုသည်။ သုံ့ပန်းများအနက် တပ်ခွဲမှူးအဆင့်ရှိ ဗိုလ်ကြီးသုံးဦးလည်းပါဝင်သည်ဟု ယင်းတိုက်ပွဲတွင်ပါဝင်သည့်  ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။ တော်လှန်ရေးတပ်များသည်  ဖာပွန်ရှိစစ်စခန်းများကို လနှင့်ချီကြာပိတ်ဆို့ထားပြီး စခန်းသိမ်းတိုက်ပွဲများ  ဆင်နွှဲနေကြောင်း၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း  ၎င်းတို့တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။ BPLA က ထုတ်ပြန်ခဲ့သည့် သုံ့ပန်း ရရှိမှု   ရုပ်သံမှတ်တမ်းတွင်  ဒဏ်ရာရ […]

ဧရာဝတီတိုင်းမှာ မိုးစပါး စထွက်၊ တင်း ၁၀၀ ကို ၁၇ သိန်းဈေးသာရလို့ တောင်သူတွေ အရှုံးပေါ်

မြန်မာပြည်ရဲ့ ဆန်အိုးကြီး ဧရာဝတီတိုင်း၊ ဒေသတချို့မှာ ဒီနှစ် ၂၀၂၄ အတွက် မိုးစပါးတွေ စတင်ထွက်ရှိလာနေပြီး တချို့ဒေသတွေမှာတော့ ရိတ်သိမ်းနေဆဲဖြစ်တယ်လို့ တောင်သူလယ်သမားတွေဆီကနေ သိရပါတယ်။   ဒီနှစ် အောက်တိုဘာလဆန်းပိုင်းကစပြီး ဆန်ကြမ်းအနွယ်ဝင်စပါးအမျိုးအစားတွေဖြစ်တဲ့ ဆင်းသုခ၊ အလဲဗင်း၊ ထွန်းပု၊ ကရင်မ၊ ရက်ကိုးဆယ် စတဲ့ စပါးအမျိုးအစားတွေ စတင်ရိတ်သိမ်းနေတာ ဖြစ်တယ်လို့ ၎င်းတို့က ပြောပါတယ်။   ရေကြီးနစ်မြုပ်မှုနဲ့ ပိုးကျတာတွေကြောင့် ဒီနှစ် စပါးအထွက်နှုန်း ကျဆင်းနိုင်တယ်လို့ လယ်သမားတွေက ဆိုပါတယ်။   “အခုမှစရိတ်တုန်းဆိုတော့ ဘယ်လောက်အထွက်နည်းတယ်ဆိုတာတော့ မပြောတတ်သေးဘူး။ ရေမြုပ်တာတွေ၊ လယ်ပျက်စီးတာတွေတော့ရှိတယ်။ စပါးအထွက်နည်းမယ်လို့တော့ထင်ပါတယ်” လို့ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့မှ အသက် ၃၅ နှစ်ဝန်းကျင်ရှိ လယ်သမားတစ်ဦးက CJ Platform ကို ပြောပါတယ်။ ဒါ့အပြင် […]

ဒီကနေ့ အောက်တိုဘာလ ၁၇ ရက်၊ သီတင်းကျွတ်လေပြည့်နေ့မှာ ဘယ်လိုသတင်းတွေကို နားဆင်ကြည့်ရှုရဖို့ရှိသလဲ?

  (၁)သီတင်းကျွတ်လပြည့်နေ့မှာ နိုင်ငံတဝန်းက တန်ခိုးကြီးစေတီတွေမှာ ဘုရားဖူးတွေနဲ့ စည်ကားခဲ့တဲ့သတင်း (၂)လေးကေ့ကော်အနီးရှိ စစ်ကောင်စီရဲ့ စွယ်တော်အမြောက်ကုန်းကို KNLA/PDF ပူးပေါင်းတပ် သိမ်းပိုက်လိုက်နိုင်တဲ့သတင်း (၃)စစ်ဘေး၊ ရေဘေးတွေကြောင့် အဖြစ်လုပ်ခဲ့ရတဲ့ ကျောက်ဆည်ဆင်ပွဲ (၄)တရုတ်ရဲ့ BRI စီမံကိန်းတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ပါကစ္စတန် ဝန်ကြီးချုပ်တိုက်တွန်းလိုက်တဲ့သတင်း စတဲ့သတင်းတွေအပါအဝင် အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး နောက်ဆုံးရသတင်းတွေကို CJ Platform ရဲ့ Daily CJ Report မှာ နားဆင်ကြည့်ရှုနိုင်ပါပြီ။   Source link