ylliX - Online Advertising Network

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၂ )

(မိုးမခ) အောက်တိုဘာ ၉ ၊ ၂၀၂၄ 9/10/24 Diary in the darkness  ဒီနေ့ နေသာတယ်။ ရေချွေတာတဲ့အနေနဲ့ ရေပန်းနဲ့ ရေချိုးတယ်။ မီးလာတယ်။ ၁၀ မိနစ် ရေတင်တယ်။ ၈;၃၀ နာရီမှာ သန်းခေါင်စာရင်းလာကောက်တယ်။ ပိန်ပိန်ပါးပါး အရပ် လေးပေ ငါးလက်မ လောက်ရှိတဲ့ အမျိုးသမီးငယ်တစ်ယောက်ပဲ အိမ်ထဲဝင်လာကပြီး စာရင်းကောက်တယ်။ မျက်နှာကို mask တပ်ထားတယ်။ နေကာဦးထုပ်ကြီးကြီး ဆောင်းပြီး မျက်နှာကို ကွယ်ထားတယ်။ ခပ်နွမ်းနွမ်းအဝတ်အစား ဝတ်ထားတယ်။ ရွှေတိုရွှေစကလေးတွေ ဝတ်ထားတယ်။ ခရမ်းရောင်ခြေသည်းလက်သည်း ဆိုးထားတယ်။ လစာနည်း ဝန်ထမ်းတယောက် ဆိုတာ သိသာတယ်။ ကျန် ဆယ်ယောက်လောက်က ခြံအပြင်မှာ နေတယ်။ အိမ်မှာ နေထိုင်သူ ဘယ်နှယောက်လဲ။ အိမ်ရှင်လား။ […]