ylliX - Online Advertising Network

၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်းရဲဘော်များအား ရည်စူးပြီး အလှူဒါနပြုလုပ်

RNA_အောက်တိုဘာ(၂၇)၊၂၀၂၄ခုနှစ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေတစ်နေရာတွင် (၁၀၂၇)စစ်ဆင်ရေးတိုက်ပွဲအတွင်း အာဏာရှင်စစ်ကောင်စီတပ်အား တော်လှန်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်း ရဲဘော်များအားယနေ့ အောက်တိုဘာလ (၂၇) ရက် ( ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်) နေ့တွင် အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (PSLF/TNLA) မှ တပ်မတော်သားများနှင့် ပူပေါင်းတပ်မှအသက်ပေးလှူသွားသူများအားရည်စူး၍ ယနေ့ အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း၊ စစ်ဆင်ရေးတစ်နှစ်တာအတွင်း ကိုယ်ကျိုးမငှဲ့ အာဏာရှင်စစ်အုပ်စုများကို တိုက်ပွဲဝင် တော်လှန်တိုက်ခိုက်ပြီး အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါ ပေးလှူသွားခဲ့ကြသည့် PSLF/TNLA တပ်မတော်သားများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား PSLF/TNLA နှင့် မိဘပြည်သူလူထုများမှ အစဉ်အောက်မေ့ဂုဏ်ယူကာသမိုင်းမှတ်တမ်းတင်အပ်ပါသည်ဟု PSLF/TNLA ကထုတ်ပြန်ထားသည်။ မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် PSLF/TNLA၊ MNTJP/MNDAA နှင့် ULA/AA တို့ ဦးဆောင်စတင်ခဲ့သည့် ၂၀၂၃ […]

“MNDAA က တရုတ်ကို အာဏာဖီဆန်မှာလား။ နောက်ဆုတ်မှာလား” – သျှမ်းသံတော်ဆင့်

“၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ကာလအတွင်း ကိုးကန့်တပ်ဖွဲ့တွေ ဘယ်လိုမျိုးပြောင်းလဲသွားလဲ။ တရုတ်ကရော ဘယ်လိုအခြေအနေရှိလဲ။ စစ်ကောင်စီကရော ဘယ်ခြေလှမ်းတွေ လှမ်းနေလဲ ဆိုတာနဲ့ပတ်သက်ပြီးတော့ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန်က သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်းနှင့် တွေ့ဆုံဆွေးနွေး မေးမြန်းထားပါတယ်။ မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်တော့မယ့် ကာလအတွင်းမှာ သျှမ်းပြည်မြောက်ပိုင်းမှာဆိုရင် ကုန်သွယ်ရေး အနေနဲ့ရော စစ်ရေးအခြေအနေနဲ့ရော အရပ်သားတွေရဲ့ အခြေအနေရော အကျပ်အတည်းထဲ ရောက်နေတယ်လို့ ပြောလို့ရလား။ ဒီကိစ္စ အခြေအနေကို သုံးသပ်ပေးပါအုံး။ ဖြေ။ ။ ဒီကိစ္စ အခြေအနေ နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ ကုန်သွယ်ရေး၊ စစ်ရေး အခြေအနေရယ်၊ နောက်ပြီး လူမှုရေး အခြေအနေလို့ခေါ်တဲ့ အရပ်သားတွေရဲ့ အခြေအနေ အားလုံးဟာ အကျပ်အတည်းထဲ ဆိုက်ရောက်နေတယ်ဆိုတာ ဘာမှငြင်းစရာမလိုပါဘူး။ […]

အောင်ပွဲရ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲဘော်များကို အညာပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_အောက်တိုဘာ(၂၁)၊၂၀၂၄ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယပိုင်း၊ သန္ဓီ၊ လားရှိုး၊ မိုးမိတ် မြို့သိမ်းတိုက်ပွဲများတွင် အောင်ပွဲများရရှိခဲ့သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA ရဲဘော်များ အညာဒေသတနေရာတွင် ပြည်သူလူထုက ဝမ်းသာအားရ တခဲနက် ကြိုဆိုခဲ့သော မှတ်တမ်းဓာတ်ပုံများကို ယနေ့ ထုတ်ပြန်ထားသည်။   #RedNewsAgency #RNA #people #AhNyar Source link