၂၆. ၁၁. ၂၀၂၄Written by Nyein Kyaw ရန်ကုန်တိုင်းဒေသကြီးတွင် ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကြေးများ အကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ တရားခံအမျိုးသား ၅ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။ လူမှုကွန်ရက်စာမျက်နှာများတွင် ဖုန်းဖြင့်ဆက်သွယ်၍ ငွေကြေးလိမ်လည်တောင်းခံမှုများ ဖြစ်ပွားနေကြောင်း ဖော်ပြပါရှိမှုများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မိမိ၏အမာခံသတင်းပေးများ၊ ဒုစရိုက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များ၊ နည်းပညာဆိုင်ရာ အထောက်အကူပြုပစ္စည်းများမှ ရရှိသောအချက်အလက်များကိုအခြေခံကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် ညနေပိုင်းတွင် အမြန်လမ်းမကြီး(Zero)မိုင် တိုးဂိတ်၌ မကွေးတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ ပြေးဆွဲနေသည့် “နန်းထိုက်တော်ဝင်” ခရီးသည်တင်ယာဉ်ပေါ်၌ ဖုန်းဖြင့်ဆက်သွယ်၍ ငွေကြေး လိမ်လည်မှုကျူးလွန်သူများဖြစ်ကြသည့် မကွေးတိုင်းဒေသကြီး၊ […]
မန္တလေးမြို့ပေါ်က လမ်းသွားလမ်းလာပြည်သူများထံမှ ရွှေဆွဲကြိုးများ အကြိမ်ကြိမ် လုယက်မှုကျူးလွန်ခဲ့သူ တရားခံ ၃ ဦးအား သက်သေခံရွှေထည် ပစ္စည်းများနှင့်အတူ ဖမ်းမိ – Myanmar Transparency News Source link