ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်တို့ကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နိုဝင်ဘာလအတွင်း အရပ်သား ၁၂ ဦးသေဆုံးသွားကြောင်း ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ (IEC) က ပြုစုထားသည့် စာရင်းများအရ သိရသည်။ နိုဝင်ဘာ ၈ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် ၆ ဦးစီ သေဆုံးသည်ဟု သိရသည်။ ၂၇ ရက်နေ့သေဆုံးသူများမှာ ဖယ်ခုံအင်း အရှေ့ဘက်ကမ်း ကုန်းပေါရွာနေ ကလေး ၂ ဦးနှင့် ၎င်းတို့၏ မိခင်၊ မိုးဗြဲမြို့မှ ဒေသခံအမျိုးသမီး ၂ ဦးနှင့် ရွှေစမ်းရွာနေ အသက် ၄၀ အရွယ်အမျိုးသား ၁ ဦးတို့ ဖြစ်သည်ဟု IEC က ဆိုသည်။ ကလေးနှစ်ဦးမှာ ၁ နှစ် […]