ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကုန်းလောရွာကို နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကလေးငယ်များအပါအဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။ မိုးမောက်မြို့မြောက်ဘက် ၁၇ မိုင်ခန့်အကွာတွင် တည်ရှိသော ကုန်းလောရွာကို မွန်းလွဲ ၃ နာရီ မိနစ် ၄၀ ခန့်တွင် လေယာဉ်တစ်စီးက ဗုံးကြဲခဲ့စဉ် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဗုံးထိမှန်ခဲ့သည်။ ဘုရားကျောင်းအနီးဝန်းကျင်တွင် စစ်ရှောင်များ လာရောက်ခိုလှုံနေထိုင်လျက်ရှိရာ ဆော့ကစားနေသည့် ကလေးငယ်များအပါအဝင် ဒေသခံ ၈ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ကုန်းလောရွာမှ ဘုရားကျောင်းအပျက်အစီးများ။ (ဓာတ်ပုံ- ပေးပို့) “ (ဘုရားရှိခိုးကျောင်း)အဲဒီမှာက […]
တအာင်းတပ် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ လူနေအိမ်များ ယမန်နေ့ (နိုဝင်ဘာ ၁၁) ညပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး ထက်မနည်းသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိသည ဟု ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။ ည ၁၁ နာရီကျော်ခန့်တွင် မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်၊ မြို့အနောက်ပိုင်း လူးထရပ်ကွက်တို့ကို လေယာဉ်နှစ်စီးက ဗုံး ၅ လုံးကြဲချခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ဗုံးကြဲမှုကြောင့် သေဆုံးသူတို့မှာ အရှေ့ပိုင်းမှ ၃ ဦး၊ အနောက်ပိုင်းမှ ၃ ဦး ဖြစ်သည်၊ ထိခိုက်မှုစာရင်း စုံစမ်းနေဆဲဖြစ်သည်ဟု မိုးကုတ်မြို့ခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ “ အနောက်ပိုင်းရော အရှေ့ပိုင်းရော။ လောလောဆယ် အသေအဆုံးတွေက […]