ylliX - Online Advertising Network

စစ်ဆေးခံနေရသည့် MFTB ဦးဆောင်ညွှန်ကြားရေးမှူး အလုပ်ထုတ်ခံရ – Myanmar Now

ပို့ကုန်ချေးငွေများနှင့် အလွဲသုံးစားလုပ်သည်ဆိုကာ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း  အောက်တိုဘာထုတ် မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။ နိုင်ငံခြားသုံးငွေနှင့် နိုင်ငံတကာငွေပေးချေမှုများအတွက် အခရာအကျဆုံး နိုင်ငံပိုင်ဘဏ်ကြီးဖြစ်သည့် MFTB ဦးဆောင်ညွှန်ကြားရေးမှူး၊ သူ၏ ကိုယ်ရေးအရာရှိ ဒေါ်မြတ်ဆု၊ ဒုတိယအထွေထွေ မန်နေဂျာ ဦးအောင်ကိုဦး၊ လက်ထောက်မန်နေဂျာ ဒေါ်အေးအေးခိုင်တို့ကို ယခုနှစ် ဇူလိုင်တွင် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့သည်။ စစ်ဆေးခံရသည့် ဝန်ထမ်းအချို့ပြန်လည်လွတ်မြောက်လာသော်လည်း ဒေါ်ကေသီကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်သည့်အပြင် တရားစွဲဆိုထားမှုလည်းရှိရာ စီရင်ချက်ချမှတ်ထားပြီး ဖြစ်နိုင်ကြောင်း MFTB ဘဏ်နှင့်နီးစပ်သူတစ်ဦးက Myanmar Now ကိုပြောသည်။ ဒေါ်ကေသီကို တရားစွဲဆိုမှုများနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ စစ်ကောင်စီက ဒေါ်ကေသီကို ဖမ်းဆီးစစ်ဆေးနေချိန် MFTB ဘဏ်လုပ်ငန်းကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) […]