ylliX - Online Advertising Network

နျူကလီးယားအရေး ဥရောပ အင်အားကြီး ၃ နိုင်ငံနဲ့ အီရန် ဆွေးနွေးမည်

ကုလသမဂ္ဂအနုမြူ အေဂျင်စီ (IAEA) က အီရန်နိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ၊ အီရန်က သူ့ရဲ့ အငြင်းပွားစရာ နျူးကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ဥရောပက အင်အားကြီးနိုင်ငံ ၃ နိုင်ငံနဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ ဂျပန်နိုင်ငံက ကျိုဒိုသတင်းအေဂျင်စီက ဒီနေ့ပြောပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေက အဆိုပြုတဲ့ ဆုံးဖြတ်ချက်ကို အီရန်ဘက်က ယူရေနီယမ် သန့်စင်ဖို့အတွက် ပိုပြီးအဆင့်မြင့်တဲ့ ဗဟိုခွါစက်အသစ်တွေ တည်ဆောက်သွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အီရန်အစိုးရကတော့ အမေရိကန်မှာလာမယ့် ဇန်နဝါရီလမှာ ရွေးကောက်ပွဲ အနိုင်ရ ဒေါ်နယ်ထရမ့် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင် နျူးကလီးယားအရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတာပါ။ ဆွေးနွေးပွဲကို လာမယ့်သောကြာနေ့မှာ လုပ်သွားမှာ ဖြစ်တယ်လို့ […]

သမ္မတရှီက ရှောဇ်၊ မက်ခရွန်တို့နှင့် တွေ့ဆုံစဉ် တရုတ်-အီးယူ ကုန်သွယ်ရေး အငြင်းပွားမှုများတွင် အပြန်အလှန်ဆွေးနွေးမှု၏ အရေးပါပုံကို အလေးထားပြောကြား

တရုတ်လျှပ်စစ်ကားများအပေါ် ဥရောပသမဂ္ဂ (အီးယူ) က စည်းကြပ်ခွန်များ သတ်မှတ်သည့် ကိစ္စရပ်အား ဖြေရှင်းရာတွင် ဂျာမနီနိုင်ငံအနေဖြင့် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဟု မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဥရောပအား ဗဟုဝင်ရိုးကမ္ဘာ အခင်းအကျင်းတွင် အရေးပါသော ဝင်ရိုးတစ်ခုအဖြစ် မှတ်ယူထားကြောင်း ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်နှင့် တွေ့ဆုံစဉ်အတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/YX9 ……………………(English Version)Xi stresses dialogue in China-EU trade disputes in meetings with Scholz, MacronIt’s hoped that Germany will continue to play an important role […]