လင်မယားနှစ်ဦးနှင့် သက်ဆိုင်သည့် ပစ္စည်းများအား အောက်ပါအတိုင်း အမျိုးအစားများခွဲခြား၍ သတ်မှတ်နိုင်ပါသည်။ ၁။ ပါရင်းပစ္စည်း ၂။ အထက်ပါပစ္စည်း ၃။ ခန်းဝင်ပစ္စည်း ၄။ မင်းပေးပစ္စည်း ၅။ လက်ထပ်ပွှားပစ္စည်း ၆။ နှစ်ပါးစုံပစ္စည်း ၇။ သီးခြားပိုင်ဆိုင်သည့်ပစ္စည်း ဟူ၍ ဖြစ်ပါသည်။ ပါရင်းပစ္စည်းဆိုသည်မှာ တစ်ဦးမှ အိမ်ထောင်ပြုစဉ် ပါရှိလာသော ပစ္စည်းကို ဆိုလိုပြီး ပစ္စည်းပါ လာသူ ခင်ပွန်း/ဇနီးမှ (၃)ပုံ (၂)ပုံရရှိပြီး ကျန်တစ်ဦးမှ (၃)ပုံ (၁)ပုံရရှိပါသည်။ ပါရင်းပစ္စည်းမှာ လက်ထပ်ပွှားပစ္စည်း၊ ခန်းဝင်ပစ္စည်းနှင့် ကြာလျှင် ရောထွေးသွားတတ်ပြီး လက်ထက်ပွှားပစ္စည်းဖြစ်သည်ဟု အငြင်းပွှားတတ်ပါသည်။ ပါရင်းပစ္စည်းမြေပေါ်တွင် အိမ်ဆောက်လိုက်ပါက လက်ထက်ပွှားပစ္စည်းနှင့် ရောထွေးကာ လက်ထက်ပွှားပစ္စည်း ဖြစ်သွားတတ်ပါသည်။ အထက်ပါပစ္စည်းဆိုသည်မှာ အိမ်ထောင်ကြီးချင်း လက်ထက်ကြလျှင် ပါရှိလာသောပစ္စည်းကို ဆိုလိုပါ သည်။ […]