ylliX - Online Advertising Network

အီလွန်မက်ဦးဆောင်မယ့် အစိုးရထိရောက်မှုဆိုင်ရာ ဌာနအသစ် ထရမ့်ဖွဲ့စည်း

အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတအသစ် ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ အစိုးရအသစ်အတွက် အစိုးရထိရောက်မှုဆိုင်ရာဌာန (DOGE) အသစ် တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ဌာနကို ကမ္ဘာ့ထိပ်တန်းသူဌေး အီလွန်မက် (Elon Musk) နဲ့ ရီပတ်ဘလီကန်ရဲ့ သမ္မတလောင်းဟောင်း ဗီဗက်ခ်ရာမာဆွာမီ (Vivek Ramaswamy) တို့က ဦးဆောင်မှာ ဖြစ်တယ်လို့ ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်နေ့က ပြောပါတယ်။   ဌာနသစ်ရဲ့ အဓိကရည်ရွယ်ဟာ အစိုးရဗျူရိုကရေစီစနစ်ကို ဖြိုချဖို့၊ မလိုအပ်တဲ့ စည်းမျဉ်းတွေကို လျှော့ချဖို့နဲ့ ဖက်ဒရယ်အစိုးရဌာနတွေ ပြန်လည်ဖွဲ့စည်းဖို့အတွက် ဖြစ်တယ်လို့ ထရမ့်က ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။   Forbes မဂ္ဂဇင်းရဲ့ အဆိုအရ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နဲ့ လျှပ်စစ်ကားကုမ္ပဏီ Tesla၊ လူမှုကွန်ရက် X (ယခင် Twitter) […]