AFP ၂၀၂၀ ခုနှစ်များ အတွင်း အိန္ဒိယ – တရုတ် နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပြဿနာ တွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး နယ်စပ်ဇုန်တွေမှာ စစ်ရေးကင်းလှည့်ခြင်းနဲ့ ပတ်သက်ပြီး အိမ်နီးချင်း တရုတ် နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း အိန္ဒိယက အောက်တိုဘာ ၂၁ မှာ ပြောပါတယ်။ ရုရှား မှာ ပြုလုပ်မယ့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက နှင့် အခြား နိုင်ငံများ ပါဝင်သော နိုင်ငံတကာ ထိပ်သီးအစည်းအဝေး (BRICS) သို့ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီ မတက်ရောက်မီ တရက်အလိုမှာ အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ယင်းအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင်လည်း တက်ရောက်ရန် စီစဥ်ထားပါတယ်။ […]