ရင်အုပ်ကြွက်သား တွေ တောင့်တင်းသန်မာဖို့ အဓိက ပစ်မှတ်ထား ကစားချင်တဲ့ ကွီးတို့အတွက် လေ့ကျင့်ခန်းတွေကို ဖော်ပြပေးချင်ပါတယ်။ Chest Muscle တက်အောင် ကစားနိုင်မယ့် လေ့ကျင့်ခန်း နည်းတွေကတော့ အများကြီး ရှိပါတယ်။ ဒီထဲကမှ ကွီးတို့အတွက် ထိထိရောက်ရောက်နဲ့ ရလာဒ်ကောင်းအောင် ကစားနိုင်မယ့် လေ့ကျင့်ခန်း အချို့ကို ရွေးချယ်တင်ဆက် ပေးသွားပါမယ်။ (၁) Cable Fly Photo : PureGym Cable Fly လေ့ကျင့်ခန်းကတော့ Cable Crossover Machine ကို အသုံးပြုပြီး ကစားရမှာ ဖြစ်ပါတယ်။ ရှေ့ကို ခြေတစ်လှမ်း လှမ်းပြီး ဒူးကိုအနည်းငယ်ကွေးကာ Cable ကို ခန္ဓာကိုယ်ရဲ့ဘေးဘက် လက်တစ်ဖက်တစ်ချက်စီမှာ ကိုင်ထားရပါမယ်။ ပြီးတဲ့အခါ ရင်အုပ်ကြွက်သား တွေကို ညှစ်ထုတ်ပြီး […]
လက်စတာ – ချဲလ်ဆီး (စနေည ၇ နာရီ) ချဲလ်ဆီးနည်းပြ မာရက်စ်ကာအတွက်တော့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမယ့်ပွဲပါပဲ။ သူဟာ လက်စတာကို တစ်ရာသီသာ တာဝန်ယူခဲ့ပေမဲ့ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးမှ ချဲလ်ဆီးကို ပြောင်းလာခဲ့တာပါ။ လက်စတာဟာ ဒီရာသီ ၁၁ ပွဲကစားပြီးချိန်မှာ နှစ်ပွဲသာအနိုင်ရခဲ့ပြီး ခံစစ်ပိုင်းက ၂၁ ဂိုးအထိ ပေးထားရကာ အဆင့် ၁၅ ထိ ရောက်နေခဲ့ပါတယ်။ ချဲလ်ဆီးကတော့ တည်ငြိမ်တဲ့ ပုံစံရရှိနေပြီး အာဆင်နယ်နဲ့ မန်ယူကို သရေကစားကာ နိုင်သင့်တဲ့ပွဲမျိုးကို အနိုင်ရအောင် ကစားထားနိုင်ခဲ့တာ တွေ့ရပါတယ်။ နောက်ဆုံး ငါးပွဲမှာ ၁၂ ဂိုးရထားတဲ့ ချဲလ်ဆီးတိုက်စစ်ကို ငါးပွဲဆက် ဂိုးပေးထားရတဲ့ လက်စတာခံစစ်ထိန်းနိုင်ဖို့ မလွယ်ပါဘူး။ ချဲလ်ဆီးတို့ […]
ခန္ဓာကိုယ် အောက်ပိုင်းကြွက်သားတွေ တောင့်တင်းကြံ့ခိုင်ဖို့ ဘယ်လေ့ကျင့်ခန်းတွေ လုပ်ရမလဲ ခေါင်းစားနေပြီလား ? အောက်ပိုင်း မာဆယ်တွေ ကျစ်ကျစ်လစ်လစ်နဲ့ ကြံ့ခိုင်သန်မာလာစေဖို့အတွက်ဆို ကွီးတို့ အထိရောက်ဆုံး ကစားနိုင်မယ့် လေ့ကျင့်ခန်းနည်းတွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ Beginners Levels တွေအတွက် အောက်ပိုင်း ကြွက်သားတွေရဲ့ Strength နဲ့ Power ကို တိုးစေပြီး Muscle Mass တက်စေမယ့် အကောင်းဆုံး လေ့ကျင့်ခန်း နည်းတွေကို မျှဝေပေးပါမယ်။ (၁) Bulgarian Split Squat Photo : Men’s Journal Flat Bench သို့မဟုတ် ခုံ တစ်လုံးပေါ်မှာ ခြေဖျားကို တင်ပြီး မတ်တပ်ရပ်ပါ။ ထို့နောက် ခြေထောက်ကို ကြမ်းပြင်နဲ့ ထိလုနီးပါးအထိ […]
ကယ်လိုရီ လောင်ကျွမ်းမှုကို မြှင့်တင်ပေးပြီး ကြွက်သားတွေ ကျစ်လစ်သန်မာစေဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်းသုံး ကိရိယာလို့ ပြောရင် Dumbbell တွေကို မေ့ထားလို့ မရတာ အမှန်ပါပဲ။ အလေးတုံးတွေ ရှိရုံနဲ့ ကွီးတို့ အိမ်မှာပဲ အားလပ်ချိန်တိုင်းမှာ လွယ်လွယ်ကူကူ လေ့ကျင့်ခန်း ပြုလုပ်လို့ ရပါတယ်။ ဒီတစ်ခေါက်တော့ အလုပ်များတဲ့ ကွီးတို့အတွက် အချိန် ၁၅ မိနစ် လောက် ပေးပြီး ကစားမယ်ဆိုရင်ပဲ ကြွက်သားကျစ်လစ်တဲ့ အမိုက်စား ဘော်ဒီရရှိလာစေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်း နည်းတွေကို မျှဝေပေးချင်ပါတယ်။ (၁) Dumbbell Split Squat Source : STYRK Dumbbell Split Squat ကစားနည်းကတော့ Lunge လေ့ကျင့်ခန်းရဲ့ ပုံစံကွဲ တစ်ခုပါပဲ။ အရေးကြီးဆုံး […]
ဒီတစ်ပတ်မှာတော့ လန်ဒန်မြို့ခံပြိုင်ဘက် ၂ သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းတစ်ပွဲကို ပရိသတ်တွေ ကြည့်ရှုခံစားရတော့မှာ ဖြစ်ပါတယ်။ ဂန်းနားတို့ကတော့ နှစ်တိုင်းကြုံတွေ့နေကျ ဆောင်းရာသီ အိပ်မက်ဆိုးကို ဆက်ထိန်းထားပြီး လက်ရှိ ပရီးမီးယားလိဂ်မှာ ရိုးရာမပျက် ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေတာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို ဆင်းပေးထား ရတာပါ။ Photo : Chelsea Football Club ကစားသမား ဒဏ်ရာပြဿနာတွေ ရှိနေသလို လက်ရှိ ပွဲကြပ်ကာလလည်း ဖြစ်နေတဲ့ ဂန်းနားတို့အတွက် ချဲလ်ဆီး အိမ်ကွင်းမှာ သွားရောက် ကစားရမယ့် ဒီပွဲက ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာတော့ အသေအချာပါပဲ။ ဒါပေမယ့် အာကြီးက ချဲလ်ဆီးနဲ့ […]
တနင်္ဂနွေညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) ရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံးနဲ့ ယှဉ်ပြိုင်မှု အပြင်းထန်ဆုံး ဖြစ်မယ့် ပွဲကြီးပွဲကောင်းတစ်ပွဲကို ပရိသတ်တွေ ကြည့်ရှုခံစား ရပါတော့မယ်။ ဒီပွဲက မိတ်ဆွေဟောင်းကြီးတွေ ဖြစ်တဲ့ မန်ယူ နဲ့ ချဲလ်ဆီး တို့ ထိပ်တိုက်တွေ့ဆုံမယ့် ပွဲကောင်းတစ်ပွဲပါ။ မန်ချက်စတာ ယူနိုက်တက် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ပြိုင်ဘက် ချဲလ်ဆီးအသင်းကို လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။ Photo : Evening Standard မန်ယူ အသင်းဟာ ဒီရာသီမှာ အဆိုးရွားဆုံး ပုံစံတွေနဲ့ အလူးအလဲ ရုန်းကန်နေရတဲ့ အခြေအနေမှာ ရှိနေပြီး ပရီးမီးယားလိဂ် ၉ ပွဲမှာ တစ်ပွဲသာ အနိုင်ရထားပါတယ်။ လီဗာပူးနဲ့ စပါးတို့လို အသင်းကြီးတွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ ဂိုးပြတ်ရလဒ်နဲ့ အရေးနိမ့်ထားပြီး အက်စတွန်ဗီလာ […]
နယူးကာဆယ် – အာဆင်နယ် (စနေည ၇ နာရီ) ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲလို့ ဆိုရပါမယ်။ နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီဆက်မှာ အာဆင်နယ်ဆီကနေ အမှတ်ခွဲယူပြီး ချန်ပီယံဖြစ်ရေးအိပ်မက်ကို တတ်နိုင်သလောက် နှောင့်ယှက်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ရာသီတုန်းက စိန့်ဂျိမ်းပတ်ခ်မှာ ကစားခဲ့တဲ့ပွဲဟာ အငြင်းပွားစရာတွေနဲ့ အာဆင်နယ်တို့ အရေးနိမ့်ခဲ့ပြီးနောက်မှာတော့ သူတို့နှစ်သင်းကြားက ပြိုင်ဆိုင်မှုတွေဟာ ပိုပြီး ပြင်းထန်လာခဲ့တာပါ။ ဒီရာသီမှာတော့ နယူးကာဆယ်ဟာ တည်ငြိမ်မှုပျောက်ဆုံးနေပြီး ကိုးပွဲကစားပြီးချိန်မှာ သုံးပွဲနိုင်၊ သုံးပွဲသရေ၊ သုံးပွဲရှုံးပြီး အဆင့် ၁၂ မှာ ရပ်တည်နေတာပါ။ အာဆင်နယ်ကတော့ ဇယားထိပ်က မန်စီးတီးနဲ့ ငါးမှတ်အကွာ အဆင့်သုံးမှာ ရှိနေပြီး ဒီပွဲမှာသာ ထပ်ပြီး အမှတ်လျော့ဦးမယ်ဆိုရင်တော့ ချန်ပီယံဖြစ်ရေးအိပ်မက်ဟာ စောစောစီးစီးပဲ လွင့်ပျယ်သွားဖို့ […]
ဘောလုံးသမိုင်းတစ်လျှောက် ငယ်ငယ်ရွယ်ရွယ်နဲ့ Ballon d’Or ဆု ရရှိထားတဲ့ ကျန်ရှိနေသေးတဲ့ ကစားသမားတွေကို ဆက်လက်တင်ဆက်ပေးပါမယ်။ (၁) Cristiano Ronaldo Photo : 90min ပေါ်တူဂီလက်ရွေးစင် Cristiano Ronaldo ကတော့ ကစားသမား ဘဝတစ်လျှောက် Ballon d’Or ဆု ၅ ခု ရရှိထားပါတယ်။ ဒီထဲကမှ ပထမဆုံး အကြိမ် Ballon d’Or ဆုကိုတော့ ၂၀၀၈ ခုနှစ် သူ့အသက် ၂၃ နှစ်အရွယ် မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ (၂) Eusebio Photo : 90min ပေါ်တူဂီ ကစားသမားကြီး Eusebio ကတော့ ၁၉၆၅ ခုနှစ်နောက်ပိုင်း […]
အောက်တိုဘာလ ၂၉ ရက် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ နဂါးလှေလှော်အားကစား လက်ရည်စစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့က ရွှေတံဆိပ် ဆု ၅ ဆုနဲ့ ငွေတံဆိပ်ဆု ၂ ဆုတို့ကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။ ယခုလှေလှော်ပြိုင်ပွဲကို အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်(ICF)က ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး အခုပြိုင်ပွဲဟာ လာမယ့် ၂ဝ၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၊ ချန်ဒူးမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အားကစားပြိုင်ပွဲရဲ့နဂါးလှေလှော်အားကစားပွဲအတွက် အကြိုလက်ရည်စစ်ပြိုင်ပွဲဖြစ်တယ်လို့ သိရပါတယ်။ မြန်မာလှေလှော်အားကစားအဖွဲ့အနေနဲ့ နဂါးလှေလှော်အားကစား လက်ရည်စစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၅ ဆုနဲ့ ငွေတံဆိပ်ဆု ၂ ဆု တို့ကို ရလဒ်ကောင်းစွာနဲ့ ဆွတ်ခူးရရှိခဲ့ခြင်းအပေါ် လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဘက်က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာနိုင်ငံအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အမြဲတစေ ဂရုပြုထောက်ခံအားပေးနေပြီး […]
ဘောလုံးလောကရဲ့ ထိပ်ထိပ်ကြဲ ထိပ်တန်း ကစားသမားတစ်ဦးဖြစ်တဲ့ GOAT ကြီး လီယွန်နယ် မက်ဆီ ကိုတော့ မသိတဲ့သူ မရှိသလောက်ပါပဲ။ မက်ဆီဟာ GOAT ကြီး ဆိုတဲ့ ဘွဲ့နာမနဲ့ ထိုက်တန်တဲ့ ကစားသမားကောင်းတစ်ဦးဖြစ်သလို သူ့မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေလည်း အများကြီး ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ GOAT ကြီး မက်ဆီအကြောင်း ကွီးတို့ မသိသေးတဲ့ စိတ်ဝင်စားဖွယ်ရာ အချက်တွေကို ပြောပြပေးပါမယ်။ Photo : Sportsdunia ပီအက်စ်ဂျီအသင်းမှာ နှစ်ရာသီကြာ ကစားပြီးနောက် GOAT ကြီး မက်ဆီ ဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသို့ ပေါင် ၄၆.၇ သန်းနဲ့ ပြောင်းရွေ့လာခဲ့ပါတယ်။ ဒါဟာ မေဂျာလိဂ် သမိုင်းတစ်လျှောက် တန်ကြေးအများဆုံး ကစားသမားခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မက်ဆီဟာ […]