ကျောက်ဖြစ်ရုပ်ကြွင်းများထဲမှ တွေ့ရှိစိုက်ပျိုးခဲ့ရသောအပင်မျိုးစိတ်ဖြစ်တာကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းသစ်ပင်ဟု ခေါ်ဆိုကြသော ဂင်ဂိုပင်များသည် ယပ်တောင်ပုံစံရွက်နုလှလှလေးများနှင့် အသီးသီးသောအပင်များဖြစ်သည်။ ဆောင်းဦးအရောက်မှာတော့ ရွက်ဝါလေးများအဖြစ်ပြောင်းသွားပြီး လှပစွာကြွေကျသည်။ ကျောက်ဖြစ်ရုပ်ကြွင်းမှယူဆောင်စိုက်ပျိုးခဲ့သောကြောင့် ဂင်ဂိုပင်များ၏ အသက်ရှည်မှုကိုတော့ ယုံမှားသံသယဖြစ်ဖွယ်ရာမရှိပေ။ နှစ်ပေါင်း ၁၄၀၀ ကျော်တိုင်အသက်ရှည်လှပနေသော ကမ္ဘာဦးသစ်ပင်ဟာ တရုတ်နိုင်ငံ Xi’an မြို့တွင်တည်ရှိပြီး သစ်ပင်ကြီးကိုလည်း ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင့် တွေ့ရှိရသည်။ ပုံထဲမှာတွေ့ရှိရသည့် ကမ္ဘာ့သက်ရှည်ပင်တည်ရှိရာ နေရာဟာလည်း တရုတ်ရှေးဟောင်း ဘုရားကျောင်း ပရဝုဏ်အတွင်းမှာဖြစ်ပြီး ဆောင်းဦးရောက်တိုင်း ပန်းသတင်းလေညင်းဆောင်သလို ထပ်ခါကျော်ကြားလာပြန်သည့် Ginkgo သစ်ပင်၏အကြောင်းကို အင်တာနက်အသုံးပြုသူများ စိတ်ဝင်စားနေကြသည်။ ၆၁၈ ခုနှစ်မှာ ၉၀၇ အထိအုပ်စိုးခဲ့သည့် တန်မင်းဆက်လက်ထက်တွင် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး နှစ်တစ်ထောင်ကျော်သက်တမ်းရှိနေခြင်းကြောင့် ကမ္ဘာဦးသစ်ပင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည့် ရှေးဟောင်းသစ်ပင်စာရင်းထဲ ထည့်သွင်းထားလိုက်ကြပြီဖြစ်သည်။ […]