ရန်ကုန်မြို့အခြေစိုက် Charis Co., Ltd စက်ရုံသည် အချိန်ပိုဆင်းရန်ငြင်းဆန်သည့် အလုပ်သမားနှစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဆိုသည့် စက်ရုံတာဝန်ရှိသူကို အရေးယူရန်တောင်းဆိုခဲ့ကြသော အလုပ်သမားများထဲမှ အနည်းဆုံး ၁၄ ဦးကို နိုဝင်ဘာ ၉ ရက်မှစတင်၍ အလုပ်ထုတ်လိုက်သည်ဟု အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများကဆိုသည်။ လှိုင်သာယာစက်မှုဇုန် မြစိမ်းရောင်လမ်းရှိ ကြွေထည်ရုပ်ထုနှင့် ပန်းပုရုပ်ထုများထုတ်လုပ်သည့် ထိုစက်ရုံသည် အလုပ်သမားများအား ကတိပေးထားသည့်ဆုကြေးများပေးရန် ပျက်ကွက်ခဲ့ကြောင်း၊ ထိုအချက်ကြောင့် အမျိုးသမီဝန်ထမ်းနှစ်ဦးသည် အချိန်ပိုဆင်းရန်ငြင်းဆန်ခဲ့ပြီး၊ လုပ်ဖော်ကိုင်ဖက် များကိုလည်း အချိန်ပိုမဆင်းရန်တိုက်တွန်းခဲ့သည်ဟု အလုပ်သမားများထံမှသိရသည်။ အချိန်ပိုဆင်းရန် ငြင်းဆန်သည့် အဆိုပါအလုပ်သမားနှစ်ဦးကို ပြီးခဲ့သည့် အောင်တိုဘာ ၃၀ ညနေပိုင်းတွင် ကုမ္ပဏီဒါရိုက်တာက ‘မပြန်ရဘူး’ ဟုဆိုကာ လက်မောင်းဆွဲ၍ ဆောင့်တွန်းခဲ့ကြောင်း အလုပ်သမားများဘက်က ဆိုသည်။ ယင်းအဖြစ်အပျက်တွင် ကျူးလွန်သူကိုအရေးယူပေးရန် စက်ရုံအလုပ်သမား ၂၀၀ ကျော်သည် […]
ပို့ကုန်ချေးငွေများနှင့် အလွဲသုံးစားလုပ်သည်ဆိုကာ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အောက်တိုဘာထုတ် မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။ နိုင်ငံခြားသုံးငွေနှင့် နိုင်ငံတကာငွေပေးချေမှုများအတွက် အခရာအကျဆုံး နိုင်ငံပိုင်ဘဏ်ကြီးဖြစ်သည့် MFTB ဦးဆောင်ညွှန်ကြားရေးမှူး၊ သူ၏ ကိုယ်ရေးအရာရှိ ဒေါ်မြတ်ဆု၊ ဒုတိယအထွေထွေ မန်နေဂျာ ဦးအောင်ကိုဦး၊ လက်ထောက်မန်နေဂျာ ဒေါ်အေးအေးခိုင်တို့ကို ယခုနှစ် ဇူလိုင်တွင် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့သည်။ စစ်ဆေးခံရသည့် ဝန်ထမ်းအချို့ပြန်လည်လွတ်မြောက်လာသော်လည်း ဒေါ်ကေသီကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်သည့်အပြင် တရားစွဲဆိုထားမှုလည်းရှိရာ စီရင်ချက်ချမှတ်ထားပြီး ဖြစ်နိုင်ကြောင်း MFTB ဘဏ်နှင့်နီးစပ်သူတစ်ဦးက Myanmar Now ကိုပြောသည်။ ဒေါ်ကေသီကို တရားစွဲဆိုမှုများနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ စစ်ကောင်စီက ဒေါ်ကေသီကို ဖမ်းဆီးစစ်ဆေးနေချိန် MFTB ဘဏ်လုပ်ငန်းကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) […]