ကမ္ဘာ့နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူ အရေအတွက်မှာ ဆီးရီးယားနိုင်ငံကိုကျော်တက်ပြီး အများဆုံးနိုင်ငံဖြစ်လာကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ၏ စစ်တမ်းမှာ ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများထဲတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကြောင့် သေဆုံးသူနှင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်ရသည့် ဖြစ်စဉ်အများဆုံး ဖြစ်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း သိရသည်။ “မြေမြုပ်မိုင်းကြောင့် အသေအပျောက်အများဆုံး နိုင်ငံစာရင်းမှာတော့ မြန်မာပြီးရင် ဆီးရီးယား၊ ယူကရိန်းနဲ့ အာဖဂန်နစ္စတန်တို့ရပ်တည်နေတယ်” ဟု စစ်တမ်းတွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြေမြှုပ်မိုင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပြီး စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်မှာလည်း မြေမြုပ်မိုင်းများရှိလာကြောင်း ICBL စစ်တမ်းက ဆိုသည်။ မြန်မာနိုင်ငံမှာ ပြီးခဲ့သည့်နှစ်က […]
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၄ အရေအတွက် ပိုများပြီး မကြာခဏ ကျူးလွန်လာတဲ့ စစ်ရာဇဝတ်မှုတွေ အင်္ဂလိပ်ဘာသာနဲ့ War Crime လို့ ခေါ်ဆိုတဲ့ စစ်ရာဇဝတ်မှုတွေက မြန်မာနိုင်ငံရဲ့ ၃ နှစ်ကျော်ဝန်းကျင်ရှိလာတဲ့ ပြည်တွင်းစစ်ကာလအတွင်း စစ်ဆင်ရေးတွေ လုပ်ဆောင်စဥ်နဲ့ လက်နက်ကိုင်တိုက်ပွဲတွေ အတွင်း ဖြစ်ပွားနေတဲ့ အနေအထားဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုထားသလဲ လေ့လာကြည့်တဲ့အခါ လက်နက်ကိုင်တပ်ဖွဲ့တွေက နိုင်ငံတကာ စစ်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေ၊ လိုက်နာရမယ့် စည်းမျဥ်းတွေကို ချိုးဖောက်ပြီး အရပ်သားတွေကို သတ်ဖြတ်တာ၊ နှိပ်စက်ညှင်းဆဲတာ၊ အရပ်သားနေအိမ် အဆောက်အဦတွေကို မီးရှို့တာ ဖျက်ဆီးတာ၊ အဓမ္မပြုကျင့်တာ၊ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တာ၊ နှိပ်စက်ညှင်းပန်းတာတွေကို စစ်ရာဇဝတ်မှုလို့ ဖွင့်ဆိုပါတယ်။ အခုလို ကျူးလွန်မှုတွေကို နိုင်ငံလို လက်နက်ကိုင်တပ်လို အစုအဖွဲ့ အနေထက် […]
Reuters တရုတ် အစိုးရသည် လူဦးရေ လျော့နည်းကျဆင်းလာမှုကို မြှင့်တင်ရန် မူဝါဒအချို့ ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ပထမ ကိုးလအတွင်း ထိမ်းမြားလက်ထပ်ခြင်း မှတ်ပုံတင်မှု အရေအတွက် ကျဆင်းသွားကြောင်း လူမှုရေးရာဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်သည်။ ယခုနှစ် ပထမသုံးလပတ်တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် စုံတွဲပေါင်း ၄ ဒသမ ၇၄၇ သန်း က ထိမ်းမြားလက်ထပ်ရန် စာရင်းသွင်းခဲ့ကြောင်း ကိန်းဂဏန်းများအရ သိရသည်။ အဆိုပါ အချက်အလက်အရ ယခင်နှစ်များထက် ၉၄၃,၀၀၀ လျော့ကျသွားကြောင်း Reuters သတင်းဌာနမှ တွက်ချက်ဖော်ပြသည်။ တရုတ်အစိုးရ က နောက်ဆုံးရရှိသော အချက်အလက်များကို နိုဝင်ဘာ ၁ တွင် ထုတ်ပြန်သည်။ ၂၀၂၃ ခုနှစ် ပထမကိုးလအတွင်း လက်ထပ်ထိမ်းမြားခြင်း မှတ်ပုံတင်မှု အရေအတွက် သန်း […]