ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၆ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘အကြမ်းဖက် စစ်ကောင်စီကို အရေးယူဖို့ အမေရိကန်နဲ့ ထိုင်း သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီဟေ့။ အမေရိကန် သံအမတ်ကြီး အမိန့်ဆိုးကြီး ထုတ်ပြန်’ လို့ ရေးသားထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် စစ်ကောင်စီကို အရေးယူဖို့ အမေရိကန်နဲ့ ထိုင်း လက်မှတ်ထိုးတယ်ဆိုတဲ့ အကြောင်းအရာကို […]