ylliX - Online Advertising Network

နျူကလီးယားအရေး ဥရောပ အင်အားကြီး ၃ နိုင်ငံနဲ့ အီရန် ဆွေးနွေးမည်

ကုလသမဂ္ဂအနုမြူ အေဂျင်စီ (IAEA) က အီရန်နိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ၊ အီရန်က သူ့ရဲ့ အငြင်းပွားစရာ နျူးကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ဥရောပက အင်အားကြီးနိုင်ငံ ၃ နိုင်ငံနဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ ဂျပန်နိုင်ငံက ကျိုဒိုသတင်းအေဂျင်စီက ဒီနေ့ပြောပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေက အဆိုပြုတဲ့ ဆုံးဖြတ်ချက်ကို အီရန်ဘက်က ယူရေနီယမ် သန့်စင်ဖို့အတွက် ပိုပြီးအဆင့်မြင့်တဲ့ ဗဟိုခွါစက်အသစ်တွေ တည်ဆောက်သွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အီရန်အစိုးရကတော့ အမေရိကန်မှာလာမယ့် ဇန်နဝါရီလမှာ ရွေးကောက်ပွဲ အနိုင်ရ ဒေါ်နယ်ထရမ့် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင် နျူးကလီးယားအရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတာပါ။ ဆွေးနွေးပွဲကို လာမယ့်သောကြာနေ့မှာ လုပ်သွားမှာ ဖြစ်တယ်လို့ […]

အီရန် တရုတ်နဲ့ မြန်မာစစ်ခေါင်ဆောင်ကို လက်စားချေဖို့ ထရမ့် ကတိပြုတယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Burma News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ထမင်းဝအောင်စားထားကြ။ Trump လက်စားချေပြီ။ Trump ဒဲ့ကြေညာထားပြီ။ အီရန်၊ တရုတ်နဲ့ စောက်ပု လက်စားချေဖို့ ကတိပြုလိုက်ပြီ။ အားရစရာကြီးဗျို့’ လို့ ရေးသား ထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် အီရန်၊ တရုတ်နဲ့ မြန်မာစစ်ခေါင်ဆောင်ကို လက်စားချေဖို့ ထရမ့် ကတိပြုတယ်ဆိုတဲ့ […]