အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကို အသုံးချ၍ အာရှတွင် ဆိုးဝါးသောအကျပ်အတည်း ပေါ်ပေါက်လာစေရန် လုပ်ဆောင်နေကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Andrei Rudenko က ပြောဆိုသည်ဟု တာ့စ် သတင်းဌာနက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့ပြီး ထိုင်ဝမ်နှင့် ပတ်သက်သော တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို မော်စကိုက ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ဝါရှင်တန်သည် ၎င်းတို့ထောက်ခံထားသည့် တရုတ်တစ်နိုင်ငံတည်းမူကို ချိုးဖောက်၍ လက်ရှိအနေအထားကို ထိန်းသိမ်းထားသည်ဆိုသော ကြွေးကြော်မှုအောက်တွင် ထိုင်ဝမ်နှင့် စစ်ရေး၊ နိုင်ငံရေးဆက်ဆံမှု အားကောင်းလာသကဲ့သို့ လက်နက်ရောင်းချပေးမှုများလည်း တိုးမြှင့်လာသည်ကို မြင်တွေ့နေရသည်ဟု Rudenko က နိုင်ငံပိုင်သတင်းဌာနကို ပြောဆိုခဲ့သည်။ ဒေသတွင်းအရေးအရာများတွင် အမေရိက၏ ယင်းကဲ့သို့ သိသာထင်ရှားသော ဝင်ရောက်စွက်ဖက်မှုများ၏ ရည်ရွယ်ချက်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ရန်စရန်နှင့် ၎င်းတို့ကိုယ်ကျိုးစီးပွားကိုက်ညီစေရန် အာရှတွင် အကျပ်အတည်းဖန်တီးရေးဖြစ်သည်ဟု ၎င်းက ဆိုခဲ့သည်။ […]