ylliX - Online Advertising Network

ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက်စကားပြော – Western News

(ထိုင်းနိုင်ငံသည် အမေရိကန်နှင့်လက်တွဲရန် အဆင်သင့်ရှိနေ) ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာ (Paetongtarn Shinawatra) က Trump နှင့် တယ်လီဖုန်းဆက် စကားပြောခဲ့ပြီး အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ‘ငါလုပ်နိုင်တာမှန်သမျှ မင်းငါ့ကိုပြောပြပါ’ ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ ၀န်ကြီးချုပ် ပေထုန်တန် သည် အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump နှင့် ဖုန်းခေါ်ဆိုခဲ့ကြောင်း ၎င်း၏ရုံးက ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်က ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံး၏ အုပ်ချုပ်ရေးပိုင်းကို အချင်းချင်း ပံ့ပိုးပေးမည်ဟု ကတိပြုခဲ့သည်။ စက်တင်ဘာလတွင် တက်လာပြီး ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်သည့် မစ္စ ပေထုန်တန်က ၎င်း၏ နိုင်ငံသည် အမေရိကန်နှင့် လက်တွဲရန် အဆင်သင့်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပြီး […]

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန် လီမာမြို့၌ တွေ့ဆုံဆွေးနွေး

လီမာ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်နှင့် လီမာမြို့၌ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့် ၄ နှစ်ကြာကာလက တရုတ်-အမေရိကန် ဆက်ဆံရေးသည် အတက်အကျအပြောင်းအလဲများကို ဖြတ်သန်းခဲ့ရသော်လည်း တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် နှစ်ဖက်အဖွဲ့ကို လမ်းညွှန်ကာ ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် တရုတ်-အမေရိကန် ဆက်ဆံရေး၏ လမ်းညွှန်အခြေခံမူအချို့ကို အတည်ပြုခဲ့ကြောင်း၊ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မှန်ကန်သည့်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိအောင် အတူတကွ တွန်းအားပေးခဲ့ရာ ညှိနှိုင်းဆွေးနွေးမှု ယန္တရား ၂၀ ကျော်ကို ပြန်လည်တည်ဆောက်မှုနှင့် အသစ်တည်ဆောက်မှုပြုနိုင်ခဲ့ကြောင်း၊ […]

စိုးရိမ်ဖွယ် မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေး

ရုရှားကို မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်တဲ့အပေါ် မှာ နိုင်ငံတကာ အထူးသဖြင့် အနောက်မဟာမိတ်တွေက စိုးရိမ်နေကြပါတယ်။ ဒီလို စေလွှတ်တဲ့အတွက် ယူကရိန်းစစ်ပွဲ ပိုမိုကျယ်ပြန့်လာနိုင်ပါသလား။ အနောက်မဟာမိတ်တွေနဲ့ တကွ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်စတဲ့ အရှေ့ဖျားနိုင်ငံတွေရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးပွဲ အစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင် မေးမြန်းဆွေးနွေးထားပါတယ်။ မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ရုရှားက ယူကရိန်းကို တိုက်လာတာ သုံးနှစ်ကျော်လာပါပြီ။ အခုကြတော့မှ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် တစ်သောင်းလောက်ကို ရုရှားမှာ သင်တန်းတွေပေးတယ်။ နောက် နယ်စပ်ကို တပ်ဖွဲ့ဝင်တွေကို နေရာချထားပေးတယ်။ အဲဒါ ဘာဖြစ်လို့ပါလဲ။ ရုရှားဘက်က အရေးနိမ့်လာတဲ့ အခြေအနေ ဖြစ်လာလို့ပါလား။ ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ […]

အီလွန်မက်ဦးဆောင်မယ့် အစိုးရထိရောက်မှုဆိုင်ရာ ဌာနအသစ် ထရမ့်ဖွဲ့စည်း

အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတအသစ် ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ အစိုးရအသစ်အတွက် အစိုးရထိရောက်မှုဆိုင်ရာဌာန (DOGE) အသစ် တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ဌာနကို ကမ္ဘာ့ထိပ်တန်းသူဌေး အီလွန်မက် (Elon Musk) နဲ့ ရီပတ်ဘလီကန်ရဲ့ သမ္မတလောင်းဟောင်း ဗီဗက်ခ်ရာမာဆွာမီ (Vivek Ramaswamy) တို့က ဦးဆောင်မှာ ဖြစ်တယ်လို့ ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်နေ့က ပြောပါတယ်။   ဌာနသစ်ရဲ့ အဓိကရည်ရွယ်ဟာ အစိုးရဗျူရိုကရေစီစနစ်ကို ဖြိုချဖို့၊ မလိုအပ်တဲ့ စည်းမျဉ်းတွေကို လျှော့ချဖို့နဲ့ ဖက်ဒရယ်အစိုးရဌာနတွေ ပြန်လည်ဖွဲ့စည်းဖို့အတွက် ဖြစ်တယ်လို့ ထရမ့်က ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။   Forbes မဂ္ဂဇင်းရဲ့ အဆိုအရ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နဲ့ လျှပ်စစ်ကားကုမ္ပဏီ Tesla၊ လူမှုကွန်ရက် X (ယခင် Twitter) […]

Trump ကို လုပ်ကြံဖို့ အီရန်စီစဉ်မှု တရားရေးဌာန ဖော်ထုတ်

Trump ကိုလုပ်ကြံဖို့ အီရန်စီစဉ်မှု တရားရေးဌာန ဖော်ထုတ်US announces charges in alleged Iranian plot to assassinate Trump အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အခုအနိုင်ရထားတဲ့ Donald Trump နဲ့ လူသိများတဲ့ အီရန်နွယ်ဘွား အမေရိကန် သတင်းထောက်တယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ အီရန်က စီစဉ်ခဲ့တယ်လို့ အစိုးရရှေ့နေတွေ ပြောကြားလိုက်ပါတယ်။ ဒီစီစဉ်မှုတွေအတွက် အာဖဂန်လူမျိုးတယောက်နဲ့ New York မှာနေသူ ၂ ယောက်ကို အမေရိကန်တရားရေးဌာနက တရားစွဲထားပါတယ်။ အီရန်မှာ အင်အားရှိတဲ့ တော်လှန်ရေး တန်ပြန်အထူးတပ်က Trump ကို လုပ်ကြံဖို့အတွက် အာဖဂန်လူမျိုး Farhad Shakeri ကို အောက်တိုဘာလတုန်းက ငှားရမ်းတာဝန်ပေးခဲ့တယ်လို့ တရားရေးဌာနက ပြောပါတယ်။ လက်ရှိ အီရန်မှာ ရှိနေတယ်လို့ […]

သမ္မတဖြစ်လာပြီးနောက် ထရမ့်ရဲ့ ရှယ်ယာတွေ တက်လာ

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအသစ်ဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်ပြီးတဲ့နောက် သူပိုင်ဆိုင်တဲ့ Trump Media & Technology Group ရှယ်ယာတွေ စံချိန်တင်မြင့်တက်လာခဲ့တယ်လို့ နယူးယောက်က ငွေကြေးလုပ်ငန်း ဗဟိုဈေးကွက် (Wall Street) ရဲ့ အချက်အလက်တွေ အရ သိရပါတယ်။   ရွေးကောက်ပွဲအပြီး ပထမဆုံးရုံးဖွင့်ချိန်မှာ ထရမ့်ရဲ့ ရှယ်ယာတွေဟာ ၃၅ ရာခိုင်နှုန်း တက်လာခဲ့ပြီး ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးဟာ ဒေါ်လာ ၉ ဘီလီယံအထိ ရောက်ရှိခဲ့ပါတယ်။ ထရမ့်ရဲ့  ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ တန်ကြေးရှိတဲ့ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှု အစုရှယ်ယာပေါင်း ၁၁၄ ဒသမ ၇၅ သန်းရဲ့  တန်ဖိုးဟာ ရွေးကောက်ပွဲနေ့မှာ ၅ ဒသမ ၃ ဘီလီယံအထိ […]

အမေရိကန်ရဲ့ ပထမဆုံးရွေးကောက်ပွဲ

၁၇၈၈ ကနေ ၁၇၈၉ ခုနှစ်အတွင်းကျင်းပခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး သမ္မတရွေးကောက်ပွဲမှာ ပြည်နယ် ၁၀ ခုပဲ ပါဝင်ခဲ့ပြီး အနိုင်ရမယ့်သူကိုလည်း ကြိုသိနေပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီရွေးကောက်ပွဲက အခုမျက်မှောက်ခေတ်သစ်အထိ ရေရှည်တည်တံ့တဲ့ ဒီမိုကရေစီ ထုံးတမ်းစဉ်လာတခုကို အစပြုဖန်တီးပေးခဲ့တာပါ။ Source link

အမေရိကန်ရဲ့ နိုဝင်ဘာ ၅ ရွေးကောက်ပွဲအတွက် ၅၃ သန်းကျော် ကြိုတင်မဲပေးပြီးပြီလို့ဆို

အမေရိကန်ပြည်ထောင်စုမှာ လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် လူပေါင်း ၅၃ သန်းကျော်ဟာ ကြိုတင်မဲပေးပြီးသွားပြီလို့ ဖလော်ရီဒါတက္ကသိုလ်ရဲ့ ကြိုတင်မဲ စောင့်ကြည့်လေ့လာမှု အချက်အလက်တွေအရ သိရပါတယ်။   မဲပေးပိုင်ခွင့်ရှိသူ ၁၈၆ သန်းကျော်ရှိတဲ့ အနက် ၅၃ သန်းကျော်က ကြိုတင်မဲပေးခဲ့တာကြောင့် မဲပေးပိုင်ခွင့်ရှိသူ သုံးပုံတစ်ပုံနီးပါးက ကြိုတင်မဲ ပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။   လက်ရှိမှာ သမ္မတလောင်းတွေဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီက ကမ်မလာဟဲရစ်နဲ့ ရီပတ်ဘလီကန်ပါတီက ဒေါ်နယ်ထရမ့်တို့ကတော့ ရွေးကောက်ပွဲမတိုင်ခင်နောက်ဆုံးပတ်မှာ မဲဆွယ်စည်းရုံးမှုတွေကို တောက်လျှောက်ဆိုသလို လုပ်ဆောင်နေပါတယ်။   လက်ရှိပေးပြီးသွားတဲ့ ကြိုတင်မဲတွေထဲက ၃၉ ရာခိုင်နှုန်းဟာ ဒီမိုကရက်ပါတီအဖြစ် မှတ်ပုံတင်ထားသလို ၃၆ ရာခိုင်နှုန်းကတော့ ရီပတ်ဘလီကန်ပါတီအဖြစ် မှတ်ပုံတင်ထားတယ်လို့လည်း အချက်အလက်တွေအရ သိရပါတယ်။   ဒါ့အပြင် […]

အမေရိကန် သမ္မတရွေးကောက်ပွဲ နောက်ဆုံးမောင်းတင် ယှဉ်ပြိုင်ချိန်တွင် “ထူးဆန်းထွေလာ လက္ခဏာများ” မကြာခဏ ပေါ်ထွက်လာ

ပေကျင်း/ဝါရှင်တန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ယခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲသည် နိုဝင်ဘာ ၅ ရက် ဖြစ်သည်။ ရွေးကောက်ပွဲရက် နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲအားပြိုင်မှုများ နောက်ဆုံး မောင်းတင် အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန် ပါတီနှစ်ရပ်၏အင်အား မတိမ်းမယိမ်းရှိနေရာ မဲဆွယ်စည်းရုံးမှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည့် တစ်ချိန်တည်းတွင်ပင် အပြန်အလှန်တိုက်ခိုက်မှုမီးအရှိန်က ပို၍ ပြင်းထန်လာသည်။ အမေရိကန် နယ်ပယ်အသီးသီးက အထူး စိုးရိမ်နေကြရာ လူထုသဘောထားပြောဆိုမှုများပွက်ပွက်ညံလျက်ရှိပေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် “ထူးဆန်းထွေလာ ကိစ္စများ” က စုပြုံပြီး ထွက်ပေါ်လာသည်။ အမေရိကန် မီဒီယာနှင့် ပညာရှင်များက ဤ “ထူးဆန်းထွေလာ လက္ခဏာများ” ၏ နောက်ကွယ်တွင် နိုင်ငံရေး အကြောင်းရင်း ရှိသလို အကျိုးစီးပွားချိန်ညှိမှုလည်း ရှိသည်ဟု […]

အမေရိကန်ရွေးကောက်ပွဲ ဘယ်သူနိုင်မလဲ ခန့်မှန်းရခက်နေဆဲ

လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပတော့မယ့် အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ပွဲဟာ နှစ်ပတ်ဝန်းကျင်ပဲလိုပါတော့တယ်။   ဒါပေမဲ့ သမ္မတလောင်းတွေဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီက ကမ်မလာဟဲရစ်နဲ့ ရီပတ်ဘလီကန်ပါတီက ဒေါ်နယ်ထရမ့်တို့နှစ်ယောက်မှာ ဘယ်သူနိုင်မလဲဆိုတာ အခုအချိန်ထိ ကြိုတင်ခန့်မှန်းဖို့ ခက်နေဆဲဖြစ်တယ်လို့ အမေရိကန်နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။   မီချီဂန်၊ ပန်ဆယ်ဗေးနီးယားနဲ့ ဝစ်စ်ကွန်ဆင် စတဲ့နေရာတွေဟာ ဒီမိုကရက်တွေအတွက် အောင်မြေတွေဖြစ်ပါတယ်။ အဲဒီနယ်မြေတွေမှာ ဒီမိုကရက်တွေ အမြဲအနိုင်ရလေ့ရှိတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။   ဒါပေမဲ့ အဲဒီနယ်မြေတွေမှာကိုပဲ အကြိုစစ်တမ်းရလဒ်တွေအရ ဟဲရစ်ဟာ ထရမ့်ထက် တစ်မှတ်လောက်ပဲ အသာရနေတဲ့ အနေအထားဖြစ်ပါတယ်။   ဒါကြောင့် ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲဟာ ဘယ်လောက်ပြိုင်ဆိုင်မှု ပြင်းထန်မယ်ဆိုတာကို တွေ့မြင်နိုင်သလို ဘယ်သူနိုင်သွားမလဲဆိုတာ ခန့်မှန်းဖို့မလွယ်ကူတဲ့ အခြေအနေဖြစ်စေပါတယ်။ အဲဒီပြည်နယ်သုံးခုမှာ အခုလိုဖြစ်တာက နှစ်ပေါင်း […]