ပေကျင်း/ဝါရှင်တန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
ယခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲသည် နိုဝင်ဘာ ၅ ရက် ဖြစ်သည်။ ရွေးကောက်ပွဲရက် နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲအားပြိုင်မှုများ နောက်ဆုံး မောင်းတင် အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန် ပါတီနှစ်ရပ်၏အင်အား မတိမ်းမယိမ်းရှိနေရာ မဲဆွယ်စည်းရုံးမှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည့် တစ်ချိန်တည်းတွင်ပင် အပြန်အလှန်တိုက်ခိုက်မှုမီးအရှိန်က ပို၍ ပြင်းထန်လာသည်။ အမေရိကန် နယ်ပယ်အသီးသီးက အထူး စိုးရိမ်နေကြရာ လူထုသဘောထားပြောဆိုမှုများပွက်ပွက်ညံလျက်ရှိပေသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် “ထူးဆန်းထွေလာ ကိစ္စများ” က စုပြုံပြီး ထွက်ပေါ်လာသည်။ အမေရိကန် မီဒီယာနှင့် ပညာရှင်များက ဤ “ထူးဆန်းထွေလာ လက္ခဏာများ” ၏ နောက်ကွယ်တွင် နိုင်ငံရေး အကြောင်းရင်း ရှိသလို အကျိုးစီးပွားချိန်ညှိမှုလည်း ရှိသည်ဟု ရှုမြင်ကြသည်။ ဤရွေးကောက်ပွဲက အမေရိကန်ကို မည်သည့်အလားအလာသို့ တွန်းပို့လိမ့်မည်ကို အများက စိုးရိမ်ပူပန်ကြ၏။
ထရမ့်က ထူးထူးဆန်းဆန်း ကြိုတင် မဲပေးရန် နှိုးဆော်
“ဟဲလို၊ ကျွန်မက လာရာ ထရမ့်ပါ၊ ထရမ့် သမ္မတမဲဆွယ်စည်းရုံးရေးအဖွဲ့ ကိုယ်စား ကျွန်မတို့အနေနဲ့ ရွေးကောက်ပွဲမတိုင်မီ ကြိုတင်မဲ ပေးကြစေလိုပါတယ်… ရွေးကောက်ပွဲယှဉ်ပြိုင်မှု အကြိတ်အနယ် ဖြစ်နေပါတယ်၊ အောင်မြင်မှုတွေကို လှည့်ဖျားကစားလို့မရအောင် ကျွန်မတို့ရဲ့ မဲအရေအတွက်က အရမ်းမြင့်နေမှ ရပါမယ်” ဟူသော ဤစကားမှာ ရီပက်ဘလစ်ကန် အမျိုးသားကော်မတီ (RNC) ပူးတွဲ ဥက္ကဋ္ဌ လာရာ ထရမ့် အသံသွင်းထားသည့် ဖုန်းစကားပြောသံ ဖြစ်သည်။ လာရာ ထရမ့်သည် ရီပက်ဘလစ်ကန် ပါတီ သမ္မတလောင်း၊ သမ္မတဟောင်း ထရမ့်၏ ချွေးမလည်းဖြစ်သည်။
အောက်တိုဘာလဆန်းမှစ၍ ဤအသံမက်ဆေ့ပါ “စက်ရုပ်ဖုန်း” ခေါ်ဆိုမှု အနည်းဆုံး ၂၈၆,၀၀၀ ကျော်သည် ပင်ဆယ်ဗေးနီးယား၊ ဂျော်ဂျီယာ၊ အရီဇိုးနား စသည့် အချက်အချာကျသည့် ဘက်ပြောင်းနိုင်သည့် အဓိက ပြည်နယ်များရှိ မဲဆန္ဒရှင်များကို ဆက်သွယ်ခဲ့ကြောင်း ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။
ယခုနှစ် အစောပိုင်းတွင် လာရာ ထရမ့်က အခြားအသံတစ်ခုကို သွင်းခဲ့ကြောင်း၊ အကြောင်းအရာမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ စာတိုက်မဲ မသမာမှုအပေါ် မေးခွန်းထုတ်ခြင်း ဖြစ်ကြောင်း CNN က မကြာသေးမီ ထုတ်ဖော်ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် ထရမ့်သည် ထိုနှစ်ရွေးကောက်ပွဲအတွင်း စာတိုက်မဲနှင့် ကြိုတင်မဲပေးမှုများတွင် မဲမသမာမှု အကြီးအကျယ်ရှိသည်ဟု အခိုင်အမာ ယူဆခဲ့ရာ ဒီမိုကရက်တစ်ပါတီဘက်ကမူ သက်သေမရှိသည့် “လုပ်ကြံပြောဆိုမှု” ဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော် ယခုနှစ် သမ္မတရွေးကောက်ပွဲတွင် ထရမ့်၏ သဘောထားများက ပြောင်းလဲသွားပြီး ရီပက်ဘလစ်ကန် ပါတီ မဲဆန္ဒရှင်များကို ကြိုတင်မဲပေးရန် တိုက်တွန်းခဲ့ရာ အရှေ့အနောက်မညီသည့် သတင်းစကားကြောင့် အမေရိကန်နိုင်ငံ ဘက်ပေါင်းစုံက အလေးထားစောင့်ကြည့်နေကြပေသည်။
သာမန်အားဖြင့်ဆိုသော် ဒီမိုကရက်တစ်ပါတီ မဲဆန္ဒရှင်များက စာတိုက်မဲနှင့် ကြိုတင်မဲပေးရန် အားသန်ကြပြီး ရီပက်ဘလစ်ကန် ပါတီ မဲဆန္ဒရှင်များကမူ ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲပေးလေ့ရှိသည်။ ယခုနှစ်တွင် ကြိုတင်မဲပေးပြီးသော သို့မဟုတ် ကြိုတင်မဲပေးရန် အစီအစဉ်ရှိသည့် မဲဆန္ဒရှင်များတွင် အများစုက ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဒုတိယ သမ္မတ ဟားရစ်ကို ထောက်ခံသူများ ဖြစ်ပြီး ရွေးကောက်ပွဲနေ့တွင် မဲပေးရန် စီစဉ်သူအများစုမှာ ထရမ့်ကို ထောက်ခံသူများဖြစ်ကြောင်း NBC ၏ နောက်ဆုံး လူထုစစ်တမ်းကောက်ယူချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အမေရိကန် ပြည်နယ် အများအပြားက ကြိုတင်မဲပေးရန် သို့မဟုတ် စာတိုက်မဲပေးရန် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ဂျော်ဂျီယာပြည်နယ်၌ ကြိုတင်မဲပေးသည့် ပထမနေ့တွင်ပင် လူပေါင်း ၃၂၈,၀၀၀ ကျော် မဲပေးပြီးဖြစ်ရာ ယင်းပြည်နယ်၏ သမိုင်းမှတ်တမ်းကို များစွာကျော်လွန်၍ စံချိန်သစ်တင်နိုင်ခဲ့သည်။ ယင်းမှာ ယခုနှစ် အမေရိကန် ရွေးကောက်ပွဲ၏ အပြင်းအထန် အကြိတ်အနယ်ဖြစ်နေသည့် အနေအထားကို ထင်ဟပ်ကြောင်း BBC ဆောင်းပါးတွင် ဖော်ပြထားသည်။
အမေရိကန် မီဒီယာနှင့် ပညာရှင်များက ရီပက်ဘလစ်ကန် ပါတီ မဲဆန္ဒရှင်များကို ကြိုတင်မဲပေးရန် ထရမ့်က ထူးထူးဆန်းဆန်းတိုက်တွန်းနေခြင်းမှာ ၎င်းနှင့် ဟားရစ် အနိုင်အရှုံး အပြင်းအထန် အားချင်းပြိုင်နေသည့် အနေအထားကို ထင်ဟပ်ကြောင်း၊ ရီပက်ဘလစ်ကန် မဲဆန္ဒရှင်များ၏ ကာလကြာရှည် မဲပေးပုံအလေ့အထကို ချက်ချင်း ပြောင်းလဲမည် မဟုတ်သော်လည်း ၎င်းအနေဖြင့် ဒီမိုကရက်တစ်ပါတီတစ်ခုတည်း ကြိုတင်မဲ၏ အားသာချက်နှင့် ပေါ်လွင်ထင်ရှားမှုကို မရယူစေလိုခြင်း ဖြစ်သည်ဟု ယူဆကြသည်။
နာမည်ကြီး အကျော်အမော်များ ပါဝင်ကာ “အကြီးအကျယ် လောင်းကြေးထပ်လာကြ”
အမေရိကန်သိပ္ပံနည်းပညာကဏ္ဍ လုပ်ငန်းရှင်၊ စူပါ သူဌေးကြီး အီလွန်မက်စ်က အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ချက် အမှတ် ၁ နှင့် အမှတ် ၂ အား ထောက်ခံသည့် အွန်လိုင်းတောင်းဆိုချက်ကို အင်တာနက်တွင် မကြာသေးမီက စတင်ခဲ့ပြီး ရီပက်ဘလစ်ကန်ပါတီက ထရမ့်ကို ထောက်ခံရန်အတွက် အမေရိကန်သမ္မတ ရွေးကောက်ပွဲနေ့မတိုင်မီ အဆိုပါတောင်းဆိုချက်တင်ပြလွှာတွင် လက်မှတ်ရေးထိုးသော “ဘက်ပြောင်းနိုင်သည့် အဓိကပြည်နယ်များ” ရှိ မှတ်ပုံတင်ထားသော မဲဆန္ဒရှင်များအား ကံစမ်းမဲနှိုက်သည့် ပုံစံဖြင့် ဒေါ်လာ ၁ သန်း ချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က အီလွန်မက်စ်သည် ဆိုရှယ်ပလက်ဖောင်း X တွင် ဧရာမချက်လက်မှတ်ကြီးကိုင်ဆောင်ထားသော “မဲပေါက်သူ ၈ ဦး” ဓာတ်ပုံများကို တစ်ဆင့်ပြန်လည်မျှဝေခဲ့သည်။
“ဘက်ပြောင်းနိုင်သည့် အဓိကပြည်နယ်များ” ရှိ ယှဉ်ပြိုင်မှုအခြေအနေသည် ယခုနှစ် သမ္မတရွေးကောက်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ပေးမည်ဖြစ်ပြီး ၎င်းပြည်နယ်များတွင် ထရမ့်နှင့် ဟားရစ်တို့၏ ယှဉ်ပြိုင်မှုအခြေအနေမှာ အနိုင်အရှုံးခွဲခြားရန် ခက်ခဲသည်ဟု အမေရိကန် ရွေးကောက်ပွဲနှင့် စစ်တမ်းကောက်ပညာရှင်များ၏ လေ့လာသုံးသပ်မှုများအရ သိရသည်။ ရိုက်တာသတင်းဌာန၏ ဆောင်းပါးတွင် “ဒီငွေတွေကတော့ အီလွန်မက်စ်က သူရဲ့ ကြီးမားတဲ့ ငွေကြေးဓနကို အသုံးချပြီး ထရမ့်နဲ့ ဟားရစ်ကြား ပြင်းထန်သော ရွေးကောက်ပွဲတိုက်ပွဲကို လွှမ်းမိုးတဲ့ အသစ်ဆုံးသော ဥပမာတစ်ခုဖြစ်တယ်” ဟု ရေးသားထားသည်။
ထရမ့် အမေရိကန်နိုင်ငံ သမ္မတဖြစ်ခဲ့စဥ်က အီလွန်မက်စ်သည် ၎င်း၏ ဝေဖန်သူဖြစ်ခဲ့ဖူးသည်။ ၂၀၂၂ ခုနှစ်တွင် အီလွန်မက်စ်သည် ယခင်က အခြေအနေအများစုတွင် ဒီမိုကရက်ပါတီဝင်များကို မဲပေးခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် ရီပက်ဘလစ်ကန်ပါတီဝင်များကို မဲပေးရန် စီစဉ်နေကြောင်း ပြောကြားခဲ့ဖူးသည်။ ယခုနှစ်တွင် ၎င်းသည် ထရမ့်၏ မဲဆွယ်စည်းရုံးမှုကို ပံ့ပိုးရန် “American Political Action Committee” ကို တည်ထောင်ခဲ့ပြီး ယခုအချိန်အထိ အဖွဲ့အစည်းအတွက် ရန်ပုံငွေ အနည်းဆုံး ကန်ဒေါ်လာ ၇၅ သန်း ပံ့ပိုးပေးပြီးဖြစ်သည်။
အီလွန်မက်စ် “ဘက်ပြောင်းလိုက်ခြင်း” တွင် အကြောင်းရင်းများစွာရှိကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြခဲ့သည်။ အီလွန်မက်စ်သည် ဂြိုဟ်တုများ၊ လျှပ်စစ်ကားများ၊ ဦးနှောက်ချိ(ပ်)များ၊ ဉာဏ်ရည်တု(AI)စက်ရုပ်များနှင့် ပတ်သက်သည့် ကုမ္ပဏီလုပ်ငန်းအများအပြားကို ပိုင်ဆိုင်ထားပြီး အဆိုပါကုမ္ပဏီများသည် ပြည်ထောင်စုအစိုးရ၏ စာချုပ်များနှင့် စည်းမျဉ်းစည်းကမ်းများအပေါ်တွင် မှီခိုနေရကြောင်း၊ ဘိုင်ဒန်အစိုးရအုပ်ချုပ်သည့် လွန်ခဲ့သော လေးနှစ်တာကာလအတွင်း ၎င်းအပေါ် ဆက်ဆံမှုက လွန်စွာ အေးစက်ခဲ့သည်။ ထို့အပြင် တက်စ်လာသည် အလုပ်သမားသမဂ္ဂဖွဲ့စည်းခြင်းမရှိသောကြောင့် မော်တော်ကားထုတ်လုပ်ရေး အလုပ်သမားသမဂ္ဂအဖွဲ့သည် ဒီမိုကရက်တစ်ပါတီ၏ မဲဂိုဒေါင် ဖြစ်ရာ ဘိုင်ဒန်သည် အထွေထွေမော်တော်ကားထုတ်လုပ်ရေးနှင့် ဖို့ဒ်မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီကို လူသိရှင်ကြား ထောက်ခံအားပေးသော်လည်း တက်စ်လာကို “ပစ်ပယ်ထား” ကြောင်း၊ ယင်းနှင့်ပတ်သက်၍ အီလွန်မက်စ်က အလွန်အမင်း မကျေမနပ်ဖြစ်ခဲ့ကြောင်း ထောက်ပြခဲ့သည်။
ဟားရစ်သည်လည်း နာမည်ကြီး အကျော်အမော်များ၏ အားပေးကူညီမှုကို ရယူခဲ့သည်။ ယခုနှစ် စက်တင်ဘာလတွင် ပင်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့၌ ဟားရစ်နှင့် ထရမ့်တို့ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ရုပ်မြင်သံကြား စကားစစ်ထိုးပွဲအပြီးတွင် ဆိုရှယ်မီဒီယာပေါ်၌ ပရိသတ်သန်းရာနှင့်ချီရှိသော “ထိပ်တန်း” အမေရိကန်ဖျော်ဖြေရေးစူပါစတား Taylor Swift က ယခုနှစ် သမ္မတရွေးကောက်ပွဲတွင် ၎င်းသည် ဟားရစ်ကို မဲပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ဂျော့ကလူနီ၊ အန်း ဟသာဝေးနှင့် ဂျနီဖာ လောရင့်စသည့် ဟောလိဝုဒ်စူပါစတားများစွာတို့ကလည်း ဟားရစ်ကို “ထောက်ခံ”ခဲ့ကြသည်။
သို့သော် အကျော်အမော်များ၏ “ထောက်ခံမှု” သည် ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုရှိနိုင်သည်။ ဗြိတိန် ပြည်သူ့သဘောထား စစ်တမ်းကောက်ယူရေး ကုမ္ပဏီမှ အချက်အလက်များအရ ဖြေဆိုသူငါးပုံတစ်ပုံခန့်က Taylor Swift ၏ “ထောက်ခံမှု” သည် ဟားရစ်အား မဲပေးရန် စိတ်အားထက်သန်မှု လျော့နည်းစေသည်ဟု ဖြေဆိုခဲ့ကြောင်း သိရသည်။ အမေရိကန် Quinnipiac တက္ကသိုလ်၏ စက်တင်ဘာလ စစ်တမ်းတစ်ခုတွင် ဖြေဆိုသူ ၂၁ ရာခိုင်နှုန်းက အီလွန်မက်စ်၏ “ထောက်ခံမှု” သည် ထရမ့်အား မဲပေးရန် စိတ်အားထက်သန်မှုအပေါ် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိလာသည်ဟု ဖော်ပြခဲ့သည်။
နိုင်ငံရေး အကြမ်းဖက်မှုများ ပို၍ ပြင်းထန်လာ
လွန်ခဲ့သည့် သုံးလအတွင်း ထရမ့်သည် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု အများအပြားနှင့် ကြုံတွေ့ခဲ့ရပြီး အရီဇိုးနားပြည်နယ်တစ်နေရာရှိ ဟားရစ်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့ ရုံးခန်း သေနတ်ပစ်ခတ် ဖျက်ဆီးမှုများခံခဲ့ရသည်… ယခုနှစ် အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် နိုင်ငံရေး သဘောထား အစွန်းရောက်လာခြင်း နှင့် လူထုအမြင် ခွာပြဲမှုများ ပိုမိုဆိုးရွားလာသည့် တစ်ချိန်တည်းတွင်ပင် နိုင်ငံရေး အကြမ်းဖက်မှုများလည်း ပို၍ ပြင်းထန်လာခဲ့သည်။
လက်ရှိ မြင့်မားစွာ တင်းမာနေသော နိုင်ငံရေးနှင့် လူထုအမြင် ပတ်ဝန်းကျင်တွင် ကိုယ်စားလှယ်လောင်းများ တိုက်ခိုက်ခံရခြင်းမှာ မလွဲမသွေနီးပါးဖြစ်ကြောင်း အမေရိကန် Carnegie Endowment for International Peace ၏ ဒီမိုကရေစီ၊ ပဋိပက္ခနှင့် စီမံခန့်ခွဲရေး စီမံကိန်းမှ အကြီးတန်းလေ့လာသုံးသပ်ရေးမှူး Rachel Kleinfeld က ထောက်ပြခဲ့သည်။
ထရမ့်နှင့် ဟားရစ် နှစ်ဦးစလုံးသည် နိုင်ငံရေးအကြမ်းဖက်မှုကို ရှုတ်ချခဲ့သော်လည်း၊ အင်အားစုကြီး နှစ်ခုကြား၏ အပြန်အလှန်တိုက်ခိုက်မှုများမှာ ခဏပင် ရပ်တန့်ခဲ့ခြင်း မရှိလုနီးပါးဖြစ်သည်။ “လူလိမ်” နှင့် “ရာဇ၀တ်ကောင်” ကဲ့သို့သော အစွန်းရောက်စကားလုံးများမှာလည်း မရိုးတန်း ထွက်ပေါ်လာခဲ့သည်။ ရွေးကောက်ပွဲနေ့ နီးကပ်လာသည်နှင့်အမျှ နှစ်ဖက်စလုံး၏ အပြောအဆိုများသည် ပိုမိုကြမ်းတမ်းလာသည်။ ပင်ဆယ်ဗေးနီးယားပြည်နယ် Latrobe မြို့တွင်ကျင်းပသော စုဝေးပွဲ၌ ထရမ့်က ဟားရစ်သည် ဒီမိုကရက်တစ်ပါတီ၏ လက်ဝဲယိမ်းအဖွဲ့ဝင်အချို့ထက် “အစွန်းရောက်ပြီး ရူးသွပ်တယ်” ဟု အပြင်းအထန် တိုက်ခိုက်ပြောဆိုခဲ့သည်။
ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့တွင် ကျင်းပသော စုဝေးပွဲတစ်ခု၌ ဟားရစ်သည် ထရမ့်၏ အသက်အရွယ်နှင့် ကာယကြံ့ခိုင်မှုကို တိုက်ခိုက်ခဲ့ပြီး ထရမ့်သည် “တွေးခေါ်နိုင်စွမ်းမရှိခြင်း” ကို လှောင်ပြောင်ခဲ့သည်။
သမ္မတရွေးကောက်ပွဲကြီး နီးကပ်လာသည်နှင့်အမျှ အမေရိကန် နိုင်ငံရေး သဘောထား အစွန်းရောက်လာခြင်းမှာ နေ့စဉ်ရက်ဆက်ပြင်းထန်လာကာ ပါတီနှစ်ခုကြား အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက် အရှိန်အဟုန်မြင့်တက်လာပြီး အမေရိကန်ပြည်သူများ၏ နိုင်ငံရေး အကြမ်းဖက်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများမှာ သိသိသာသာ နက်ရှိုင်းလာခဲ့သည်။
အလားအလာရှိသော အမေရိကန်မဲဆန္ဒရှင် လေးပုံသုံးပုံခန့်က ယခုနှစ် သမ္မတရွေးကောက်ပွဲ ရလဒ်ထွက်လာပြီးနောက် နိုင်ငံရေးအကြမ်းဖက်မှုများ ဖြစ်ပေါ်မည်ကို အလွန်စိုးရိမ်နေကြသည် သို့မဟုတ် အနည်းငယ်စိုးရိမ်နေကြသည်ဟု Quinnipiac တက္ကသိုလ်၏ စက်တင်ဘာလ စစ်တမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။ အဆိုပါတက္ကသိုလ်မှ စစ်တမ်း လေ့လာသုံးသပ်သူ Tim Malloy က မဲဆန္ဒရှင်အများစုသည် နိုင်ငံရေးစကားအရှိန် မြင့်မားလာကာ နိုင်ငံရေးအကြမ်းဖက်မှု၏ မီးစဖြစ်လာမည်ကို စိုးရိမ်မိကြသည်ဟု ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
国际观察|美国总统选战最后冲刺“怪现象”频出
新华社北京/华盛顿10月27日电(记者孙丁 熊茂伶)今年美国总统选举日为11月5日。随着选举日的临近,选战进入最后冲刺阶段,民主、共和两党阵营势均力敌,在各自积极造势拉票的同时,也加大了相互攻击的火力。美国各界高度紧张,舆论场一片喧嚣。
如此背景下,一系列选举“怪现象”涌现。在美国媒体和专家看来,这些“怪现象”背后有政治因素,也有利益考量。这场选举究竟会把美国带向何处?许多人感到焦虑和担忧。
特朗普反常呼吁提前投票
“你好,我是拉拉·特朗普,代表特朗普总统竞选团队,我们希望你在选举日之前投票……选情十分胶着,我们的投票率必须很高,让胜利不被操弄。”这是由共和党全国委员会联合主席拉拉·特朗普录制的电话语音信息。拉拉·特朗普是共和党总统候选人、前总统特朗普的儿媳。
有数据显示,从10月初开始,估计至少有28.6万个带有这段语音信息的“机器人电话”打给了宾夕法尼亚、佐治亚、亚利桑那等关键摇摆州选民。美国有线电视新闻网日前披露,今年早些时候,拉拉·特朗普还录过另一段语音,内容是质疑2020年大选邮寄选票舞弊。
在2020年大选败选后,特朗普坚持认为当年选举中的邮寄投票和提前投票存在大规模选举舞弊,民主党方面则称之为没有证据的“阴谋论”。然而,在今年总统竞选中,特朗普改变态度,呼吁共和党选民提前投票,前后矛盾的信息引起美国多方关注。
通常来说,民主党选民更倾向于邮寄投票和提前投票,而共和党选民更多在选举日当天投票。美国全国广播公司最新一项民调显示,今年已经提前投票或计划提前投票的选民中,大部分支持美国副总统、民主党总统候选人哈里斯,而大部分打算在选举日当天投票的人支持特朗普。
目前,美国绝大多数州都开放了提前投票或邮寄投票。在佐治亚州提前投票首日,就有超过32.8万人完成投票,大幅刷新该州历史记录。英国广播公司文章说,这折射出今年美国大选的白热化程度。
美国媒体和专家认为,特朗普一反常态呼吁共和党选民提前投票,反映出他同哈里斯对决的激烈程度,虽然无法一下子改变共和党选民长期以来的投票习惯,但他不想让民主党独享提前投票的优势和曝光度。
名人名流入场“豪赌”
美国科技企业家、超级富豪埃隆·马斯克近期在网上发起一项支持美国宪法第一修正案和第二修正案的在线请愿书,以支持共和党人特朗普并宣布在美国大选选举日前,以抽签形式每天向一名签署该请愿书的“摇摆州”注册选民发放100万美元。马斯克日前在社交平台X上转发了8位“获奖者”手持巨幅支票的照片。
据美国选举和民调专家分析,“摇摆州”的战况将决定今年总统选举的结果,而特朗普和哈里斯在“摇摆州”的选情难分上下。路透社文章写道:“这笔钱是马斯克利用其巨大财富影响特朗普同哈里斯激烈选战的最新例证。”
特朗普担任美国总统时,马斯克曾是他的批评者。2022年,马斯克曾表示,他此前绝大多数情况把票投给民主党人,但接下来打算给共和党人投票。今年,他为支持特朗普竞选成立了“美国政治行动委员会”,迄今已为该组织提供至少7500万美元的资金。
有分析指出,马斯克“倒戈”有多重原因:马斯克拥有一系列涉及卫星、电动汽车、大脑芯片和人工智能机器人的企业,这些企业严重依赖联邦政府的合同和规则。而拜登政府过去四年对其相当冷淡。此外,特斯拉不组建工会,而汽车制造业工会是民主党票仓,拜登公开支持通用汽车公司和福特汽车公司发展电动汽车产业,却“冷落”特斯拉,马斯克对此极为不满。
哈里斯同样在争取名人名流助阵。今年9月,哈里斯同特朗普在宾夕法尼亚州费城举行的总统竞选电视辩论结束后,美国“顶流”娱乐巨星、在社交媒体上拥有数亿粉丝的泰勒·斯威夫特宣布将在今年总统选举中为哈里斯投票。此外,乔治·克鲁尼、安妮·海瑟薇、珍妮弗·劳伦斯等一众好莱坞巨星也都“背书”哈里斯。
不过,名人的“背书”效果可能适得其反。英国舆观调查公司9月一项数据显示,约五分之一的受访者表示斯威夫特的“背书”会降低他们对哈里斯的投票热情。美国昆尼皮亚克大学9月的民调也显示,21%的受访者表示马斯克的“背书”会反向影响他们对特朗普的投票热情。
政治暴力愈演愈烈
过去三个多月里,特朗普已经历多次未遂刺杀,哈里斯竞选团队在亚利桑那州的一处办公室遭枪击破坏……今年美国大选在政治极化和舆论撕裂加剧的同时,政治暴力也愈演愈烈。
美国智库卡内基国际和平研究院民主、冲突和治理项目高级研究员蕾切尔·克莱因菲尔德指出,在当前高度紧张的政治和舆论环境下,候选人被袭击几乎是不可避免的。
尽管特朗普和哈里斯都谴责政治暴力,但两大阵营之间的相互攻击几乎一刻没有停止,“骗子”“罪犯”等极端言语层出不穷。随着选举日临近,双方言语越来越粗鲁。特朗普日前在宾夕法尼亚州拉特罗布市举行的集会上猛烈抨击哈里斯,称哈里斯比民主党一些左翼人士还要“激进和疯狂”。在佐治亚州亚特兰大市举行的一场集会上,哈里斯攻击特朗普的年龄和体力,讽刺特朗普“无法进行思考”。
大选在即,随着美国政治极化日趋严重,两党相互攻击不断升级,美国民众对政治暴力的担忧明显加深。昆尼皮亚克大学9月一项民调显示,约四分之三的美国潜在选民表示,他们非常担心或有些担心今年总统选举结果出来后会发生政治暴力事件。该大学民调分析师蒂姆·马洛伊说,许多选民担心政治言论的升温沸腾会成为政治暴力的导火索。
1. 这是2023年1月20日在美国首都华盛顿拍摄的白宫。新华社记者 刘杰 摄
2. 7月18日,美国前总统特朗普(前排左二)和共和党副总统候选人万斯(前排右二)在共和党全国代表大会上向观众致意。新华社记者 吴晓凌 摄
3. 这是4月2日在美国加州圣布鲁诺一处停车场拍摄的特斯拉汽车。新华社发(李建国摄)
4. 这张9月10日在美国费城总统辩论媒体中心拍摄的视频直播画面显示,美国副总统、民主党总统候选人哈里斯(右)和美国前总统、共和党总统候选人特朗普在费城参加电视辩论。新华社记者 李睿 摄