ylliX - Online Advertising Network

အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည် – iMyanmarHouse.com

ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များနှင့် ဝိုင်ဝါသနာကြီးသူများ တဆိတ်လောက် အာရုံစိုက်ပေးပါ။ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသူများအတွက် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်မှာ တကယ်အမိုက်စား အငှားချအိမ် ၄ လုံးပါတဲ့ ခြံဝန်းကြီးတစ်ခု အရောင်းဈေးကွက်ဝင်နေသည်။ ခြံဝန်းအကျယ် ၅ ဒသမ ၁၂ ဧကရှိပြီး ကန်ဒေါ်လာ ၂ သန်းကျော်လေးသာ ဈေးခေါ်ထားသည်။ အတိအကျဆိုလျှင် ကန်ဒေါ်လာ ၂ ဒသမ ၃၅ သန်းဖြစ်သည်။ ဝိုင်စည်ကြီး ၄ ခုထဲမှာ Cabin အိမ် ဆောက်ထားတဲ့ အိမ် ၄ လုံးပါဝင်သည်။ အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်၊ Fredericksburg မြို့တွင်ရှိသည်။ အရောင်းကြော်ငြာတွင် ဖော်ပြချက်အရ Hickory Haus ဟု အမည်ပေးထားသော ပင်မအိမ်တွင် အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း […]

အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ်လာ ၂၅၀ ဖြင့် အငှားဈေးကွက်တင်လာ၊ ငှားရမ်းမည့်သူအနေဖြင့် မိတ်ဆွေသူငယ်ချင်းများ ခေါ်ယူခွင့်မရှိဟုဆို – iMyanmarHouse.com

မြို့ပြလူနေမှုတွင် အသက်ပင် ဝဝရှူမရသည့် အခန်းကျဉ်းကလေးများဖြင့် နေထိုင်ဖြတ်သန်းရသော်လည်း ဈေးနှုန်းမှာ ခေါင်ခိုက်နေပြီး အိမ်ငှားဈေးကွက်မှာ ရက်စက်လွန်းလှသည်။ ထိုအခြေအနေထက် ပိုမိုကျပ်တည်းစွာ လှေကားခွင်အောက်တွင် နေထိုင်ရမည်ဆိုလျှင် မည်သို့ရှိမည်နည်း။ အမေရိကန်ပြည်၊ San Jose သည် ကမ္ဘာ့နည်းပညာဗဟိုချက်ဟုဆိုနိုင်သော Silicon Valley တည်ရှိသည့်နေရာဖြစ်ကာ အိမ်ခြံမြေအလွန်ဈေးကြီးသည်။ ယခုအခါ San Jose မှ အမျိုးသားတစ်ဦးက သူ၏ အိမ်ခန်းမှ လှေကားခွင်နေရာကို တစ်လလျှင် ဒေါ်လာ ၂၅၀ ဖြင့် CraigsList အိမ်ခြံမြေဝက်ဘ်ဆိုက်မှတဆင့် အငှားဈေးကွက်တင်လာသည်။ အကျယ်အဝန်းမှာ ၃ ပေ×၁၀ ပေသာရှိပြီး လက်ရှိအားဖြင့် အကာအရံ တံခါးမျိုး မရှိ။ ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြသည်မှာ ယာယီအကာအရံတစ်ခုခုဖြင့် ကာနိုင်ကြောင်းဖော်ပြထားရာ privacy အပြည့်အဝ ရရှိမည်ကား မဟုတ်ချေ။ ငှားရမ်းမည့် […]

မက်စ် အမည်ရှိ ခွေးကလေးက မြို့တော်ဝန်အဖြစ် အုပ်ချုပ်နေသော အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယား ပြည်နယ်က တောင်ပေါ်မြို့လေး – iMyanmarHouse.com

[Unicode] အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ တောင်ပေါ်မြို့လေးမှာ ဝန်းကျင်ရှိ အခြားသော tourist hotspot များထက် တမူကွဲထွက်နေသောကြောင့် လည်ပတ်ရန် ကျော်ကြားသည့်နေရာဖြစ်လာသည်။ အိုင်ဒဲဝိုင်း (Idyllwild) ဟုအမည်ရသောမြို့လေးဖြစ်ပြီး San Jacinto တောင်တန်းပေါ်တွင် တည်ရှိကာ လော့စ်အိန်ဂျလိမြို့မှ ၂ နာရီခရီးခန့် ဝေးကွာသည်။ လူဦးရေ ၄၀၀၀ ခန့်သာရှိသောမြို့လေးဖြစ်သည်။ အိုင်ဒဲဝိုင်းတွင် နှင်းလျှောစီး အပန်းဖြေစခန်းမရှိ၊ Starbuck ဆိုင်များမရှိ၊ မီးပွိုင့်များမရှိကြောင်း SFGates က ဖော်ပြသည်။ အသက် ၃၀ အရွယ်ရှိ ဒေသခံတစ်ဦးဖြစ်သူ Chris Perreault က SFGates သတင်းဌာနသို့ “ဒီအနေအထားကို ကျွန်တော်တို့ သဘောကျပါတယ်။ မြို့ငယ်လေးဖြစ်တာ ကျွန်တော်တို့ကြိုက်တယ်။ တမျိုးတဘာသာ ကွဲပြားတာကို ကြိုက်တယ်။ ကျွန်တော်တို့က မြို့ကြီးဖြစ်မှာကို မကြိုက်ပါဘူး” […]

အမေရိကန်ပြည်၊ ဝါရှင်တန်တွင် နေအိမ်ခြံဝန်းအတွင်း ရက်ကွန်းဝံ အကောင် ၁၀၀ ကျော်ရောက်နေကာ နောက်မှ တကောက်ကောက်အလိုက်ခံနေရသဖြင့် အခက်ကြုံနေသူ အမျိုးသမီးတစ်ဦး – iMyanmarHouse.com

[Unicode] အမေရိကန်ပြည်၊ ဝါရှင်တန်ပြည်နယ်၊ Kitsap ခရိုင်ရှိ Sheriff (ခရိုင်ရဲမှူး- ပြည်သူတို့ ရွေးကောက်မှုဖြင့် ခန့်အပ်လေ့ရှိ) ရုံးမှ လက်ထောက်အရာရှိတို့ထံ တိရ စ္ဆာန်များနှင့် စပ်လျဉ်းပြီး မကြာခဏ ဖုန်းဆက်တိုင်ကြားမှုများ ရှိသည်။ မွေးမြူရေးခြံများမှ လွတ်ထွက်လာသော တိရ စ္ဆာန်များကိစ္စ၊ ခွေးတို့၏ ပြဿနာရှာမှုများအကြောင်း ဖြစ်တတ်သည်။ သို့သော် 911 ထံ ဖုန်းဆက်လာမှုများအနက် Poulsbo မြို့အနီးတွင် နေထိုင်သော အမျိုးသမီးတစ်ဦးက သူ၏ ခြံဝန်းအတွင်း ရက်ကွန်းဝံ အကောင်ရေများစွာ သွားလာနေပြီး မိမိနောက်သို့ တကောက်ကောက် လိုက်နေ ကြောင်း အကြောင်းကြားလာမှုမှာ ထူးခြားနေသည်။ (မှတ်ချက်။ ရက်ကွန်းသည် ဝံမျိုးစိတ်ဝင်ဖြစ်ပြီး မြောက်အမေရိက မျိုးရင်းဖြစ်သည်။ ဝံမျိုးစိတ်ဆိုသော်လည်း အလျား ၁၆ လက်မမှ ၂၈ လက်မအထိသာရှိသည်။ […]

အိမ်တစ်လုံးတည်းသာ ပိုင်သော အမေရိကန်ပြည်၏ အသက်အရှည်ဆုံးသမ္မတ ဂျင်မီကာတာနှင့် သူ၏နေအိမ် – iMyanmarHouse.com

[Unicode] (ဂျင်မီကာတာ ဘယ်သူလဲ)) ဂျင်မီကာတာ (မွေး ၁၉၂၄) သည် အမေရိကန်ပြည်ထောင်စု၏ ၃၉ ဆက်မြောက် သမ္မတကြီးအဖြစ် ၁၉၇၇ မှ ၁၉၈၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဂျင်မီကာတာသည် အမေရိကန်ပြည် ရာဇဝင်တွင် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူများအနက် အသက်အရှည်ဆုံးဖြစ်ပြီး ယခုနှစ်တွင် အသက် ၁၀၀ ပြည့်ခဲ့ကာ အသက် ၁၀၀ အထိ ရှင်သန်နေထိုင်နိုင်သည့် ပထမဆုံးအမေရိကန်သမ္မတလည်း ဖြစ်သည်။ အမေရိကန်ရေတပ် စစ်တက္ကသိုလ်မှ ကျောင်းဆင်းဖြစ်ပြီး ရေငုပ်သင်္ဘောတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင် ခဲ့သည်။ စစ်ဘက်မှ အနားယူချိန်တွင် မိသားစု၏ မြေပဲစိုက်ပျိုးရေးလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ခဲ့သည်။ ၁၉၇၁ မှ ၁၉၇၅ ခုနှစ်အထိ ဂျော်ဂျီယာပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် အမေရိကန်သမ္မတအဖြစ်ရွေးကောက်ခံခဲ့ရသည်။ ((သမ္မတဟောင်း ဂျင်မီကာတာ၏ […]