နိုင်ငံတကာသာဂိ (မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၄ နိုဝင်ဘာ ၅၊ ၂၀၂၄ အမေရိကန် အထွေထွေရွေးကောက်ပွဲကနေ စိန်ခေါ်သူ ထရန့်နဲ့ ရီပတ်ဘလစ်ကန်ပါတီတို့ ဒီမိုကရက်တွေကို သောင်ပြိုကမ်းပြို အနိုင်ရသွားပါပြီ။ အနိုင်ရလိုက်သမှ သမ္မတ၊ အထက်လွှတ်တော်၊ အောက်လွှတ်တော် အားလုံး အသာစီးရသွားတယ်လို့ ဆိုပါတယ်။ အမေရိကန်၏ ဗဟိုတရားရုံးတော်မှာလည်း ထရန့် ခန့်ခဲ့တဲ့ တရားသူကြီးများ ဦးရေ အသာစီးရနေတာမို့ ဘာလုပ်လုပ် ထရန့်နဲ့ ရီပတ်ဘလစ်ကန်ပါတီ လုပ်သမျှ အကုန်တင့်တယ်၊ ဂုဏ်တင့်တယ်တော့မယ်လို့ ဆိုနိုင်ပါတယ်။ ရှေးရိုးစွဲတွေ လက်ယာစွန်းတွေ လူမျိုးကြီးဝါဒီတွေကတော့ လက်ခမောင်းခတ်ကြပါတယ်။ အဲသည်ထဲမှာ ဘာမဆိုင် ညာမဆိုင် ဒီမိုကရက်တွေ လစ်ဘရယ်တွေကို မျက်မုန်းကျိုးနေသူတွေ ဂျန်းလီးတွေကလည်း တပြုံတမကြီး ဆွမ်းကြီးဝင်လောင်းကြပါတယ်။ သူတို့ ပြောချင်တာက ထရန့်နဲ့ လက်ယာစွန်းတွေ ရှေးရိုးစွဲတွေ […]