ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန်ဘောမြို့နယ်ထဲမှာ ထိုင်းနိုင်ငံက ကျန်းမာရေးအရ တားမြစ်ထားတဲ့ E-cigarettes အီးစီးကရက် ထုတ်လုပ်နေတဲ့လုပ်ငန်းခွင်တခုကို ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်စီးနင်းရာ မြန်မာအမျိုးသမီး ၂၀ကျော်ဖမ်းဆီးခံရပါတယ်။ ဖမ်းဆီးခံရတဲ့မြန်မာအမျိုးသမီး ၂၀ကျော်ထဲမှာ တဝက်လောက်က အလုပ်အကိုင်ခွင့်မရှိ အထောက်အထားမဲ့တွေဖြစ်တယ်လို့လည်း သိရပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန်ဘော မြို့နယ်ထဲမှာ ထိုင်းနိုင်ငံက ကျန်းမာရေးအရ တားမြစ်ထားတဲ့ E-cigarettes အီးစီးကရက်ထုတ်လုပ်နေတဲ့ လုပ်ငန်းခွင်တခုကို ဝင်ရောက်စီးနင်းရာ မြန်မာအမျိုးသမီးအလုပ်သမား ၂၀ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံက ၂၀၁၄ခုနှစ်ကစပြီး တားမြစ်ထားတဲ့ အီးစီးကရက်တွေကို ထုတ်လုပ်နေတာကို သတင်းရတာကြောင့် ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၁၈ရက်နေ့က ရှောင်တခင်ဖမ်းဆီးရင်း မြန်မာအမျိုးသမီးအလုပ်သမား ၂၀ကျော်ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက အခုလိုပြောပါတယ်။ “သူတို့က ဘန်ကောက်မြို့နယ်ထဲမှာရှိတဲ့ဘန်ဘောမြို့နယ်ထဲမှာ E-cigarettes […]
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အရပ်သား အမျိုးသား ၅ ဦးကို အာရက္ခတပ်တော် (AA ) က ဖမ်းဆီး သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေကြောင်း ဒေသခံများထံက သိရသည်။ ဆမီးမြို့၊ ဝက်မကျေးရွာမှ အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံများဖြစ်သည့် ဦးအေး လွင်၊ ဦးကြာလုံး၊ ဦးဝင်းကြည်၊ ဦးကြာဝှက်၊ ဦးမန်းနှေးတို့သည် ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တစ်ခုကို ထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် အောက်တိုဘာ ၁၄ ရက်နေ့တွင် ဖမ်းဆီးခံရကြောင်း၊ မည်သည့်နေရာတွင် ချုပ်နှောင်ခံနေရသည်ကို မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။ ဇန်နဝါရီလဆန်းကတည်းက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် သုံးပွင့်ဆိုင် နယ်နိမိတ်ထိစပ်နေသည့်၊ ကုလားတန်မြစ် ဖြတ်သန်းစီးဆင်းနေပြီး အချက်အချာကျသည့် ပလက်ဝမြို့ကို AA က သိမ်းပိုက်ထိန်းချုပ် ထားသည်။ AA […]