လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေကိုရပ်တန့်ပြီး ပြုပြင်ပြောင်းလဲဖို့လိုနေပြီဟု ငြိမ်းချမ်းရေးကိုလိုလားတဲ့ EAO ခေါင်းဆောင်တွေ သုံးသပ် ၂၃.၁၁.၂ဝ၂၄Written by K Pyay Thein ယခု နိုဝင်ဘာလအတွင်းမှာ နိုင်ငံရေးပါတီတွေနဲ့ EAO အဖွဲ့တွေသွားရောက်လေ့လာခဲ့တဲ့ အိန္ဒိယနိုင်ငံ ဖက်ဒရယ်လေ့လာရေး ခရီးစဉ်မှာ ရလဒ်ကောင်းတွေများစွာ ရရှိခဲ့တယ်လို့ သိရှိရပြီး လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ လက်နက် ကိုင်ပဋိပက္ခတွေကိုရပ်တန့်ကာ ပြုပြင်ပြောင်း လဲဖို့လည်းလိုနေပြီလို့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့ခေါင်းဆောင်အချို့က သုံးသပ်ပြောကြားလိုက်ပါတယ်။ “အိန္ဒိယကိုသွားခဲ့တဲ့ခရီးစဥ်မှာ ကျွန်မတို့က အိန္ဒိယကိုအုပ်စိုးနေတဲ့ ပုဂ္ဂိုလ်တွေက အိန္ဒိယကို ဘယ်လိုဖွဲ့စည်းခဲ့ကြလဲဆိုတာကို ကျွန်မတို့ လေးလေးနက်နက်လေ့လာခွင့်ရခဲ့တယ်။ အိန္ဒိယနိုင်ငံဖြစ်ပေါ်လာဖို့အတွက် မဟာရာဂျာအုပ်စိုးတဲ့နယ်မြေပေါင်းများစွာကို စည်းရုံးပြီးတော့မှ အိန္ဒိယဆိုတာမျိူးဖြစ်ပေါ်လာအောင် အိန္ဒိယခေါင်းဆောင်တွေက ကြိုးပမ်းခဲ့ကြတယ်။ အိန္ဒိယက ပုဂ္ဂိုလ်တွေဆိုရင် အဲ့မှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့နေရတယ်။ လူမျိုးပေါင်း ၁၀၀၀ […]