စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း အထိနာနေလင့်ကစား အုပ်စုနှစ်စုခွဲကာ ကျေးရွာများကို ၅ ရက်ကြာ ဆက်လက် စစ်ကြောင်းထိုးနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ပြင်းထန်နေသည်။ မန္တလေးမြို့မှ လာသည့် အင်အား ၇၀ ဝန်းကျင်ပါ စစ်ကြောင်းသည် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များအထိုင်ချထားသည့် ဧရာဝတီမြစ်ကမ်းဘေးရှိ သဖန်းဒေါက် ကျေးရွာနှင့် ဆောက်ခြုံပေါက်ကျေးရွာတို့ကို စီးနင်းခဲ့သည်။ တစ်ပြိုင်တည်းမှာပင် မတ္တရာမြို့ပေါ်မှ ထွက်လာသည့် အင်အား ၁၅၀ ကျော်ခန့် ပါဝင်သော စစ်ကြောင်းက မတ္တရာအနောက်မြောက်ဘက် တော်လှန်ရေးတပ်ဖွဲ့များအခြေပြုသည့် မြွေတလှိုင်း၊ ဥဒိန်၊ သူဌေးကုန်း၊ ရှင်လှ၊ ပိုဝ စသော ကျေးရွာတို့ကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ “သဖန်းဒေါက်နဲ့ဆောက်ခြုံပေါက်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိုင်ထားတာ။ အဲဒီဆောက်ခြုံပေါက်နဲ့ ရွှေ ချောင်းရွာဆိုတာကတော့ လယ်ကွက်တွေပဲခြားပြီး (ရွှေချောင်းရွာက) […]