ylliX - Online Advertising Network

မိုးသက်ငြိမ်ဦး – အထီးကျန်ညနေ

(မိုးမခ) နိုဝင်ဘာ ၄ ၊ ၂၀၂၄ အထီးကျန်ခြင်းဟာ ဒဏ်ရာပဲ အိမ်ပြန်ချိန် ညနေခင်းများကို ကြိုလင့်နေသော ကလေးငယ်များ အိမ်ပြန်ချိန် ညနေခင်းများကို စောင့်စားနေသော ကလေးမိဘများ အားလုံးမှာ ဒဏ်ရာတွေရှိတယ် ။ ကျွန်တော့်သမီးငယ်က မေးတယ် ဖေဖေပြန်မလာသေးဘူးလား ကျွန်တော့်သားက ပြောတယ် အဖေ့ဆီ သားတို့ လာခဲ့မယ်  မိသားစု အတူမဆုံနိုင်‌သော ညနေခင်းများက ရှည်လျား‌ ထွေပြားတယ် ။ မိသားစုအပေါ်စိုးရိမ်ပူပန်သောကများကလဲ လေးလံဖိစီးတယ် ။ ဖေဖေ ပြန်မလာသေးဘူးလား… လို့ မမေးလိုက်ရဘဲ ဆုံးပါးကွယ်လွန်သွားသော ကလေးငယ်များ အဖေ့ဆီ လာခဲ့မယ်လို့ မပူဆာလိုက်ရမီ ကြွေလွင့်တိမ်းပါးသွားသောကလေးငယ်များ အိမ်ပြန်ချိန်လမ်းခုလတ် အသက်စွန့်ပေးဆပ်သွားရသော မိဘများ ။ အားလုံးမှာ ဒဏ်ရာတွေရှိတယ် ။ ဘယ်လိုဘ၀တွေလဲ ဘယ်လိုနိုင်ငံတော်လဲ ဘယ်တော့မှ […]