Photos – CTUM Myanmar 001 (မဇ္ဈိမ) ။ ။ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူမည့် အတည်ပြုချက်တရပ်ကို ILO အုပ်ချုပ်မှုကော်မတီ၏ နိုဝင်ဘာလ ၆ ရက်နေ့ အစည်းအဝေးတွင် ချမှတ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အုပ်ချုပ်မှု ကော်မတီအစည်းအဝေးကို (ILO) ဌာနချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အောက်တိုဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကျင်းပခဲ့သည်။ ယခုအတည်ပြုချက်က ၂၀၂၅ နှစ်လယ်တွင် ပြုလုပ်မည့် အဖွဲ့ချုပ်ညီလာခံတွင် စစ်ကောာင်စီကို အရေးယူဖို့ ဆုံးဖြတ်ချက်ချရန် ညွှန်ကြားချက်ပေးလိုက်ခြင်းဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က မဇ္ဈိမကို ပြောသည်။ “လာမယ့် […]
ဧရာဝတီတိုင်းမ်အောက်တိုဘာ ၂၇ ရက် ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်သို့ ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးစနစ် ပေးပို့တာ အပါ အဝင် ဒေါ်လာ (၂) ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချဖို့ အမေရိကန်နိုင်ငံက အတည်ပြု လိုက်ပါတယ်။ မေလအတွင်း လိုင်ချင်တေး သမ္မတဖြစ်လာပြီးနောက် ဒုတိယအကြိမ်အဖြစ် ပြီးခဲ့တဲ့သီတင်းပတ် အတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာအပါအဝင် တရုတ်နိုင်ငံဟာ ထိုင်ဝမ်အ ပေါ် စစ်ရေးဖိအားပေးမှု တိုးမြှင့်လျက်ရှိပါတယ်။ အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ရောင်းချမယ့် စစ်လက်နက်တွေထဲမှာ ဒေါ်လာ ၁ ဒသမ ၁၆ ဘီလီ ယံတန်ကြေးရှိ ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ ခန့်မှန်းချေ ဒေါ်လာ ၈၂၆ သန်းတန်ကြေရှိ ရေဒါစနစ်တွေ ပါဝင်တယ်လို့ ပင်တဂွန်က ပြောပါတယ်။ “အဆိုပြုထားတဲ့ စစ်လက်နက်ရောင်းချမှုဟာ ထိုင်ဝမ်ရဲ့လုံခြုံရေးကို တိုးတက်စေကာ နိုင်ငံရေး […]